Quantcast
Channel: TNA ❃ Tachileik News Agency ❃ www.tachileik.net
Viewing all articles
Browse latest Browse all 18345

တာချီလိတ် အမှတ်(၁)တံတားအား ညပိုင်း အချိန်တိုးမြှင့် ဖွင့်လှစ်တော့မှာ ဖြစ်သည့်အတွက် ကြိုတင်ပြင်ဆင်နေ

$
0
0
မြန်မာ - ထိုင်းနယ်စပ်ဒေသမြို့ဖြစ်သည့် တာချီလိတ်မြို့နယ်ရှိ ထိုင်း - မြန်မာ အမှတ်(၁) ချစ်ကြည်ရေးတံတားအား ညပိုင်း အချိန်တိုးမြှင့်ဖွင့်လှစ်မည့် ကိစ္စကို ၂၀၁၅ခုနှစ် ဇန်န၀ါရီလ (၁)ရက်နေ့မှစ၍ နှစ်နိုင်ငံ သဘောတူညီမှုဖြင့် ဖွင့်လှစ်တော့မည်ဖြစ်ကြောင်း  တာချီလိတ်ခရိုင်လ၀က ဒု-ညွှန်ကြားရေးမှူး ဦးကျော်စွာလွင်မှ အတည်ပြုပြောကြားသည်။


တံတားဖွင့်လှစ်ချိန်ကို ပုံမှန်အချိန်အားဖြင့် မြန်မာစံတော်ချိန် နံနက်(၆)နာရီမှ ညနေ(၆)နာရီအထိ သတ်မှတ်ထားရှိပြီး တိုးမြှင့်အချိန်အဖြစ် ညနေ(၆)နာရီမှ ည(၈း၃၀)နာရီအချိန်ထိ တိုးမြှင့်၍ ဖွင့်လှစ်တော့မှာ ဖြစ်သည်။

ထိုသို့ အချိန်တိုးမြှင့် ဖွင့်လှစ်ပြီးနောက် ညပိုင်း ဖွင့်လှစ်ချိန်များတွင် သွားရောက်လိုသူများ အနေဖြင့် နေ့ပိုင်း တံတားဖွင့်ချိန်ဖြစ်သည့် နံနက်(၆)နာရီမှ ည(၆)နာရီတွင်းသာ ယာယီနယ်စပ်ဖြတ်သန်းခွင့်လက်မှတ်(TBP) ပြုလုပ်ပေးခြင်း နှင့် နယ်စပ်ဖြတ်သန်းခွင့် လက်မှတ်(BP) ထုတ်ပေးခြင်းများကို ပြုလုပ်ပေးမှာဖြစ်ပြီး ညပိုင်း ဖွင့်လှစ်ချိန်မှာတော့ ပြုလုပ်ပေးမှာ မဟုတ်ကြောင်းလည်း သိရသည်။


ညပိုင်း တံတားဖွင့်ချိန်တွင် ဖြတ်သန်းသွားလာခွင့်ပြုထားသည့် ယာဉ်များနှင့် ပတ်သက်၍ "ညပိုင်း တံတားဖွင့်ချိန်မှာ လုံခြုံရေးအရ ပစ္စည်းသယ်ယာဉ်များဖြစ်တဲ့  မှန်လုံကား၊ သုံးဘီးဆိုင်ကယ် နဲ့ ပစ်ကပ်ကားတွေ ကုန်ပစ္စည်းသယ်ယာဉ်တွေကို သွားခွင့်မပေးဘူး၊ ပစ္စည်းတွေကိုလည်း လက်တစ်ဆွဲပဲ ခွင့်ပြုပေးထားပါတယ်၊ ဥပမာ ရေခဲသေတ္တာတွေ၊ ကြီးကြီးမားမား ပစ္စည်းတွေ သယ်လာတယ်ဆိုရင် ချက်ချင်းပဲ ပစ္စည်းကိုရော၊ ယာဉ်ကိုရော လူကိုရော နောက်ပြန် လှည့်ခိုင်းမယ်၊ ထိုင်းဘက် လ၀က ကိုလည်း ပြောထားပြီးပြီ၊  ညပိုင်းတော့ အိမ်သုံးကားတွေ၊ ဆိုင်ကယ်တွေကိုဘဲ ခွင့်ပြုပေးထားပါတယ်.."ဟု တာချီလိတ်ခရိုင်လ၀က ဒု-ညွှန်ကြားရေးမှူး ဦးကျော်စွာလွင်မှ အသိပေးပြောကြားသည်။


ညဖက် လုံခြုံရေးအရ မြန်မာဘက်တွင်  လ၀က နှင့် ရဲတပ်ဖွဲ့  ပူးပေါင်းပြီးတော့ စလိုက်မီးလုံးများ ထိုးကာ ရှာဖွေစစ်ဆေးမှုများ ပြုလုပ်သွားမှာဖြစ်ပြီး မော်တော်ဆိုင်ကယ် နှင့် ကားများအား တစ်ဦးချင်း ရှာဖွေမှာဖြစ်ပြီး ကညန၊ ပို့ဆက်၊ အာမခံ နှင့် စည်ပင်တို့မှ မော်တော်ယာဉ်များအား နံပါတ်မှတ်သား၍ တရားမ၀င် ပစ္စည်းများ သယ်ဆောင်မှု မရှိရလေအောင် ပူးပေါင်း ဆောင်ရွက်သွားမှာဖြစ်သည်။


အမှတ်(၁)တံတား တစ်လျှောက်တွင် အလင်းရောင် ပိုမိုရရှိစေရေးအတွက် မုဒ်ဦးအ၀င်မှ စ၍ LED မီးတိုင် (၁၈)တိုင်ကို ဇန်န၀ါရီလ၏ ပထမအပတ်အတွင်းမှာ တပ်ဆင်သွားမှာဖြစ်ပြီး မုဒ်ဦးအထွက် ထိုင်းဖက် နယ်ခြားမျဉ်းအထိ  LED Slide (500W) မီးလုံး (၄)လုံးကိုလည်း တိုးချဲ့တပ်ဆင်သွားမှာဖြစ်ကြောင်းလည်း သိရသည်။

"ညပိုင်း တံတားဖွင့်တာ ကောင်းတာပေါ့၊ ကျွန်တော်တို့လို နေ့ဘက်မအားတဲ့ လူတွေအနေနဲ့ ညဖက် တံတားဖွင့်ချိန်အတွင်း သွားလည်လို့ ရတယ်၊"ဟု ဘဏ်ဝန်ထမ်းတစ်ဦးကလည်း ပြောသည်။


"ညဖက် တံတားဖွင့်တော့မှာဆိုတော့ ဘာဘဲဖြစ်ဖြစ် မြန်မာဘက်က သွားလည်တဲ့လူတွေ လမ်းကြိုလမ်းကြားတွေမှာ သွားလာတာတော့ သတိရှိသင့်တယ်လို့ ထင်တယ်၊ ဘာဖြစ်လို့လည်းဆိုတော့ နေ့ဖက်တောင် ဘဏ်က ငွေထုတ်တာတွေ၊ လမ်းကြားတွေမှာ ဆီးစစ်ခံရတာတွေ ငွေညှစ်ခံရတာတွေကို ထိုင်းရဲတွေက လုပ်နေတာဆိုတော့ ညဖက် သွားလာရင် သတိလေးနဲ့သွားလာရင် အကောင်းဆုံးဘဲလို့ အကြံပြုချင်ပါတယ်.."ဟု ဒေသခံ ဦးစိုင်းအောင် က ပြောသည်။

ညဖက် တိုးမြှင့်၍ တံတားဖွင့်လှစ်တော့မှာ ဖြစ်သည့်အတွက် ဒီဇင်ဘာလ၏ နောက်ဆုံးအပတ်မှ စ၍ ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်နေလျက်ရှိရာ ဒီဇင်ဘာလ(၂၉)ရက် ညနေပိုင်းက ထိုင်းနိုင်ငံ မယ်ဆိုင်မြို့မှ မီးသတ်ကားများဖြင့် အမှတ်(၁)တံတားပေါ်သို့ လာရောက်ပြီး တံတားတစ်လျှောက်အား ရှင်းလင်းဆေးကြောကြရာ မြန်မာဘက်မှ တာဝန်ရှိသူများကလည်း ၀ိုင်းဝန်း၍ သန့်ရှင်းရေး ဆောင်ရွက်နေကြတာကိုလည်း တွေ့ရသည်။

အမှတ်(၁)တံတားအား အချိန်တိုးမြှင့်၍ ဖွင့်လှစ်မည့်ကိစ္စကို ပြီးခဲ့သော ၂၀၁၄ခုနှစ် ဇန်န၀ါရီလကတည်းက သတင်းများ ထွက်ပေါ်ခဲ့ပြီး ယခု ၂၀၁၅ခုနှစ် ဇန်န၀ါရီလမှသာ အကောင်အထည်ဖော် ဖွင့်လှစ်တော့မှာ ဖြစ်ကြောင်း သိရှိရသည်။

သတင်း ။  ။ ကိုဇောင်း
ဓါတ်ပုံ ။  ။ ဇောင်းညီ
 Tachileik Online News ( www.tachileik.net  ) 

~~~~~~~~~~ ကြော်ငြာ ~~~~~~~~~



Viewing all articles
Browse latest Browse all 18345

Trending Articles


နီနီခင်ဇော်ရဲ့ ခင်ပွန်းဟောင်း “ဦးမျိုးမြင့်သိန်း” ကိုယ်တိုင်...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


အရက်ဖိုးတောင်းသည့် ခင်ပွန်းအား ဇနီးမှ ဓားဖြင့်ထိုး၍ တောင်ကြီး၌ လူသတ်မှုဖြစ်ပွား


မြန်မာတွေ ကြည့်ရှု အဆင်ပြေမယ့် ဇာတ်ကား ရိုက်ကူးတယ် ဆိုသူ စံရတီမိုးမြင့်


ဆားပုလင်းနှင်းမောင်၏ နိဂုံး


မောင်စွမ်းရည် ● ဂျပန်စကားသင် ကျောင်းသား မောင်ဘဂျမ်း


TTA Oreo Gapp Installer


လူ့ဘဝ၏ အနှစ်သာရ တန်ဖိုး


၂၀၁၆ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ အောင်စာရင်းထုတ်ပြန်



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>