Quantcast
Channel: TNA ❃ Tachileik News Agency ❃ www.tachileik.net
Viewing all articles
Browse latest Browse all 18345

ပါလက်စတိုင်းမှာ မိန်းကလေး(၄)ဦးကို အက်ဆစ်နဲ့ ပက်ပြီး အခြားသူတွေကို ၀က်အူလှည့်နဲ့ထိုးဖို့ ရွယ်

$
0
0
ဒီဇင်ဘာလ ဒုတိယအပတ်က အစ္စရေးသိမ်းပိုက်ထားတဲ့ အနောက်ဘက်ကမ်းမှာ ပါလက်စတိုင်းတစ်ဦးက မိန်းကလေး(၄)ဦးကို အက်ဆစ်နဲ့ပက်ခဲ့ပြီး အခြားသူတွေကိုလဲ ၀က်အူလှည့်နဲ့ တိုက်ခိုက်ဖို့ကြိုးစားခဲ့တဲ့ ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
မိသားစုတွေ တင်ဆောင်လာတဲ့ ကားဟာ ဥမင်လိုဏ်ခေါင်းနဲ့ အစ္စရေးတွေရဲ့ စစ်ဆေးရေးဂိတ်ကို ဖြတ်သန်းဖို့ အစစ်ဆေးခံနေစဉ်မှာ မိန်းကလေးတွေကို အတိုက်ခိုက်ခံခဲ့ရတာဖြစ်ကြောင်း တိုက်ခိုက်မှု ဖြစ်ပွားတဲ့နေရာမှာရှိတဲ့ ကာကွယ်ရေးအဖွဲ့ကပြောဆိုလိုက်ပါတယ်။

အသက်(၄၄)နှစ်အရွယ် Nehalin ဆိုသူက အခြားသူတွေကို ၀က်အူလှည့်နဲ့ ထိုးဖို့ လိုက်လံ တိုက်ခိုက်ဖို့ကြိုးစားချိန်မှာ ကာကွယ်ရေးအဖွဲ့က သေနတ်(၂)ချက်ပစ်ခတ်ပြီး ဖမ်းဆီးခဲ့တာပါ။ ပစ်ခတ် ဖမ်းဆီးခံခဲ့ရတဲ့ တရားခံကိုတော့ ဆေးရုံပို့ဆောင်ပြီး ဆေးကုသမှု ခံယူထားတယ်လို့ သိရပါတယ်။

ဂါဇာကမ်းမြောင်ဒေသက ဂျေရုဆလင်မြို့တော်ရဲ့ အရှေ့ခြမ်းနဲ့ အနောက်ခြမ်းမှ (၁၉၆၇)ခုနှစ်က အစ္စရေးနဲ့ ပါလက်စတိုင်းကြား စစ်ဖြစ်ပွားခဲ့ချိန်ကစပြီး ပါလက်စတိုင်းတွေက သီးခြားနိုင်ငံ လိုချင်မှုကြောင့်ဖြစ်ပွားလာတဲ့ စစ်ပွဲက အခုအချိန်ထိ မပြီးစီးနိုင်သေးပါဘူး၊ အခုဖြစ်ပွားတာကလဲ ပါလက်စတိုင်းက ရွာတွေကြားမှာ အခြေချနေထိုင်တဲ့ ဂျူးတွေကြားမှာ ဖြစ်ပွားခဲ့တာပါ။ တင်းမာမှုတွေကတော့ ပိုပိုဆိုးလာပြီး ဒီနှစ်တွေမှာ အကြမ်းဖက်မှုတွေ တော်တော်များလာပါတယ်။

ဘာသာပြန် ။  ။ မင်းသုတ
Ref;nbcnews.com
 Tachileik Online News ( www.tachileik.net  ) 


~~~~~~~~~~ ကြော်ငြာ ~~~~~~~~~


Viewing all articles
Browse latest Browse all 18345

Trending Articles


တာချီလိတ်မြို့မှာ ကျင်းပပြီး နိုင်ငံပေါင်း ၁၉နိုင်ငံက လာရောက်မည့်...


သင့် ကိုယ်လုံးတီး ပုံများ အွန်လိုင်းပေါ် မရောက်ရလေအောင်


Bern , Switzerland, ဆွန်ဇာလန် နိုင်ငံ ၊ ဘန်းမြို့ ရဲ့ သာယာ လှပပြီး ရှု မညီးတဲ့...


ရဟန်းနှင့် ဘွဲ့ဒီဂရီ


ငတုံး ပုံပြင်ကိုအဆုံးသတ်ပေးပါ


မြန်မာတွေ ကြည့်ရှု အဆင်ပြေမယ့် ဇာတ်ကား ရိုက်ကူးတယ် ဆိုသူ စံရတီမိုးမြင့်


(၁၅) မိနစ် တရားထိုင်နည်း


ဒွေး တိမ်တွေ ငိုတဲ့ခဏ ၊ ဒွေး ၊ နန္ဒာလှိုင် ၊ တင့်တင့်ထွန်း ၊ အောင်လွင် ၊ ဆင်မ


ရှမ်းကိုးပြည် တွင်ပါဝင်သော မိုးညှင်းပြည် နှင့် မိုးမိတ်ပြည် ကို ဘုရင့်နောင်...


၆နှစ်ပြည့်ရွှေဝါရောင်တော်လှန်ရေးသို့သမိုင်းအား လိမ်ညှာခဲ့သော...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>