Quantcast
Channel: TNA ❃ Tachileik News Agency ❃ www.tachileik.net
Viewing all articles
Browse latest Browse all 18345

တာချီလိတ်မြို့နယ်၏ အကြီးမားဆုံး စာကြည့်တိုက်အဖြစ် ဖွင့်လှစ်မည့် "ရည်ညွှန်းစာကြည့်တိုက်"အတွက် မည်သူမဆို ပါဝင်လှူဒါန်းနိုင်

$
0
0
မြန်မာ - ထိုင်း - လာအို တြိဂံဒေသဖြစ်ပြီး နယ်စပ်ဒေသမြို့ဖြစ်သည့် တာချီလိတ်ခရိုင်၊ တာချီလိတ်မြို့နယ် အတွင်း၌ ရှိသော တိုင်းရင်းသားများနှင့် လုပ်သားပြည်သူများအတွက် အသိဉာဏ် ဗဟုသုတများ တိုးပွားစေရန် အလို့ငှာ တာချီလိတ်မြို့နယ် စာရေးဆရာများအသင်းမှ ကြီးမှူးကာ "ရည်ညွှန်းစာကြည့်တိုက်"အား တာချီလိတ်မြို့နယ် ဆန်ဆိုင်း(ခ)ရပ်ကွက်၊ သီရိမင်္ဂလာဆန်ဆိုင်း ဘုန်းကြီးကျောင်း အနောက်ဘက်ရှိ တာချီလိတ်မြို့နယ်စာရေးဆရာအသင်းရုံးတွင် လာမည့် ၂၀၁၅ခုနှစ် ဇန်န၀ါရီလ(၁၈)ရက်နေ့တွင် ဖွင့်လှစ်တော့မှာ ဖြစ်ကြောင်း သိရသည်။


တာချီလိတ်မြို့နယ်စာရေးဆရာများအသင်း ရုံးတွင်ဖွင့်လှစ်ထားရှိမည့် တာချီလိတ်မြို့နယ်၏ "ရည်ညွှန်းစာကြည့်တိုက်"တွင် ကျန်းမာရေးနှင့် ပတ်သက်သည့် စာအုပ်စာတမ်းများ၊ စိုက်ပျိုးရေးနှင့် ပတ်သက်သည့် စာအုပ်စာတမ်းများ၊ စီးပွားရေး၊ နည်းပညာ နှင့် သမိုင်းဆိုင်ရာ စာအုပ်စာတမ်းများ၊ မြန်မာ့စွယ်စုံကျမ်းစုံများ စသည့် သက်ဆိုင်ရာ ကဏ္ဍအသီးသီးတို့တွင် မိမိတို့ သိရှိလိုသည့် အချက်အလက်များကို ရှာဖွေ ဖတ်ရှုကိုးကားနိုင်ရန်အတွက် ထားရှိမှာဖြစ်ပြီး တာချီလိတ်မြို့နယ် တစ်ခုလုံးအတွက် ကြီးမားဆုံးသော စာကြည့်တိုက်တစ်ခုဖြစ်မှာ ဖြစ်ကြောင်း သိရသည်။

အဆိုပါ စာကြည့်တိုက်အတွက် လတ်တလောတွင် လာရောက်လှူဒါန်းထားကြသည့် စာအုပ် အရေအတွက်မှာ အုပ်ရေ (၂၀၀၀)ခန့် ၀န်းကျင်ရှိနေပြီး ဆက်လက်၍လည်း စာအုပ်လှူဒါန်းလိုသူများကို လိုအပ်နေလျက်ရှိကြောင်း သိရသည်။

 မြို့နယ်စာရေးဆရာအသင်း ဥက္ကဌ ဦးထိန်မင်းက"ကျွန်တော်တို့ ဒီ'ရည်ညွှန်းစာကြည့်တိုက်'အတွက် (၅)နှစ်စီမံကိန်း အနေနဲ့ ကျပ်သိန်း(၃၀၀၀)ဖိုးလောက် စာအုပ်တွေ ထားရှိနိုင်ရေးအတွက် ရည်မှန်းထားပြီး ကြိုးစား အကောင်အထည်ဖော်သွားမှာဖြစ်ပါတယ်။ အဓိက လိုအပ်နေတာကလည်း စာအုပ်လှူမဲ့ အလှူရှင်တွေပေါ့၊ စာအုပ်လာလှူမယ်ဆိုလည်း လက်ခံသလို စာအုပ်မဟုတ်ဘဲ စာအုပ်ဖိုးလို့ သတ်မှတ်လို့ရမဲ့ အလှူငွေ လှူဒါန်းရင်လည်း လက်ခံသွားမှာပါ၊ အဲ့ဒီကနေ စာအုပ်တွေ တဖြေးဖြေး သက်ဆိုင်ရာ ကဏ္ဍအလိုက် ၀ယ်စုသွားဖို့ရှိပါတယ်"ဟု တာချီလိတ်အွန်လိုင်းသို့ ပြောပြသည်။

စာအုပ်စာပေ ကဏ္ဍစုံလင်စွာဖြင့် ဖွင့်လှစ်မည်ဖြစ်သော"ရည်ညွှန်းစာကြည့်တိုက်"ကို ၂၀၁၄ခုနှစ် ဇန်န၀ါရီလ(၁၈)ရက်နေ့ နံနက်ပိုင်းမှာ ဖွင့်လှစ်မှာ ဖြစ်ပြီး စာကြည့်တိုက် ဖွင့်လှစ်ခြင်း အထိမ်းအမှတ်အဖြစ် ဇန်န၀ါရီလ(၁၇)ရက်နေ့တွင် စာရေးဆရာ ဒေါက်တာ ခင်မောင်ညို၊ စာရေးဆရာ ကောင်းသန့် နှင့် စာရေးဆရာမ ပုညခင် စသည့် သုံးဦးတို့မှ အောင်မြတ်ခန်းမတွင် စာပေဟောပြောပွဲအဖြစ် ဟောပြောမှာဖြစ်ကြောင်းလည်း သိရသည်။

တာချီလိတ်ဒေသခံ တိုင်းရင်းသားများနှင့် လုပ်သားပြည်သူများအနေဖြင့် စာအုပ်စာပေများ၊ စာကြည့်တိုက်နှင့် သက်ဆိုင်သည့် ပစ္စည်းများ စသည်တို့ကို လှူဒါန်းလိုပါကလည်း အောက်ပါ ဆက်သွယ်ရန် လိပ်စာမှတဆင့်ဆက်သွယ်လှူဒါန်းနိုင်မှာဖြစ်ပြီး စာကြည့်တိုက်ဖွင့်ပွဲအထိမ်းအမှတ်အဖြစ် ကျင်းပပြုလုပ်မည့် စာပေဟောပြောပွဲတွင်လည်း လှူဒါန်းနိုင်မှာ ဖြစ်ကြောင်း သိရသည်။

ဆက်သွယ်လှူဒါန်းနိုင်မည့် လိပ်စာ

ဦးထိန်မင်း ( ဥက္ကဌ)
  • တာချီလိတ်မြို့နယ်စာရေးဆရာအသင်း
  • "မေတ္တာ"ဖိတ်စာ/မိတ္တူဆိုင်
  • အကောက်ခွန်ရုံးရှေ့၊ တာချီလိတ်မြို့
  • မြန်မာဖုန်း။   ။ 09250131150၊ 
  • ထိုင်းဖုန်း ။  ။ 0827650919
ဦးလှဋ္ဌေး ( တွဲဖက်အတွင်းရေးမှူး )
  • တာချီလိတ်မြို့နယ်စာရေးဆရာအသင်း
  • တာချီလိတ်ခရိုင်ပြန်/ဆက်ရုံး
  • ရွှေတိဂုံဘုရားလမ်း၊ တာချီလိတ်မြို့။
  • မြန်မာဖုန်း။  ။ 09250778022 ၊ 0936076651
  •  ထိုင်းဖုန်း ။  ။ 0946438317

 Tachileik Online News ( www.tachileik.net  ) 

~~~~~~~~~~ ကြော်ငြာ ~~~~~~~~~


Viewing all articles
Browse latest Browse all 18345

Trending Articles


ဂျူးပင် စိုက်ပျိုးနည်း


ဒေါ်နယ်ထရန့် အိမ်တော် (သို့မဟုတ်) အိမ်ဖြူတော်ရဲ့ ထူးခြားချက်များ


Bern , Switzerland, ဆွန်ဇာလန် နိုင်ငံ ၊ ဘန်းမြို့ ရဲ့ သာယာ လှပပြီး ရှု မညီးတဲ့...


ရဟန်းနှင့် ဘွဲ့ဒီဂရီ


တာချီလိတ်မြို့နယ် ပညာရေးဖောင်ဒေးရှင်းမှ အသင်းသားစုံညီ နှင့်...


အလောင်းမင်းတရားမှ ဟံသာဝတီပဲခူးကို သိမ်းပိုက်နိုင်ခြင်း


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ဒွေး တိမ်တွေ ငိုတဲ့ခဏ ၊ ဒွေး ၊ နန္ဒာလှိုင် ၊ တင့်တင့်ထွန်း ၊ အောင်လွင် ၊ ဆင်မ


သာကူ⁠ပြင် ⁠ပြုလုပ်နည်း


၆နှစ်ပြည့်ရွှေဝါရောင်တော်လှန်ရေးသို့သမိုင်းအား လိမ်ညှာခဲ့သော...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>