Quantcast
Channel: TNA ❃ Tachileik News Agency ❃ www.tachileik.net
Viewing all articles
Browse latest Browse all 18345

တာချီလိတ်၌ ရဲတပ်ဖွဲ့မှ လုံခြုံရေးအရ လှည့်ကင်း ပတ်နေသော်လည်း အုပ်စုဖွဲ့ ရိုက်နှက်ကာ ဆိုင်ကယ်လုယက်ရန် ကြိုးပမ်းသူများ ရှိနေ

$
0
0
တာချီလိတ်မြို့ ဇန်မွန်းအာခါဟိုတယ်ရှေ့ (တာချီလိတ် ဂေါက်ကွင်း အနီး) တွင် ၂၀၁၄ခုနှစ် ဒီဇင်ဘာလ (၁၉)ရက် နံနက် (၁)နာရီခန့်က မှောင်ရိပ်ခိုစောင့်ဆိုင်းနေသော လူခြောက်ယောက်မှ ဆိုင်ကယ်မောင်းနှင် လာသူ တစ်ဦးအား ဆိုင်ကယ်လုယူရန် အကြံဖြင့် ချောင်းမြောင်းရိုက်နှက် သဖြင့် ထွက်ပြေးခဲ့ရကြောင်း၊ ရိုက်နှက်ခံရသူ အမည်မဖော်လိုသူမှ ပြောကြားခဲ့သည်။


''ကျွန်တော်နဲ့ ရန်ငြိုးရန်စ ရှိလို မဟုတ်ဘူးဗျ။ ဆိုင်ကယ်လုဖို့ကို သက်သက်ရိုက်တာ၊ အဲဒါနဲ့ အနာခံပြီး ထွက်ပြေးခဲ့ရတာ။ လူနဲ့ ဆိုင်ကယ် နဲနဲတော့ ထိခိုက်တယ်၊ ထွက်ပြေးကောင်းလို့သာ မဟုတ်ရင်သေပြီဗျ။ ရဲစခန်းကိုလဲ အကြောင်းကြားပြီးပါပြီ ။ စခန်းမှုးကလည်း ကူညီဆောင်ရွက်ပေးမယ် ပြောပါတယ်ခင်ဗျား..''ဟု ရိုက်နှက်ခံရသူ မှပြောကြားသည်။

''တစ်နေ့ညကလည်း ကျွန်တော်တာဝန်ကျနေတုန်း အော်သံကြားလို့ ထွက်ကြည့်တော့ လူငါးယောက်က ဆိုင်ကယ်သမား တစ်ယောက်ကို ဝိုင်းရိုက်တာတွေ့တယ်၊ ကျွန်တော်ထွက်ကြည့်တာတွေ့တော ခနရပ်နေတုန်း ဆိုင်ကယ်သမားကထွက်ပြေးလို့ လွတ်သွားတာဗျ''ဟု ဟိုတယ်လုံခြုံရေး ဝန်ထမ်းမှ ပြောကြားသည်။

ဂေါက်ကွင်းလမ်း၊ မြို့ပတ်လမ်း စတဲ့ အမှောင်အားကောင်းသောနေရာကို အခြေပြု၍ လုယက်ရန် ကြံစည်တတ်ကြောင်း၊ ရန်ဖြစ်ဟန်ဆောင်၍ လုယက်မှုကိုပြုလုပ်တတ်ကြောင်း၊ အမှောင်ထဲသွားလာတဲ့အခါ သတိရှိရှိ သွားလာ မောင်းနှင်ကြရန်နှင့် ရဲတပ်ဖွဲ့အနေနဲ့လည်း အများပြည်သူ လုံခြုံရေးအတွက် လှည့်ကင်း၊ ဝပ်ကင်းများဖြင့် နေ့စဉ် ဆောင်ရွက်လျက်ရှိကြောင်း၊ ပြည်သူများမှလည်း မသင်္ကာဖွယ်ရာများ တွေ့ရှိပါက တာချီလိတ်ရဲတပ်ဖွဲ့သို့ အကြောင်းကြားပေးစေလိုကြောင်း ရဲအရာရှိတစ်ဦးမှ ပြောကြားခဲ့ပါသည်။

သတင်း ။  ။ ကိုထွန်း (မိုင်းဖြတ်)
 Tachileik Online News ( www.tachileik.net  ) 


~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~


Viewing all articles
Browse latest Browse all 18345

Trending Articles


ဂျူးပင် စိုက်ပျိုးနည်း


ဒေါ်နယ်ထရန့် အိမ်တော် (သို့မဟုတ်) အိမ်ဖြူတော်ရဲ့ ထူးခြားချက်များ


Bern , Switzerland, ဆွန်ဇာလန် နိုင်ငံ ၊ ဘန်းမြို့ ရဲ့ သာယာ လှပပြီး ရှု မညီးတဲ့...


ရဟန်းနှင့် ဘွဲ့ဒီဂရီ


တာချီလိတ်မြို့နယ် ပညာရေးဖောင်ဒေးရှင်းမှ အသင်းသားစုံညီ နှင့်...


အလောင်းမင်းတရားမှ ဟံသာဝတီပဲခူးကို သိမ်းပိုက်နိုင်ခြင်း


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ဒွေး တိမ်တွေ ငိုတဲ့ခဏ ၊ ဒွေး ၊ နန္ဒာလှိုင် ၊ တင့်တင့်ထွန်း ၊ အောင်လွင် ၊ ဆင်မ


သာကူ⁠ပြင် ⁠ပြုလုပ်နည်း


၆နှစ်ပြည့်ရွှေဝါရောင်တော်လှန်ရေးသို့သမိုင်းအား လိမ်ညှာခဲ့သော...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>