Quantcast
Channel: TNA ❃ Tachileik News Agency ❃ www.tachileik.net
Viewing all articles
Browse latest Browse all 18345

International Bike Week ပွဲမှ လှူဒါန်းလာသော အလှူငွေများအား ပြန်လည်လှူဒါန်းနိုင်ရေးအတွက် မြို့နယ်အထောက်အကူပြုကော်မတီသို့ လွှဲပြောင်း

$
0
0
တာချီလိတ်မြို့နယ်တွင် ပြီးခဲ့သည့် ဒီဇင်ဘာ(၁၄)ရက်နှင့် (၁၅)ရက်များက တာချီလိတ်မြို့ ရှမ်းရိုးမကွင်း၌ မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ်အဖြစ် တာချီလိတ်အခြေစိုက် Eastern Eagle MC ၏ (၁၀)နှစ်ပြည့် နှစ်ပတ်လည် အထိမ်းအမှတ် အဖြစ် ကျင်းပပြုလုပ်သည့် အပြည်ပြည်ဆိုင်ရာ မော်တော်ဆိုင်ကယ် ကလပ်များ တွေ့ဆုံပွဲ ဖြစ်သော 10th Anniversary of International Bike Week တွင် တာချီလိတ်ခရိုင် အတွင်းရှိ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများမှ မရှိနွမ်းပါး ကလေးသူငယ်များနှင့် မိဘမဲ့ ကလေးသူငယ်များ၊ မိဘမဲ့ဂေဟာများ အတွက် Eastern Eagle MC အပါအ၀င် နိုင်ငံခြားသားများမှ စုပေါင်း လှူဒါန်းကြသည့် အလှူငွေများကို ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေမှ လက်ခံရယူခဲ့ပြီး ယနေ့ ဒီဇင်ဘာလ (၁၈)ရက်နေ့ ညနေ (၃)နာရီအချိန်မှာ ခရိုင်အုပ်ချုပ်ရေးမှူးရုံးခန်း၌ မြို့နယ်အထောက်အကူပြု ကော်မတီသို့ ပြန်လည်လွှဲပြောင်းပေးအပ်လိုက်ကြောင်း သိရသည်။


ယနေ့ ညနေ (၃)နာရီအချိန်တွင် ခရိုင်စီမံခန့်ခွဲမှုကော်မတီမှ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေနှင့် ခရိုင်လ၀ကမှူး ဦးကျော်စွာလွင် တို့သည် မြို့နယ်အထောက်အကူအပြု ကော်မတီအနေဖြင့် မိဘမဲ့ကလေးသူငယ်များ၊ ဘ/က ကျောင်းများတွင် စနစ်တကျ ခွဲဝေစီမံကာ ပြန်လည် လှူဒါန်းနိုင်ရေး အတွက် မြို့နယ်အထောက်အကူပြု ကော်မတီ ဥက္ကဌ ဦးကြည်မြင့် နှင့် ကော်မတီဝင် ဦးမြင့်ဦး(မုတ်ဆိတ်)ထံ လွှဲပြောင်းပေးအပ်လိုက်ကြောင်း သိရသည်။


ထိုသို့ ပြန်လည် လွှဲပြောင်းမှုကို လက်ခံရယူခဲ့သူ မြို့နယ်အထောက်အကူပြုကော်မတီ ဥက္ကဌ ဦးကြည်မြင့်က "ကျွန်တော်တို့ ကော်မတီအနေနဲ့ မိဘမဲ့ ကလေးသူငယ်များနဲ့ ဘ/ကကျောင်းတွေကို ငွေလှူရမလား၊ ပစ္စည်းလှူရမလားဆိုတဲ့ ကိစ္စတွေနဲ့ သွားရောက်ပြီး ပြန်လည်လှူဒါန်းမဲ့ ကိစ္စတွေကို အစည်းအဝေးထိုင်ဆုံးဖြတ်ကြပြီး ဆောင်ရွက်သွားဖို့ရှိပါတယ်"ဟု တာချီလိတ်အွန်လိုင်းသို့ ပြောသည်။

ကျင်းပပြုလုပ်ခဲ့ပြီးဖြစ်သည့် အပြည်ပြည်ဆိုင်ရာ မော်တော်ဆိုင်ကယ် ကလပ်များ တွေ့ဆုံပွဲတွင် အာဆီယံနိုင်ငံများနှင့် အမေရိကန် ၊ ဗြိတိန် ၊ နော်ဝေး ၊ ဂျာမနီ ၊  အီတလီ၊ ပြင်သစ်၊ ဆွီဒင်၊ ကနေဒါ နှင့် ဆွစ်ဇာလန် နိုင်ငံများ အပါအ၀င် နိုင်ငံပေါင်း(၂၀) ကျော်မှ မော်တော်ဆိုင်ကယ် ချစ်မြတ်နိုးသူ  (Biker ) များ တပျော်တပါး ပါဝင်ဆင်နွှဲခဲ့ကြပြီး ဒီဇင်ဘာလ (၁၅)ရက်နေ့က ပွဲတော်ကျင်းပရေးဖြစ်သည့် Eastern Eagle MC မှ အလှူငွေ ဘတ်တစ်သိန်း၊ နိုင်ငံခြားသား ဧည့်သည်များမှ လှူဒါန်းသည့် ထိုင်းဘတ်ငွေ (၂၂၈၅၀)ဘတ် ၊ မြန်မာငွေ (၁၀၄၅၀)ကျပ် နှင့် အင်ဒိုနီးရှားရူပီးငွေ တစ်သိန်း အပါအ၀င် အဆိုပါ အလှူငွေများကို ခရိုင်အုပ်ချုပ်ရေးမှူးမှ တဆင့် မြို့နယ်အထောက်အကူပြုကော်မတီမှ လက်ခံရယူပြီး ပြန်လည်လှူဒါန်းရေး ကိစ္စရပ်များကို ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း သိရှိရသည်။

သတင်း ။  ။ ကိုဇောင်း

 Tachileik Online News ( www.tachileik.net  ) 


~~~~~~~~~ ကြော်ငြာ ~~~~~~~~~


Viewing all articles
Browse latest Browse all 18345

Trending Articles


တာချီလိတ်မြို့မှာ ကျင်းပပြီး နိုင်ငံပေါင်း ၁၉နိုင်ငံက လာရောက်မည့်...


သင့် ကိုယ်လုံးတီး ပုံများ အွန်လိုင်းပေါ် မရောက်ရလေအောင်


Bern , Switzerland, ဆွန်ဇာလန် နိုင်ငံ ၊ ဘန်းမြို့ ရဲ့ သာယာ လှပပြီး ရှု မညီးတဲ့...


ရဟန်းနှင့် ဘွဲ့ဒီဂရီ


ငတုံး ပုံပြင်ကိုအဆုံးသတ်ပေးပါ


မြန်မာတွေ ကြည့်ရှု အဆင်ပြေမယ့် ဇာတ်ကား ရိုက်ကူးတယ် ဆိုသူ စံရတီမိုးမြင့်


(၁၅) မိနစ် တရားထိုင်နည်း


ဒွေး တိမ်တွေ ငိုတဲ့ခဏ ၊ ဒွေး ၊ နန္ဒာလှိုင် ၊ တင့်တင့်ထွန်း ၊ အောင်လွင် ၊ ဆင်မ


ရှမ်းကိုးပြည် တွင်ပါဝင်သော မိုးညှင်းပြည် နှင့် မိုးမိတ်ပြည် ကို ဘုရင့်နောင်...


၆နှစ်ပြည့်ရွှေဝါရောင်တော်လှန်ရေးသို့သမိုင်းအား လိမ်ညှာခဲ့သော...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>