Quantcast
Channel: TNA ❃ Tachileik News Agency ❃ www.tachileik.net
Viewing all articles
Browse latest Browse all 18345

နံနက် စောစော စီးစီး ပြည်သူလူထု ပူးပေါင်းကာ လမ်းလျှောက်ကြပြီ

$
0
0
ဒီဇင်ဘာလအစ၏ ပထမအပတ်ဖြစ်သော ယနေ့ ဒီဇင်ဘာလ(၆)ရက် နံနက်(၅)နာရီအချိန်တွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့၌ လူထုလမ်းလျှောက်ပွဲကို  စုရပ်ဖြစ်သော ရှမ်းရိုးမကုန်တိုက်ရှေ့မှ ဘောလုံးကွင်းထိ ကိုယ်လက်လှုပ်ရှား လမ်းလျှောက်မှုကို စတင်ခဲ့ကြသည်။



ထိုသို့ လမ်းလျှောက်ရာတွင် ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေ ဦးဆောင်သည့် ခရိုင်အဆင့် ဌာနဆိုင်ရာများ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်း ဦးဆောင်သော မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်ပညာရေးမှူး ဦးစိန်ထွန်းလှ ဦးဆောင်သော ပညာရေးမှ ဆရာ၊ ဆရာများနှင့် ကျောင်းသား၊ကျောင်းသူများ၊ အား/ကာမှ တာဝန်ရှိသူများနှင့် အားကစားသမားများ၊ မြို့မိမြို့ဖများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ရပ်ကွက်အသီးသီးမှ ပြည်သူလူထုများ စုစုပေါင်း (၈၀၀)ကျော်တို့မှ စုပေါင်း၍ ပါဝင်ခဲ့ကြသည်။


ရှမ်းရိုးမကုန်တိုက်ရှေ့မှ စတင်၍ အဆိုပါ စုပေါင်းအဖွဲ့မှ လမ်းလျှောက်ခဲ့ကြပြီး ဘောလုံးကွင်း၌ လမ်းလျှောက်မှု ပြီးမြောက်ပြီး သွေးပူလေ့ကျင့်ခန်းကို နည်းပြဆရာမမှ ပြသကာ ပြိုင်တူ လေ့ကျင့်ခဲ့ကြသည်။




ယနေ့ ပထမအပတ် လူထုလမ်းလျှောက်ပွဲတွင် ပါဝင်ဆင်နွှဲကြသည့် ပြည်သူလူထု အယောက် (၅၀၀)၀န်းကျင်အတွက် ပုန်းထွန်ရပ်ကွက်၊ တာလော့ရပ်ကွက်နှင့် ဆေခမ်းရပ်ကွက်တို့မှ စုပေါင်း၍ နံနက်စာ ကောက်ညှင်းပေါင်းဖြင့် ဝေငှခဲ့ကြသည်။





အဆိုပါ လမ်းလျှောက်ပွဲအား အပတ်စဉ် စနေနေ့တိုင်းဖြစ်ပြီး သတ်မှတ်ရက်များမှာ ဒီဇင်ဘာလ(၆)၊ (၁၃)၊ (၂၀) နှင့် (၂၇)ရက်နေ့ထိ ဖြစ်ပြီး စုရပ်မှာ တာချီလိတ်မြို့ ရှမ်းရိုးမကွင်းရှေ့၌ နံနက် (၄း၃၀)နာရီ အချိန်တွင် စုစည်းပြီး ဘောလုံးကွင်းထိ လမ်းလျှောက်ကာ ကိုယ်လက် လှုပ်ရှားမှုများ ပြုလုပ်မှာ ဖြစ်သည့်အတွက် အပတ်စဉ် စနေနေ့ နံနက် (၄း၃၀)နာရီမှာ စုရပ်သို့ ရောက်ရမှာ ဖြစ်ကြောင်း သိရှိရသည်။

ဓါတ်ပုံ/သတင်း ။   ။ ကိုဇောင်း

ပုံများကိုကြည့်ရန်
နံနက် စောစော စီးစီး ပြည်သူလူထု ပူးပေါင်းကာ လမ်းလျှောက်ကြပြီ
138 photos

 Tachileik Online News ( www.tachileik.net  ) 

~~~~~~~~~~ ကြော်ငြာ ~~~~~~~~~

Viewing all articles
Browse latest Browse all 18345

Trending Articles


ဂျူးပင် စိုက်ပျိုးနည်း


ဦးမျိုးရန်နောင်သိမ်း လွတ်မြောက်


Bern , Switzerland, ဆွန်ဇာလန် နိုင်ငံ ၊ ဘန်းမြို့ ရဲ့ သာယာ လှပပြီး ရှု မညီးတဲ့...


ရဟန်းနှင့် ဘွဲ့ဒီဂရီ


ခြေလျင်နှင့်ခြေမြန်တပ်ရင်းများကွာခြားပုံ


ရှမ်းကိုးပြည် တွင်ပါဝင်သော မိုးညှင်းပြည် နှင့် မိုးမိတ်ပြည် ကို ဘုရင့်နောင်...


မြန်မာတွေ ကြည့်ရှု အဆင်ပြေမယ့် ဇာတ်ကား ရိုက်ကူးတယ် ဆိုသူ စံရတီမိုးမြင့်


(၁၅) မိနစ် တရားထိုင်နည်း


ဒွေး တိမ်တွေ ငိုတဲ့ခဏ ၊ ဒွေး ၊ နန္ဒာလှိုင် ၊ တင့်တင့်ထွန်း ၊ အောင်လွင် ၊ ဆင်မ


သာကူ⁠ပြင် ⁠ပြုလုပ်နည်း



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>