Quantcast
Channel: TNA ❃ Tachileik News Agency ❃ www.tachileik.net
Viewing all articles
Browse latest Browse all 18345

တာလေမြို့၌ တရားမ၀င်သယ်ဆောင်လာသည့် သစ်များ ဖမ်းဆီးရရှိ

$
0
0
ရှမ်းပြည်နယ်၊ အရှေ့ပိုင်းဒေသ၊ တာချီလိတ်ခရိုင် အတွင်း တာလေမြို့၊ ပါခါးနွဲ့ကျေးရွာအနီးရှိ တာချီလိတ် - ကျိုင်းတုံ ကားလမ်းမပေါ်တွင် တရားမ၀င် သယ်ဆောင်လာပြီး သစ်အမျိုးအစား (၃)မျိုးပါဝင်သည့် သစ်ခွဲသားများကို ၂၀၁၄ခုနှစ် ဒီဇင်ဘာလ (၃)ရက်နေ့ ည(၉)နာရီ အချိန်ခန့်က တာချီလိတ် Mobile Team အဖွဲ့မှ ဖမ်းဆီးရမိပြီး သစ်တောဦးစီးဌာနသို့ လွှဲပြောင်းပေးအပ်လိုက်ကြောင်း သိရသည်။


ဖြစ်စဉ်မှာ  တာချီလိတ် Mobile Team အဖွဲ့မှ တရားမ၀င် ကုန်သွယ်မှုထိန်းချုပ်ရေးအဖွဲ့ ဦးစီးအရာရှိ ဦးစိုးမြင့်အောင် ပါဝင်သည့် အဖွဲ့သည် ဒီဇင်ဘာလ (၃)ရက်  ည(၉)နာရီ အချိန်ခန့်က တရားမ၀င် ကုန်သွယ်ရေး ကိစ္စရပ်များနှင့် ပတ်သက်၍ စစ်ဆေးမှုများ ဆောင်ရွက်နေကြစဉ် တာလေမြို့၊ ပါခါးနွဲ့ကျေးရွာအနီး ရှိ တာချီလိတ် - ကျိုင်းတုံ ကားလမ်းမပေါ်သို့ အီတန်တစ်စီးသည် သစ် အမျိုးအစားများ ဖြစ်သည့် သစ်ယား၊ မအူ နှင့် သစ်အယ် အမျိုးအစား (၃)မျိုးပါသည့် သစ်ခွဲသား (၂၃)ချောင်းကို သယ်ဆောင်လာရာ အဆိုပါ ပူးပေါင်းအဖွဲ့မှ ရပ်တန့်စစ်ဆေးပြီး တရားမ၀င် သယ်ဆောင်လာသော သစ်များဖြစ်၍ ယာဉ်မောင်း ဦးကြည်သူထက် နှင့်အတူ သစ်များကို ဖမ်းဆီး သိမ်းဆည်း လိုက်ကြောင်း သိရသည်။


ယခုလို သယ်ဆောင်လာသည့် သစ်များသည် မိုင်းဖြတ်မြို့နယ်၊ ဆိုက်ခေါင်ကျေးရွာ၌ ခရစ်ယာန် ဘုရားကျောင်း ဆောက်လုပ်ရာတွင် တံခါး နှင့် ကျီးခွေများ ပြုလုပ်ရန် အတွက်ဖြစ်ကြောင်း သိရသည်။

ဖမ်းဆီးသိမ်းဆည်းရမိပြီး တန်အားဖြင့် (၀.၉၅၆၈)တန်ရှိသည့် သစ်ခွဲသား (၂၃)ချောင်းနှင့်အတူ သယ်ဆောင်လာသူ ယာဉ်မောင်း ဦးကြည်သူထက်အား တာချီလိတ်မြို့နယ်သစ်တောဦးစီးဌာနက ကုန်သွယ်မှုထိန်းချုပ်ရေး အဖွဲ့ထံမှ ဒီဇင်ဘာလ (၄)ရက်နေ့က လွှဲပြောင်းမှုကို လက်ခံရယူခဲ့ပြီး သစ်ခွဲသားများကို ဟောင်လိတ်သစ်တောပျိုးဥယျာဉ်တွင် သိမ်းဆည်းထားရှိပြီး သယ်ဆောင်လာသူ ယာဉ်မောင်းအား သစ်တောဥပဒေ ပုဒ်မ ၃၃(က)(၂) အရ အမှုဖွင့် အရေးယူ ဆောင်ရွက်ထားရှိကြောင်း သိရှိရသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ (၂၃)ရက် နံနက်(၁း၃၀)နာရီ အချိန်ခန့်က သစ်တန်ချိန် စုစုပေါင်း
( ၂၀.၄၄၃၂ )တန်ကို တာချီလိတ်ခရိုင် တာလေမြို့ရှိ တိုးဂိတ်တွင် သစ်တောဦးစီးဌာန နှင့် Mobile Team ပါဝင်သည့် ပူးပေါင်းအဖွဲ့ဖြင့် သယ်ယူ ပို့ဆောင်လာသူများနှင့် အတူ ဖမ်းဆီးသိမ်းဆည်း ရရှိခဲ့ကြောင်းလည်း သိရှိရသည်။

သတင်း ။  ။ ကိုဇောင်း
 Tachileik Online News ( www.tachileik.net  ) 

~~~~~~~~~ ကြော်ငြာ ~~~~~~~~~


Viewing all articles
Browse latest Browse all 18345

Trending Articles


ဂျူးပင် စိုက်ပျိုးနည်း


ဦးမျိုးရန်နောင်သိမ်း လွတ်မြောက်


Bern , Switzerland, ဆွန်ဇာလန် နိုင်ငံ ၊ ဘန်းမြို့ ရဲ့ သာယာ လှပပြီး ရှု မညီးတဲ့...


ရဟန်းနှင့် ဘွဲ့ဒီဂရီ


ခြေလျင်နှင့်ခြေမြန်တပ်ရင်းများကွာခြားပုံ


ရှမ်းကိုးပြည် တွင်ပါဝင်သော မိုးညှင်းပြည် နှင့် မိုးမိတ်ပြည် ကို ဘုရင့်နောင်...


မြန်မာတွေ ကြည့်ရှု အဆင်ပြေမယ့် ဇာတ်ကား ရိုက်ကူးတယ် ဆိုသူ စံရတီမိုးမြင့်


(၁၅) မိနစ် တရားထိုင်နည်း


ဒွေး တိမ်တွေ ငိုတဲ့ခဏ ၊ ဒွေး ၊ နန္ဒာလှိုင် ၊ တင့်တင့်ထွန်း ၊ အောင်လွင် ၊ ဆင်မ


သာကူ⁠ပြင် ⁠ပြုလုပ်နည်း



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>