Quantcast
Channel: TNA ❃ Tachileik News Agency ❃ www.tachileik.net
Viewing all articles
Browse latest Browse all 18345

ရွှေတြိဂံအထူး စီးပွားရေးဇုန်တွင် လေးနိုင်ငံ ကုန်စည်ပြပွဲ ပြုလုပ်

$
0
0
International  Tourism Culture Festival , First Border Trade Commodities Fair Of Laos - China - Myanmar - Thailand ပွဲတော် ဖွင့်ပွဲအခမ်းအနားအား ဒီဇင်ဘာလ (၄)ရက်ဒေသ စံတော်ချိန် နံနက် (၈)နာရီအချိန်က လာအိုဒီမိုကရက်တစ်သမ္မတနိုင်ငံ Bo Keo ပြည်နယ်၊ Ton Peng ခရိုင် ရွှေတြိဂံအထူးစီးပွားရေးဇုန်တွင် ကျင်းပပြုလုပ်ရာ မြန်မာ-လာအို-ထိုင်းနှင့် တရုတ်နိုင်ငံများမှ ကိုယ်စားလှယ်များ ၊ ယဉ်ကျေးမှုအဖွဲ့များ ၊ သတင်း မီဒီယာများ ၊ ကုန်သည်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။


အခမ်းအနားတွင် ရှေးဦးစွာ ရွှေတြိဂံအထူးစီးပွားရေးဇုန် ဥက္ကဌ Mr. Zhao Wei မှ ကြိုဆိုနှုတ်ခွန်း ဆက်စကား ပြောကြားပြီး ရွှေတြိဂံ အထူးစီးပွားရေးဇုန် ဒုတိယဥက္ကဌ Mr . Bou Mi မှပွဲတော် ကျင်းပရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားသည်။



ထို့နောက် ရွှေတြိဂံ အထူးစီးပွားရေးဇုန်ဥက္ကဌနှင့် အတူ (၄)နိုင်ငံကိုယ်စားလှယ်များက ပွဲတော်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကာ ဖွင့်ပွဲအထိမ်းအမှတ် မီးရှူးမီးပန်းများပစ်ဖောက်ကြသည်။


ယင်းနောက် ပြပွဲအတွင်း ခင်းကျင်းပြသထားသော ကုန်ပစ္စည်းပြခန်းများအား လှည့်လည်
ကြည့်ရှု အားပေးကြကာ လေးနိုင်ငံ ကိုယ်စားလှယ်များသည် မဲခေါင်မြစ်ဝှမ်း ကုန်စည်စီးဆင်းမှုနှင့်
သဘာဝပတ်ဝန်းကျင် ခရီးသွားလုပ်ငန်းဆောင်ရွက်နိုင်မှု အခြေအနေများအား မဲခေါင်မြစ် အတွင်း ရေယာဉ်ဖြင့် လှည့်လည်ကြည့်ရှုလေ့လာကြကာ လာအိုနိုင်ငံ Done Sao (ကျွန်းတော)ကျွန်းတွင် သဘာဝအခြေခံ ခရီးသွားလုပ်ငန်းဆောင်ရွက်နေမှုများအား ကြည့်ရှုလေ့လာကြသည်။


မွန်းလွဲပိုင်းတွင် သဘာဝအခြေခံ ခရီးသွားလုပ်ငန်းနှင့် ယဉ်ကျေးမှုကဏ္ဍပူးပေါင်း ဆောင်ရွက်ရေး ဆွေးနွေးပွဲအား ရွှေတြိဂံ အထူးစီးပွားရေးဇုန် အစည်းအဝေး ခန်းမဆောင်တွင် ကျင်းပပြုလုပ်ရာ  တရုတ်နိုင်ငံ ယူနန်ဒေသ ၊ ထိုင်းနိုင်ငံ ချိန်းရိုင်းခရိုင် ၊ မြန်မာနိုင်ငံ တာချီလိတ်ခရိုင် တို့မှ ကုန်သည်များနှင့် လုပ်ငန်းရှင်များ ၊ လာအိုနိုင်ငံ အထူးစီးပွားရေးဇုန် ဒုတိယ ဥက္ကဌ Mr . Bou Mi နှင့် တာဝန်ရှိသူများက ယဉ်ကျေးမှု ၊ သဘာဝအခြေခံခရီးသွားလာရေး ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ၊ကုန်သွယ်မှု မြှင့်တင်ရေးများ အပါအ၀င် အချက် (၁၂)ချက်အား ဆွေးနွေးညှိနှိုင်းကြသည်။


အဆိုပါ လေးနိုင်ငံ ကုန်စည်ပြပွဲအား ဒီဇင်ဘာလ (၄)ရက်နေ့မှ (၁၀)ရက်နေ့အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကာ ဒေသထွက်ကုန်များ ၊ ရိုးရာလက်မှုအနုပညာပစ္စည်းများ ၊ အီလက်ထရွန်နစ် ပစ္စည်းများအား ပြသသွားမည်ဖြစ်ကာ ညပိုင်းတွင် လေးနိုင်ငံ ယဉ်ကျေးမှုအနုပညာ အဆိုအကများဖြင့် ဖျော်ဖြေပေးသွားမည်ဖြစ်ပြီး မြန်မာနိုင်ငံကိုယ်စားပြုအနေဖြင့် ရှမ်းပြည်နယ် (အရှေ့ပိုင်း) သတ္တုလုပ်ငန်းရှင်များ အသင်း ဥက္ကဌ ဦးမြင့်ဦး ဦးဆောင်သည့် တာချီလိတ်ဒေသ ကုန်သည်များနှင့် လုပ်ငန်းရှင်များ ၊ သတင်းမီဒီယာများ ၊ ယဉ်ကျေးမှုအဖွဲ့များမှ ပါဝင်ဆင်နွှဲကြပါသည်။

ဓါတ်ပုံ/သတင်း ။  ။ မောင်ယဉ်ကျေး
 Tachileik Online News ( www.tachileik.net  ) 

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~


Viewing all articles
Browse latest Browse all 18345

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>