Quantcast
Channel: TNA ❃ Tachileik News Agency ❃ www.tachileik.net
Viewing all articles
Browse latest Browse all 18345

ကင်ညှာနိုင်ငံ ဆိုမာလီ နယ်စပ်မှာ အယ်ရှာဘတ် စစ်သွေးကြွအဖွဲ့က အလုပ်သမား (၃၆)ဦးကို သတ်ဖြတ်

$
0
0
ဒီဇင်ဘာလ (၂)ရက်နေ့က ကင်ညှာနိုင်ငံ မြောက်ပိုင်း၊ ဆိုမာလီ နယ်စပ်ဒေသမှာ အယ်ရှာဘတ် စစ်သွေးကြွအဖွဲ့က ကင်ညှာနိုင်ငံသား အလုပ်သမား (၃၆)ဦးကို သတ်ဖြတ်ခဲ့သည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ကြောင်း ကင်ညှာနိုင်ငံ ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ကြေညာခဲ့သည်။


အယ်ရှာဘတ်စစ်သွေးကြွအဖွဲ့က သေနတ်သမားဟာ နှစ်နိုင်ငံနယ်စပ်ကို ဖြတ်ကျော်ပြီး မွတ်စလင်နဲ့ မွတ်စလင်မပါသော အဖွဲ့နှစ်ဖွဲ့လုံးကို သေနတ်နဲ့ ပစ်ခဲ့တာဖြစ်ကြောင်း နှင့် သေနတ်သမား တစ်ဦးထဲဖြစ်နိုင်ကြောင်းအပြင် ပစ်ခတ်ပြီး ထွက်ပြေးသွားတာ ဖြစ်ကြောင်း ကင်ညှာနိုင်ငံ ပြည်ထဲရေးဝန်ကြီး ဒေဗစ်ကင်မိုင်ယိုမှ အတည်ပြုပြောကြားသည်။

ကင်ညှာနိုင်ငံ သမ္မတ အရူရာကတော့ အခင်းဖြစ်ပွားပြီးနောက် နိုင်ငံပိုင်ရုပ်မြင်သံကြားမှ ကင်ညှာနိုင်ငံ ပြည်ထဲရေးဝန်ကြီး ကင်မိုင်ယိုအား တာဝန်မှ အနားပေးလိုက်ပြီး ဂျိုးဇက်အိုလီလန်ကူကို ပြန်လည် ခန့်ထားလိုက်ကြောင်း သိရသည်။

ယင်းဒေသမှာရှိသည့် အလုပ်သမားတွေ ပြောကြားချက်အရတော့ မွတ်ဆလင်မဟုတ်တဲ့သူတွေ တစ်ဦးတစ်ယောက်တည်း အပြင်ထွက်ခဲ့ရင် ပစ်သတ်ခံရကြောင်း လုံခြုံမှုလုံးဝ မရှိကြောင်း ပြောကြားကြသည်။

ယခုဖြစ်ပွားသည့် ဖြစ်စဉ်ကြောင့် သေဆုံးသူ (၃၆)ဦးအနက် (၃၂)ဦးဟာ သေနတ်နဲ့ ပစ်သတ်ခံရတာဖြစ်ပြီး ကျန်(၄)ဦးကတော့ ခေါင်းဖြတ်သတ်ဖြတ်ခံခဲ့ရတာ ဖြစ်ကြောင်းသိရှိရသည်။

ဘာသာပြန် ။  ။ မင်းသုတ
Ref; dailymail
Photo:  dailymail

 Tachileik Online News ( www.tachileik.net  ) 


~~~~~~~~ ကြော်ငြာ ~~~~~~~~~



Viewing all articles
Browse latest Browse all 18345

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>