Quantcast
Channel: TNA ❃ Tachileik News Agency ❃ www.tachileik.net
Viewing all articles
Browse latest Browse all 18345

တာချီလိတ်၌ ကျင်းပမည့် ရှမ်းနှစ်သစ်ကူးပွဲတော်

$
0
0


ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာချီလိတ်မြို့နယ်၊ ဆေခမ်းရပ်ကွက်ရှိ ရှမ်းစာပေနှင့် ယဉ်ကျေးမှုကော်မတီအပိုင် နေရာ၌် ရှမ်းတိုင်းရင်းသားများ စာပေနှင့် ယဉ်ကျေးမှုကော်မတီမှ ကြီးမှူးကျင်းပမည့်  (၂၁၀၉)နှစ်မြောက် ရှမ်းနှစ်သစ်ကူးပွဲတော်အား ၂၀၁၄ခုနှစ် ဒီဇင်ဘာလ (၄)ရက်မှ (၆)ရက်နေ့ထိ (၃)ရက်တိုင်းတိုင်ကျင်းပပြုလုပ်မှာ ဖြစ်ကြောင်း သိရသည်။



ရှမ်းတိုင်းရင်းသားများ၏ နှစ်ကူးပွဲတော် ဖွင့်ပွဲကို ဒီဇင်ဘာလ (၄)ရက်နေ့ ည(၇)နာရီအချိန်တွင် စည်ကားသိုက်မြိုက်စွာဖြင့် ကျင်းပပြုလုပ်မှာဖြစ်ပြီး၊ ဒီဇင်ဘာလ (၅)ရက်နေ့  ည (၈)နာရီအချိန်တွင် ညစာ စားပွဲနှင့်အတူ ယဉ်ကျေးမှုအကပဒေသာများ နှင့် ဒေသခံ ရှမ်းတိုင်းရင်းသား အဆိုတော်များမှ သီဆိုဖျော်ဖြေကြမှာဖြစ်ပြီး ည(၁၂)နာရီ တိတိတွင် နှစ်သစ်ကို ကြိုဆိုကြမှာဖြစ်ကြောင်း သိရသည်။



ဒီဇင်ဘာလ (၆)ရက်နေ့ နံနက်(၁၀)နာရီအချိန်တွင် သံဃာတော်များအား ဆွမ်းဆက်ကပ်လှူဒါန်းပြီး ဧည့်သည်တော်များအား ကောက်သစ်စားပွဲဖြင့် ဧည့်ခံကာ ညပိုင်းမှာ သီဆိုဖျော်ဖြေကြမှာ ဖြစ်ကြောင်း သိရှိရသည်။

တာချီလိတ်မြို့တွင် ကျင်းပပြုလုပ်မည့် ရှမ်းနှစ်သစ်ကူးပွဲတော်တွင် ရှမ်းတိုင်းရင်းသားများ၏ ရိုးရာ အသုံးအဆောင်များ၊ ရိုးရာအ၀တ်အထည်များ နှင့် အမှတ်တရ ပစ္စည်းများကို စိတ်တိုင်းကျ ၀ယ်ယူရရှိမှာ ဖြစ်ပြီး ရှမ်းတိုင်းရင်းသား အစားအစာများကိုလည်း ရောင်းချသွားမှာ ဖြစ်ကြောင်း သိရှိရသည်။

သတင်း ။  ။ ကိုဇောင်း

 Tachileik Online News ( www.tachileik.net  ) 


~~~~~~~~~~ ကြော်ငြာ ~~~~~~~~~


Viewing all articles
Browse latest Browse all 18345

Trending Articles


တစ်မောင်း တစ်မောင်း တို့ တစ်မောင်းသည်


ဦးမျိုးရန်နောင်သိမ်း လွတ်မြောက်


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


အရက်ဖိုးတောင်းသည့် ခင်ပွန်းအား ဇနီးမှ ဓားဖြင့်ထိုး၍ တောင်ကြီး၌ လူသတ်မှုဖြစ်ပွား


မြန်မာတွေ ကြည့်ရှု အဆင်ပြေမယ့် ဇာတ်ကား ရိုက်ကူးတယ် ဆိုသူ စံရတီမိုးမြင့်


ခင်လွန်း - “ကျီးဖြူ ကျီးမည်း တစ်ကောင်တည်း”


လုလုအောင် HD အသစ်


ဒွေး တိမ်တွေ ငိုတဲ့ခဏ ၊ ဒွေး ၊ နန္ဒာလှိုင် ၊ တင့်တင့်ထွန်း ၊ အောင်လွင် ၊ ဆင်မ


လူ့ဘဝ၏ အနှစ်သာရ တန်ဖိုး



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>