Quantcast
Channel: TNA ❃ Tachileik News Agency ❃ www.tachileik.net
Viewing all articles
Browse latest Browse all 18345

တာချီလိတ်မြို့နယ်အတွင်း အန္တရာယ်ကင်းစေရေး အတွက် အသံမစဲပဌာန်းပွဲ (၅)ရက်တိုင်တိုင် ကျင်းပ

$
0
0
ထိုင်းနိုင်ငံ တော်ဝင်မိသားစုမှ မိုင်းဖုန်းဆရာတော်အား မြဘုရားပုံတူ ဆင်းတုတော် နှစ်ဆူနှင့် ရွှေဘုရား တစ်ဆူ လှူဒါန်းထားရှိရာ မိုင်းဖုန်းဆရာတော်မှ တာချီလိတ်တပ်နယ်မှ တပ်မတော်သားများ ဖူးမျှော် ကြည်ညိုနိုင်ရန် အတွက် ရွှေဘုရားတစ်ဆူ နှင့် တာချီလိတ်မြို့အတွင်းရှိ ဒေသခံ တိုင်းရင်းသားများ နှင့် အများပြည်သူများ စသည့် ခုနစ်ရက်သားသမီးများ ဖူးမျှော် ကြည်ညိုနိုင်ရန်အတွက် မြဘုရားဆင်းတုတော် တစ်ဆူကို ၂၀၁၄ခုနှစ် နိုဝင်ဘာလ(၈)ရက် နေ့လယ်ပိုင်းက တဆင့်ပြန်လည် ပေးအပ်လှူဒါန်းလာရာ တာချီလိတ်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်း မှ မြဘုရားအား ပင့်ဆောင်လာပြီး တာချီလိတ်မြို့နယ် ဓမ္မာရုံ၌ တည်ထားကိုးကွယ်ပြီးနောက် ယနေ့ နိုဝင်ဘာလ(၂၇)ရက် နံနက် (၆)နာရီအချိန်က ဗုဒ္ဓါဘိသေက အနေကဇာတင်မင်္ဂလာ အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ကြသည်။



တဆက်တည်းမှာပင် တာချီလိတ်မြို့နယ်အတွင်း အန္တရာယ်ကင်းစေရန်အတွက် တာချီလိတ် ခရိုင်/မြို့နယ်၊ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ စေတနာရှင် အလှူရှင်များ၊ လူမှုရေး အသင်းအဖွဲ့များ စုပေါင်းပါဝင် ဆင်ယင် ကျင်းပပြုလုပ်သည့် အသံမစဲပဌာန်းပွဲ ဖွင့်ပွဲကို တာချီလိတ်မြို့နယ်၊ ၀မ်ကောင်းရပ်ကွက်ရှိ  တောင်တန်းသာသနာပြု ၀န်ထမ်းကုန်း ဘုန်းကြီးကျောင်းတွင် ကျင်းပပြုလုပ်ပြီး (၅)ရက်တိတိ အသံမစဲပဌာန်းပွဲကို အဆိုပါ ကျောင်းတိုက်မှာပင် ကျင်းပပြုလုပ်မှာ ဖြစ်ကြောင်း သိရသည်။



ဖွင့်ပွဲအဖြစ် ကျင်းပပြုလုပ်ရာတွင် တာချီလိတ်မြို့တောင်တန်းသာသနာပြုဆရာတော်ဘုရားကြီးမှ တရားတော်များ ချီးမြှင့်တော်မူပြီး ပင့်ဖိတ်ထားသော သံဃာတော် အရှင်သူမြတ်များမှ ဘုရားပင့်ဂါထာများ၊ ပဌာန်းများ ရွတ်ဖတ်ပြီး ဧည့်ပရိသတ်များက ဂုဏ်တော်ပွားများကြသည်။

အဆိုပါ အသံမစဲပဌာန်းပွဲကို ယနေ့ နိုဝင်ဘာလ(၂၇)ရက်နေ့ မှစတင်ကာ ဒီဇင်ဘာလ(၁)ရက်နေ့အထိ (၅)ရက်တိုင်တိုင် ကျင်းပပြုလုပ်မှာဖြစ်ကြောင်း သိရသည်။
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~


~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~


Viewing all articles
Browse latest Browse all 18345

Trending Articles


တာချီလိတ်မြို့မှာ ကျင်းပပြီး နိုင်ငံပေါင်း ၁၉နိုင်ငံက လာရောက်မည့်...


သင့် ကိုယ်လုံးတီး ပုံများ အွန်လိုင်းပေါ် မရောက်ရလေအောင်


Bern , Switzerland, ဆွန်ဇာလန် နိုင်ငံ ၊ ဘန်းမြို့ ရဲ့ သာယာ လှပပြီး ရှု မညီးတဲ့...


ရဟန်းနှင့် ဘွဲ့ဒီဂရီ


ငတုံး ပုံပြင်ကိုအဆုံးသတ်ပေးပါ


မြန်မာတွေ ကြည့်ရှု အဆင်ပြေမယ့် ဇာတ်ကား ရိုက်ကူးတယ် ဆိုသူ စံရတီမိုးမြင့်


(၁၅) မိနစ် တရားထိုင်နည်း


ဒွေး တိမ်တွေ ငိုတဲ့ခဏ ၊ ဒွေး ၊ နန္ဒာလှိုင် ၊ တင့်တင့်ထွန်း ၊ အောင်လွင် ၊ ဆင်မ


ရှမ်းကိုးပြည် တွင်ပါဝင်သော မိုးညှင်းပြည် နှင့် မိုးမိတ်ပြည် ကို ဘုရင့်နောင်...


၆နှစ်ပြည့်ရွှေဝါရောင်တော်လှန်ရေးသို့သမိုင်းအား လိမ်ညှာခဲ့သော...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>