Quantcast
Channel: TNA ❃ Tachileik News Agency ❃ www.tachileik.net
Viewing all articles
Browse latest Browse all 18345

အကောက်ခွန် လုပ်ငန်းများ ဆိုင်ရာ ၀န်ဆောင်မှု သင်တန်း တာချီလိတ်တွင် ဖွင့်လှစ်

$
0
0

အကောက်ခွန်လုပ်ငန်းများဆိုင်ရာ ၀န်ဆောင်မှု အသင်းနှင့် တာချီလိတ် နယ်စပ်ကုန်သည်ကြီးများ အသင်း၊တို့မှ စီစဉ် ဖွင့်လှစ်သည့် အကောက်ခွန်လုပ်ငန်းများဆိုင်ရာ ၀န်ဆောင်မှုသင်တန်း အမှတ်စဉ်(၃၆)ဖွင့်ပွဲကို ယနေ့ နိုဝင်ဘာ (၁၇) ရက်၊ နံနက် (၈)နာရီက တာချီလိတ်မြို့ ၊ ၀မ်ကောင်း ရပ်ကွက်၊ ဘုရင့်နောင်ဈေး၊ (f) ရုံအပေါ်ထပ်တွင် ကျင်းပကြောင်း သိရသည်။


အခမ်းအနားတွင် အကောက်ခွန်ဦးစီးဌာန မှ ညွှန်ကြားရေးမှူးချုပ် ဦးထွန်းသိန်း က သင်တန်းအဖွင့် အမှာစကားပြောကြားပြီး တာချီလိတ်နယ်စပ်ကုန်သွယ်ရေး ကုန်သည်များအသင်း ကိုယ်စား ၊ မြန်မာနိုင်ငံ အကောက်ခွန်လုပ်ငန်းများဆိုင်ရာ ၀န်ဆောင်သူများ အသင်း (ရန်ကုန်)မှ ဥက္ကဋ္ဌ ဦးညီညီအောင် က သင်တန်းနှင့် စပ်လျဉ်းပြီးရှင်းလင်း ပြောကြားသည်။




အဆိုပါ သင်တန်းတွင် Valuation , Duty Free Shop, Bonded Ware House, CMP လက်ခစားစနစ်၊Non-Licence ဆိုင်ရာ သတ်မှတ်ပြဌာန်းချက်များ၊ Import and Export သွင်း/ပို့ကုန်း လုပ်ငန်းစဉ်/စစ်ဆေးခြင်း၊ ထောက်ခံချက်ရယူ တင်ပြရန် ကိစ္စများ၊ H.S Structure G.I.R ၊ သွင်းကုန် ကွဲလွဲခြင်းအတွက် ဒဏ်တပ်ရိုက်ခြင်း၊ FDA အကြောင်းသိကောင်းစရာ၊ သား၊ ငါး တင်သွင်း၊ တင်ပို့ အကြောင်း သိကောင်းစရာများ၊ အထူးအမိန့်လုပ်ထုံးလုပ်နည်း၊ မော်တော်ယာဉ်စီမံချက်၊ ပြည်တွင်းအခွန်၊ ဖမ်းဆီး၊ တားဆီး လုပ်ထုံးလုပ်နည်းများ၊ လေလံတင် ထုခွဲရောင်းချခြင်း၊ အကောက်အခွန် အကြောင်း သိကောင်းစရာများ၊ Draw Back ပြန်လျှော့ အကောက်ခွန်၊ Temporary Importation ယာယီ တင်သွင်းခြင်း၊ AEC၊ ATIGA ၊ ID/ ED ဖြည့်စွက်ခြင်း၊ စည်းကြပ်တွက်ချက်ခြင်း၊ အာမခံစဘော်နှင့် အကောက်ခွန် ရှင်းလင်းရေးအကြောင်း သိကောင်းစရာများ စသည့် ခေါင်းစဉ်များအား သင်ကြားပို့ချ
သွားမည်ဖြစ်သည်။



သင်တန်းသို့ လုပ်ငန်းနယ်ပယ်အသီးသီး မှ သင်တန်းသား၊ သင်တန်းသူ(၁၀၀)ဦးခန့် တက်ရောက်ပြီး၊ သင်တန်းကာလမှာ နိုဝင်ဘာ (၁ရ)ရက်မှ ဒီဇင်ဘာလ (၁၂)ရက်နေ့အထိ ဖွင့်လှစ် သွားမည် ဖြစ်ကြောင်း သိရှိရသည်။

ဓါတ်ပုံ / သတင်း ။  ။ ဝေယံလင်း

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~



~~~~~~~~~ ကြော်ငြာ ~~~~~~~~~


Viewing all articles
Browse latest Browse all 18345

Trending Articles


ဂျူးပင် စိုက်ပျိုးနည်း


သင့် ကိုယ်လုံးတီး ပုံများ အွန်လိုင်းပေါ် မရောက်ရလေအောင်


Bern , Switzerland, ဆွန်ဇာလန် နိုင်ငံ ၊ ဘန်းမြို့ ရဲ့ သာယာ လှပပြီး ရှု မညီးတဲ့...


ရဟန်းနှင့် ဘွဲ့ဒီဂရီ


ရှမ်းကိုးပြည် တွင်ပါဝင်သော မိုးညှင်းပြည် နှင့် မိုးမိတ်ပြည် ကို ဘုရင့်နောင်...


မြန်မာတွေ ကြည့်ရှု အဆင်ပြေမယ့် ဇာတ်ကား ရိုက်ကူးတယ် ဆိုသူ စံရတီမိုးမြင့်


(၁၅) မိနစ် တရားထိုင်နည်း


ဒွေး တိမ်တွေ ငိုတဲ့ခဏ ၊ ဒွေး ၊ နန္ဒာလှိုင် ၊ တင့်တင့်ထွန်း ၊ အောင်လွင် ၊ ဆင်မ


သာကူ⁠ပြင် ⁠ပြုလုပ်နည်း


၆နှစ်ပြည့်ရွှေဝါရောင်တော်လှန်ရေးသို့သမိုင်းအား လိမ်ညှာခဲ့သော...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>