လွန်ခဲ့သော နှစ်သန်းပေါင်း(၁၄၀)ခန့်က ဒိုင်နိုဆော မျိုးစိတ် တစ်မျိုး၏ သွားအား တွေ့ရှိကြောင်း မလေးရှားနိုင်ငံ သုတေသန ပြောကြားသည်။
သွားနှင့်အတူ ဒိုင်နိုဆောရဲ့ ကျန်ခန္ဓာကိုယ် အစိတ်အပိုင်း ကျောက်ဖြစ်ရုပ်ကြွင်းများကိုလည်း ဆက်လက်တူးဖေါ်လျှက်ရှိကြောင်းနှင့် လွန်ခဲ့သည့် (၂)နှစ်လောက်မှ ဒိုင်နိုဆော ရုပ်ကြွင်းတွေကို တူးဖေါ်တွေ့ရှိခဲ့ပြီး သုတေသနကို ဂျပန်နိုင်ငံ ၀ါဆဒါ တက္ကသိုလ်နဲ့ ကူမမိုတို တက္ကသိုလ်တို့မှ ဆောင်ရွက်နေတာဖြစ်ကြောင်းသိရသည်။
၎င်းသွားဟာ (၁၂)မီလီမီတာရှည်ပြီး (၁၀.၅) မီလီမီတာ ထူကြောင်း ဒိုင်နိုဆောရဲ့ အရွယ်ကိုတော့ မြင်းတစ်ကောင်လောက် ရှိနိုင်ကြောင်း၊ အနည်းဆုံးလွန်ခဲ့တဲ့ နှစ်သန်းပေါင်း(၇၅)နှစ်ခန့်က ရုပ်ကြွင်းများကိုလဲ တွေ့ရှိရပြီး ရေသတ္တ၀ါများကို စားသုံးသည့် (Spinosaurid)စပန်နိုဆောရပ် ဒိုင်နိုဆောမျိုးစိတ်များ ကျင်လည်ကျက်စားရာ ဒေသများဖြစ်နိုင်ကြောင်း သိရပါတယ်။
ဘာသာပြန် ။ ။ မင်းသုတ
Ref; rt.com

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
Facebook: www.fb.com/TachileikNews
Youtube: www.youtube.com/ TachileikNews
Email: tachileik@tachileik.net