Quantcast
Channel: TNA ❃ Tachileik News Agency ❃ www.tachileik.net
Viewing all articles
Browse latest Browse all 18345

၉၄ နှစ်မြောက် အမျိုးသားနေ့ အထိမ်းအမှတ် တာချီလိတ်၌ ပြုလုပ်

$
0
0
ယနေ့ တန်ဆောင်မုန်း လဆုတ်(၁၀)၊ နိုဝင်ဘာလ(၁၆)ရက်နေ့တွင် ကျရောက်သော မြန်မာနိုင်ငံ၏ (၉၄)နှစ်မြောက် အမျိုးသားနေ့ အထိမ်းအမှတ် အခမ်းအနားအား အခြေခံပညာ အထက်တန်းကျောင်း (ဆန်ဆိုင်း)တွင် နံနက် (၉)နာရီက အချိန်က ကျင်းပပြုလုပ်ခဲ့ကြသည်။



အခမ်းအနားတွင် တာချီလိတ်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်းက အမျိုးသားနေ့ အကြောင်းအရာများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး (၉၄)နှစ်မြောက် အမျိုးသားနေ့ အထိမ်းအမှတ် အဖြစ် ပြုလုပ်ခဲ့ပြီးသော အထက်တန်းအဆင့် ကဗျာ နှင့် စာစီစာကုံးပြိုင်ပွဲတို့တွင် ဆုများရရှိသည့် ကျောင်းသား၊ ကျောင်းသူများအား ဆုများ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြသည်။




အမျိုးသားနေ့ အထိမ်းအမှတ်အဖြစ် အထက်တန်းအဆင့် ကဗျာ နှင့် စာစီစာကုံးပြိုင်ပွဲတွင် ဆုများရရှိသည့် ကျောင်းသား၊ ကျောင်းသူများကို တာချီလိတ်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်း၊ မြို့နယ်ပညာရေးမှူး ဦးစိန်ထွန်းလှ၊ ပြည်တွင်းအခွန်ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးညီညီလှိုင်၊ ခရိုင်အမျိုးသမီးရေးရာ အဖွဲ့ ဥက္ကဌ ဒေါ်ဝင်းဝင်းသန့်၊ မြို့နယ် အမျိုးသမီးရေးရာ အဖွဲ့ ဥက္ကဌ ဒေါ်အေးသန္တာကျော် နှင့် မြို့နယ်အထောက်အကူပြု ကော်မတီ ဥက္ကဌ ဦးကြည်မြင့်တို့မှ ဆုများ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြသည်။




အမျိုးသားနေ့ ဖြစ်ပေါ်လာပုံနှင့် ပတ်သက်၍ နယ်ချဲ့လက်အောက်ခံ ကိုလိုနီဘ၀သို့ ကျရောက်ခဲ့ရာမှ နယ်ချဲ့ဆန့်ကျင်ရေးနှင့် အမျိုးသား လွတ်မြောက်ရေး လှုပ်ရှားမှုအဖြစ် မြန်မာသက္ကရာဇ် ၁၂၈၂ တန်ဆောင်မုန်းလပြည့်ကျော် (၁၀)ရက် [ ၁၉၂၀ ပြည့်နှင့် ဒီဇင်ဘာလ (၅)ရက်]နေ့တွင် ရန်ကုန်တက္ကသိုလ် အက်ဥပဒေကို တက္ကသိုလ်ကျောင်းသားများက သပိတ်မှောက် ဆန့်ကျင်ခဲ့ရာမှ အမျိုးသားနေ့ ဖြစ်ပေါ်လာတာဖြစ်ပြီး ယနေ့လို အမျိုးသားနေ့ အခမ်းအနားများကို နှစ်စဉ် မြန်မာလရာသီ တန်ဆောင်မုန်း လပြည့်ကျော် (၁၀)ရက်နေ့ ရောက်တိုင်း အမျိုးသားနေ့ အထိမ်းအမှတ်အဖြစ် အခမ်းအနားများကို ဂုဏ်ပြု ကျင်းပပြုလုပ်လေ့ရှိကြောင်း သိရှိရသည်။

သတင်း ။  ။ ကိုဇောင်း
ဓါတ်ပုံ ။  ။ ဇောင်းညီ

ပုံများကိုကြည့်ရန်
၉၄ နှစ်မြောက် အမျိုးသားနေ့ အထိမ်းအမှတ် တာချီလိတ်၌ ပြုလုပ်
45 photos

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~



~~~~~~~~~ ကြော်ငြာ ~~~~~~~~~


Viewing all articles
Browse latest Browse all 18345

Trending Articles


ဂျူးပင် စိုက်ပျိုးနည်း


ဒေါ်နယ်ထရန့် အိမ်တော် (သို့မဟုတ်) အိမ်ဖြူတော်ရဲ့ ထူးခြားချက်များ


Bern , Switzerland, ဆွန်ဇာလန် နိုင်ငံ ၊ ဘန်းမြို့ ရဲ့ သာယာ လှပပြီး ရှု မညီးတဲ့...


ရဟန်းနှင့် ဘွဲ့ဒီဂရီ


တာချီလိတ်မြို့နယ် ပညာရေးဖောင်ဒေးရှင်းမှ အသင်းသားစုံညီ နှင့်...


အလောင်းမင်းတရားမှ ဟံသာဝတီပဲခူးကို သိမ်းပိုက်နိုင်ခြင်း


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ဒွေး တိမ်တွေ ငိုတဲ့ခဏ ၊ ဒွေး ၊ နန္ဒာလှိုင် ၊ တင့်တင့်ထွန်း ၊ အောင်လွင် ၊ ဆင်မ


သာကူ⁠ပြင် ⁠ပြုလုပ်နည်း


၆နှစ်ပြည့်ရွှေဝါရောင်တော်လှန်ရေးသို့သမိုင်းအား လိမ်ညှာခဲ့သော...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>