Quantcast
Channel: TNA ❃ Tachileik News Agency ❃ www.tachileik.net
Viewing all articles
Browse latest Browse all 18345

(၂၅)နှစ်မြာက် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂညီလာခံ သဘောတူစာချုပ် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် အခမ်းအနား တာလေ အ.ထ.က တွင် ကျင်းပ

$
0
0
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင်၊ တာချီလိတ်မြို့နယ် လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၊တပ်ဖွဲ့စု(၁)နှင့် ဝေါလ်ဗီရှင်(မြန်မာ)တာချီလိတ်တို့ ပူးပေါင်းပြီး (၂၅)နှစ်မြောက် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂ ညီလာခံသဘောတူ စာချုပ်နှစ်ပတ်လည်နေ့ အထိမ်းအမှတ် အခမ်းအနားကို ယနေ့ နိုဝင်ဘာ (၁၅)ရက်၊ နံနက် (၉) နာရီက တာလေမြို့၊ အခြေခံပညာ အထက်တန်းကျောင်းဝင်း အတွင်း၌ ကျင်းပခဲ့ကြသည်။




အခမ်းအနားတွင် တေးသရုပ်ဖော်ပြိုင်ပွဲနှင့် တစ်ခန်းရပ်ပြဇာတ် ပြိုင်ပွဲများအား အခြေခံပညာမူလတန်း၊အလယ်တန်း၊ အထက်တန်းကျောင်းများမှ ကျောင်းသားကျောင်းသူများက အဖွဲ့အလိုက် ယှဉ်ပြိုင်ကြသည်။ ထို့နောက် အစီအစဉ်အရ တာလေမြို့ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီ ဥက္ကဋ္ဌ မြို့အုပ်ချုပ်ရေးမှူး ဦးဝင်းအောင်က အထိမ်းအမှတ် အခမ်းအနား ကျင်းပရခြင်းနှင့် စပ်လျဉ်း၍ အဖွင့်အမှာ စကားပြောကြားပြီး၊ ကလေး သူငယ်အခွင့်အရေးများအတွက် ပူးပေါင်းဆောင်ရွက်လျက်ရှိသော အဖွဲ့အစည်းများ ကိုယ်စား ဝေါလ်ဗီရှင်(မြန်မာ) တာချီလိတ် မှ မန်နေဂျာ ဒေါ်နန်းခမ်းခေါင်က လက်ရှိ ဆောင်ရွက်နေသည့် လုပ်ငန်းများနှင့် စပ်လျဉ်းပြီး ရှင်းလင်းပြောကြားသည်။




ဆက်လက်၍ နှစ်ပတ်လည်နေ့အထိမ်းအမှတ်အဖြစ် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ရှင်သန်ခွင့်၊ ဖွံ့ဖြိုးခွင့်၊ ကာကွယ်စောင့်ရှောက်ခံ ပိုင်ခွင့် နှင့် ပါဝင်ဆောင်ရွက်ခွင့်စသည့် အချက်များ နှင့် အညီ အခြေခံပညာ အထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်း (၂၄)ကျောင်းမှ ကျောင်းသားကျောင်းသူ (၃၀၀)ဦးခန့် က ပူစီပေါင်းဖောက်ပြိုင်ပွဲ၊ မုန့်စားပြိုင်ပွဲ၊ အာလူးကောက်ပြိုင်ပွဲ ၊ သုံးချောင်းထောက်ပြိုင်ပွဲ၊ ပင်ပေါင်ရိုက်ပြိုင်ပွဲ၊ ပိုက်ကျော်ခြင်းပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲ၊ ကာတွန်းပြိုင်ပွဲ၊ တေးသရုပ်ဖော်ပြိုင်ပွဲများနှင့် တစ်ခန်းရပ်ပြဇာတ် ပြိုင်ပွဲများကို ၀င်ရောက် ယှဉ်ပြိုင်ခဲ့ကြသည်။




ပြိုင်ပွဲများတွင် ဆုများရရှိသည့် ကျောင်းသားကျောင်းသူများကို တာချီလိတ်ခရိုင် အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌ ဒေါ်ဝင်းဝင်းသန့်၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌ ဒေါ်အေးသန္တာကျော် ၊ တာလေမြို့အုပ်ချုပ်ရေးမှူး ဦးဝင်းအောင်၊ မြို့နယ်လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့၊  ဒုတပ်ဖွဲ့စုမှူး ဒုတိယရဲမှူး ရင်ရင်အေး၊ ဝေါလ်ဗီရှင်(မြန်မာ) တာချီလိတ် မှ မန်နေဂျာ ဒေါ်နန်းခမ်းခေါင် နှင့် တာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

သတင်း   ။  ။ ဝေယံလင်း
ဓါတ်ပုံ ။  ။ ကိုဇောင်း

ပုံများကိုကြည့်ရန်
(၂၅)နှစ်မြာက် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ တာလေတွင်...........
66 photos

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~

~~~~~~~~ ကြော်ငြာ ~~~~~~~~~



Viewing all articles
Browse latest Browse all 18345

Trending Articles


ဂျူးပင် စိုက်ပျိုးနည်း


ဦးမျိုးရန်နောင်သိမ်း လွတ်မြောက်


Bern , Switzerland, ဆွန်ဇာလန် နိုင်ငံ ၊ ဘန်းမြို့ ရဲ့ သာယာ လှပပြီး ရှု မညီးတဲ့...


ရဟန်းနှင့် ဘွဲ့ဒီဂရီ


ခြေလျင်နှင့်ခြေမြန်တပ်ရင်းများကွာခြားပုံ


ရှမ်းကိုးပြည် တွင်ပါဝင်သော မိုးညှင်းပြည် နှင့် မိုးမိတ်ပြည် ကို ဘုရင့်နောင်...


မြန်မာတွေ ကြည့်ရှု အဆင်ပြေမယ့် ဇာတ်ကား ရိုက်ကူးတယ် ဆိုသူ စံရတီမိုးမြင့်


(၁၅) မိနစ် တရားထိုင်နည်း


ဒွေး တိမ်တွေ ငိုတဲ့ခဏ ၊ ဒွေး ၊ နန္ဒာလှိုင် ၊ တင့်တင့်ထွန်း ၊ အောင်လွင် ၊ ဆင်မ


သာကူ⁠ပြင် ⁠ပြုလုပ်နည်း



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>