မြန်မာနိုင်ငံ ရှမ်းပြည်နယ် အရှေ့ပိုင်းဒေသတွင် အများအဆုံးနေထိုင်လျက်ရှိပြီး တရုတ်၊ လာအို နှင့် ထိုင်းနိုင်ငံတို့တွင်လည်း နေထိုင်လျက်ရှိသည့် အာခါတိုင်းရင်းသားတို့၏ သတ္တမအကြိမ်မြောက် အာခါစုပေါင်း ခါးထောင်းဖါးပွဲတော်ကြီးကို တာချီလိတ်မြို့ရှိ အာခါစာပေနှင့် အာခါရိုးရာ ယဉ်ကျေးမှုအဖွဲ့မှ ယခင်နှစ်နှင့်မတူ စည်ကားသိုက်မြိုက်စွာဖြင့် တာချီလိတ်မြို့ ရှမ်းရိုးမကွင်း၌ ဒီဇင်ဘာလ(၈)ရက်မှ (၁၀)ရက်နေ့အထိ ကျင်းပပြုလုပ်နိုင်ရန်အတွက် ယခုအပတ်အတွင်းက အာခါစာပေနှင့် အာခါရိုးရာ ယဉ်ကျေးမှုအဖွဲ့ဝင်များ၊ အာခါတိုင်းရင်းသား ကိုယ်စားလှယ်များ စသည်တို့မှ တွေ့ဆုံ၍ အစည်းအဝေး ပြုလုပ်ခဲ့ကြောင်း သိရသည်။
နှစ်စဉ်နှစ်တိုင်း ကျင်းပလာခဲ့ရာမှာ ယခုအခါမှာ (၇)ကြိမ်မြောက်တော့မှာ ဖြစ်သည့် အာခါစုပေါင်း ခါးထောင်းဖါး ပွဲတော်ကြီးတွင် အာခါတိုင်းရင်းသား ရိုးရာဝတ်စုံများကို ချစ်မြတ်နိုးစွာ ဝတ်ဆင်၍ ရပ်နီးရပ်ဝေးမှ အာခါတိုင်းရင်းသားများ စုံလင်စွာ တက်ရောက်ဆင်နွှဲကြမှာဖြစ်ပြီး ရပ်ဝေးမှ လာရောက်မည့် အာခါတိုင်းရင်းသားများအတွက် ပွဲတော်ကာလအတွင်း နေထိုင်စားသောက်စရိတ်များကို ပွဲတော်ဖြစ်မြောက်ရေးအဖွဲ့မှ ထောက်ပံ့ပေးအပ်သွားမှာဖြစ်ပြီး နယ်ဝေးမှ အာခါတိုင်းရင်းသားများ အနေဖြင့်လည်း တက်ရောက်ဆင်နွှဲစေလိုကြောင်း အာခါစာပေနှင့်အာခါရိုးရာယဉ်ကျေးမှုအဖွဲ့မှ ဖိတ်ခေါ်လျက်ရှိကြောင်း သိရသည်။
အဆိုပါ ပွဲတော်တွင် အာခါရိုးရာ ခေတ်ဟောင်းတေးသီချင်းများ၊ အကများ၊ ခေတ်ပေါ် သီချင်းများ၊ အကများဖြင့် အာခါရိုးရာဓလေ့ကို ထုတ်ဖော်၍ ပြသကာ ယခုနှစ်နှင့်မတူ စည်ကားသိုက်မြိုက်စွာဖြင့် ကျင်းပပြုလုပ်ကြမှာ ဖြစ်သည့်အတွက် အာခါတိုင်းရင်းသားအားလုံး တက်ရောက် ဆင်နွှဲနိုင်ရန် နှင့် ပွဲတော်ကာလ အကြောင်းအရာများနှင့် ပတ်သက်၍ အောက်ပါ ဆက်သွယ်ရန် ဖုန်းနံပါတ်များမှ တဆင့်လည်း ဆက်သွယ် စုံစမ်းနိုင်မှာ ဖြစ်ကြောင်း သိရသည်။
အဆိုပါ တွေ့ဆုံ စည်းဝေးပွဲတွင် အာခါရိုးရာဘာသာဝင်ခေါင်းဆောင် ဦးမင်းညို၊ အာခါရိုးရာ ဘာသာဝင် ဥက္ကဌ ဦးချစ်ဂျွေ့ နှင့် အာခါစာပေနှင့်အာခါရိုးရာယဉ်ကျေးမှုအဖွဲ့ဝင်များ အပါအ၀င် အာခါတိုင်းရင်းသား စုစုပေါင်း(၆၀)ခန့် တက်ရောက်လာပြီး မြန်မာနိုင်ငံအပါအ၀င်၊ ထိုင်း၊ တရုတ် နှင့် လာအို စသည့် နိုင်ငံများမှ အာခါတိုင်းရင်းသားများ ရောက်ရှိ ဆင်နွှဲမည့် သတ္တမအကြိမ်မြောက် အာခါစုပေါင်း ခါးထောင်းဖါး ပွဲတော်ကြီး အတွက် တိုင်ပင်ဆွေးနွေးကြသည်။
အဆိုပါ အစည်းအဝေး၏ ဆုံးဖြတ်ချက်တွင် ပွဲတော်သို့ ရောက်ရှိလာမည့် ကျိုင်းတုံ အပါအ၀င် ထိုင်း၊ တရုတ် နှင့် လာအို စသည့် ရပ်ဝေးမှ ရောက်ရှိလာမည့် အာခါတိုင်းရင်းသား၊ ဧည့်သည်တော်များ၊ ဆွေမျိုးများအား စားသောက်စရိတ် နှင့် တည်းခိုစရိတ်များကိုလည်း စီစဉ်ပေးမည်ဖြစ်ကြောင်း နှင့် ပွဲတော်နေရာအား ယခင်နှစ်နည်းတူ တာချီလိတ်မြို့ ရှမ်းရိုးမကွင်းတွင် ကျင်းပပြုလုပ်နိုင်ရန် အားလုံးသဘောတူညီစွာ ဆုံးဖြတ်ခဲ့ကြကြောင်း သိရသည်။
နှစ်စဉ်နှစ်တိုင်း ကျင်းပလာခဲ့ရာမှာ ယခုအခါမှာ (၇)ကြိမ်မြောက်တော့မှာ ဖြစ်သည့် အာခါစုပေါင်း ခါးထောင်းဖါး ပွဲတော်ကြီးတွင် အာခါတိုင်းရင်းသား ရိုးရာဝတ်စုံများကို ချစ်မြတ်နိုးစွာ ဝတ်ဆင်၍ ရပ်နီးရပ်ဝေးမှ အာခါတိုင်းရင်းသားများ စုံလင်စွာ တက်ရောက်ဆင်နွှဲကြမှာဖြစ်ပြီး ရပ်ဝေးမှ လာရောက်မည့် အာခါတိုင်းရင်းသားများအတွက် ပွဲတော်ကာလအတွင်း နေထိုင်စားသောက်စရိတ်များကို ပွဲတော်ဖြစ်မြောက်ရေးအဖွဲ့မှ ထောက်ပံ့ပေးအပ်သွားမှာဖြစ်ပြီး နယ်ဝေးမှ အာခါတိုင်းရင်းသားများ အနေဖြင့်လည်း တက်ရောက်ဆင်နွှဲစေလိုကြောင်း အာခါစာပေနှင့်အာခါရိုးရာယဉ်ကျေးမှုအဖွဲ့မှ ဖိတ်ခေါ်လျက်ရှိကြောင်း သိရသည်။
အဆိုပါ ပွဲတော်တွင် အာခါရိုးရာ ခေတ်ဟောင်းတေးသီချင်းများ၊ အကများ၊ ခေတ်ပေါ် သီချင်းများ၊ အကများဖြင့် အာခါရိုးရာဓလေ့ကို ထုတ်ဖော်၍ ပြသကာ ယခုနှစ်နှင့်မတူ စည်ကားသိုက်မြိုက်စွာဖြင့် ကျင်းပပြုလုပ်ကြမှာ ဖြစ်သည့်အတွက် အာခါတိုင်းရင်းသားအားလုံး တက်ရောက် ဆင်နွှဲနိုင်ရန် နှင့် ပွဲတော်ကာလ အကြောင်းအရာများနှင့် ပတ်သက်၍ အောက်ပါ ဆက်သွယ်ရန် ဖုန်းနံပါတ်များမှ တဆင့်လည်း ဆက်သွယ် စုံစမ်းနိုင်မှာ ဖြစ်ကြောင်း သိရသည်။
- ဦးချစ်ဂျွေ့
- မြန်မာဖုန်း။ ။ 094903308 ၊ ထိုင်းဖုန်း။ ။ 0884044407
- ဦးမောထူ
- မြန်မာဖုန်း။ ။ 09250476738၊ ထိုင်းဖုန်း။ ။ 0906723450
သတင်း ။ ။ ကိုဇောင်း
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
Facebook: www.fb.com/TachileikNews
Youtube: www.youtube.com/ TachileikNews
Email: tachileik@tachileik.net