Quantcast
Channel: TNA ❃ Tachileik News Agency ❃ www.tachileik.net
Viewing all articles
Browse latest Browse all 18345

ကျိုင်းလပ်မြို့၌ လက်နက်နှင့် စိတ်ကြွဆေးပြား အနည်းငယ် ဖမ်းဆီးရရှိ

$
0
0

တာချီလိတ်ခရိုင်၊ တာချီလိတ်မြို့နယ်၊ ကျိုင်းလပ်မြို့၊ မိုင်းပါလျှိုးအုပ်စု၊ နမ့်ကိုင်းကျေးရွာ ရှေ့တန်းတပ်စခန်းရှေ့တွင် ယနေ့ ၂၀၁၄ခုနှစ် နိုဝင်ဘာလ(၁၁)ရက် နေ့လယ်(၁၁း၃၀)နာရီအချိန်က ပစ္စတိုတစ်လက်နှင့်အတူ စိတ်ကြွဆေးဝါး အနည်းငယ်အား မူးယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ်နှင့် ပူးပေါင်းအဖွဲ့မှ ဖမ်းဆီးသိမ်းဆည်းရရှိကြောင်း သိရသည်။

ဖြစ်စဉ်မှာ နမ့်ကိုင်းကျေးရွာ ရှေ့တန်းတပ်စခန်းရှေ့တွင် တလောမြို့ဘက်မှ ကျိုင်းလပ်မြို့ဘက်သို့ အိုက်ငိုင်း မောင်နှင်လာပြီး နန်းလယ် စီးနင်းလိုက်ပါလာသည့် မော်တော်ယာဉ်အား အဆိုပါ ပူးပေါင်းအဖွဲ့မှ မသင်္ကာ၍ ရပ်တန့် စစ်ဆေးရှာဖွေရာမှ အိုက်ငိုင်း၏ ခါးတွင် ပွိုင့် ၄၅ ဗို့ အမျိုးအစား ပစ္စတိုသေနတ် (၁)လက်၊ ၎င်းကျည်အိမ်(၁)ခုနှင့် ၎င်းကျည်(၈)တောင့် အပြင် သေနတ်အိတ်အတွင်းမှ အပြာရောင် ပလပ်စတစ်အိတ်ဖြင့် ထည့်ထားသည့် Wy စာတမ်းပါ ပန်းရောင်စိတ်ကြွဆေးပြား (၁၉၈)ပြားအား တွေ့ရှိရကြောင်း သိရသည်။
ဆက်လက်၍ လက်ဝယ်တွေ့ရှိရသူ နှစ်ဦးအား မိုင်းပါလျှိုးနယ်မြေရဲစခန်းတွင် မယ(ပ)၂/၂၀၁၄၊ မူး/စိတ်ပုဒ်မ ၁၅/၁၉(က)/၂၂(ခ)ဖြင့် အမှုဖွင့်အရေးယူ ထားရှိကြောင်း တာချီလိတ်မူးယစ်တပ်ဖွဲ့ထဲမှ သတင်းရရှိသည်။

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~


Viewing all articles
Browse latest Browse all 18345

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>