Quantcast
Channel: TNA ❃ Tachileik News Agency ❃ www.tachileik.net
Viewing all articles
Browse latest Browse all 18345

စပိန်နိုင်ငံတွင် မတော်တဆ ယာဉ်မှောက်မှုကြောင့် လူ(၁၃)ဦးသေဆုံး

$
0
0
နိုဝင်ဘာလ(၈)ရက်နေ့ ညပိုင်းတွင် စပိန်နိုင်ငံ မက်ဒရစ်မြို့မှ စပိန်နိုင်ငံ အရှေ့တောင်ဘက်ရှိ ဗန်တာဒယ်အိုလီဗာမြို့သို့ ညဘက်မောင်းနှင်လာသော အဝေးပြေးဘတ်(စ)ကားသည် မတော်တဆမှု ဖြစ်ပွားခဲ့ရာမှ လေ့လာရေး ခရီးသည်(၁၃)ဦး သေဆုံးကြောင်း ကမ္ဘာ့သတင်းမီဒီယာများ၏ ရေးသားဖော်ပြထားချက်အရ သိရသည်။

၎င်းကားပေါ်တွင် ပါလာသော လေ့လာရေး ခရီးသွား (၅၀)ဦးအနက် (၁၃)ဦးမှာ ပွဲချင်းပြီး သေဆုံးခဲ့ရပြီး အဆိုပါ ခရီးသည်များသည် စပိန်နိုင်ငံမြို့တော်သို့ ဘာသာရေး လေ့လာရေးသွားရာမှ ပြန်လာသော ခရီးသည်များ ဖြစ်ကြောင်း သိရှိရသည်။

ဖြစ်စဉ်မှာ မောင်းနှင်လာသော မော်တော်ကားမှာ ရုတ်တရက် ဘရိတ်မမိတော့၍ ကားပေါ်တွင် ပေါ်လာသည့် ခရီးသည်များ၏ အော်ဟစ်သံများ ပွတ်လောရိုက်သွားပြီးနောက် ကားမှာအရှိန်ဖြင့် လမ်းဘေးသို့ ချော်ကျသွားရာမှ ယခုလို ယာဉ်မတော်တဆ တိမ်းမှောက်မှု ဖြစ်ပွားခဲ့ရတာဖြစ်ပြီး ဖြစ်ပွားသည့် နေရာသို့ အရေးပေါ်ကူညီကယ်ဆယ်ရေးအဖွဲ့မှ တာဝန်ရှိသူများက သွားရောက်သည့် အခါမှာ ခုလိုဖြစ်ပွားရသည့် အခြေအနေမှာ ကားဘရိတ်ပေါက်ပြီး မတော်တဆမှုဖြစ်ပွားတာဖြစ်ကြောင်း ပြောကြားသွားကြောင်း သိရှိရသည်။

ဘာသာပြန်။  ။ မင်းသုတ
Photo: STRINGER/AFP/GETTY IMAGES
Ref; nydailynews.com
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~


~~~~~~~~~ ကြော်ငြာ ~~~~~~~~~



Viewing all articles
Browse latest Browse all 18345

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>