ပြီးခဲ့သည့် နိုဝင်ဘာလ(၆)ရက်နေ့က ကနေဒါနိုင်ငံ၊ Edmonton နိုင်ငံတကာလေဆိပ်တွင် ကနေဒါနိုင်ငံ လေကြောင်းလိုင်း(Air Canada-Q400 )၏ ခရီးစဉ်၌ လေယာဉ်စီးခရီးသည်တစ်ဦးသည် ကံဆိုးစွာဖြင့် လေယာဉ်ပန်ကာပြုတ်ထွက်ကာ လေယာဉ်ပြတင်းပေါက်မှ ဖေါက်ထွင်းဝင်ရောက်လာခြင်းကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အဆိုပါက လေယာဉ်ခရီးသည်က လေယာဉ် ပန်ကာကျိုးပြတ်တောက်ပြီး လေယာဉ် မှန်ပြတင်းပေါက် အတွင်း ၀င်ရောက်လာသည်ကို တွေ့မြင်မြင်ချင်း တိမ်းရှောင်လိုက်သော်လည်း အချိန်မမှီသဖြင့် အနည်းငယ် ဒဏ်ရာရရှိသွားတာ ဖြစ်ကြောင်း ပြောကြားသွားသည်။
၎င်းအဖြစ်အပျက်ကြောင့် လေယာဉ်အား ပြေးဆွဲခြင်းကို ရပ်တန့်လိုက်ပြီး ခရီးသည်များအား အခြားလေကြောင်းလိုင်းများသို့ ပြောင်းရွှေ့ပေးလိုက်ကြောင်းလည်း သိရှိရသည်။
ဘာသာပြန်။ ။ မင်းသုတ
Photo&Ref;abcnews

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
Facebook: www.fb.com/TachileikNews
Youtube: www.youtube.com/ TachileikNews
Email: tachileik@tachileik.net