Quantcast
Channel: TNA ❃ Tachileik News Agency ❃ www.tachileik.net
Viewing all articles
Browse latest Browse all 18345

အမေရိကန်နိုင်ငံသား နှစ်ဦး မြောက်ကိုရီးယားနိုင်ငံမှ ပြန်လည်လွတ်မြောက်လာ

$
0
0

အမေရိကန်နိုင်ငံ National Intelligence Agency မှ ဒါရိုက်တာ James Clapperသည် မြောက်ကိုရီးယားနိုင်ငံ ခရီးစဉ်အပြန်မှာ မြောက်ကိုရီးယားနိုင်ငံမှာ ဖမ်းဆီးခံထားရတဲ့ အမေရိကန်နိုင်ငံသား နှစ်ဦးကို ပြန်လည် ခေါ်ဆောင်လာခဲ့တယ်လို့ သိရပါတယ်။

Kenneth Bae  နှင့် Matthew Miller  [ Photo: Reuters]

ဒီကိစ္စနှင့်ပတ်သက်ပြီး အမေရိကန် သမ္မတ ဘားရက်အိုဘားမားကတော့ သူတို့တွေကို လုံခြုံစိတ်ချစွာ အိမ်ပြန်ခေါ်လာခဲ့တဲ့အတွက် ၀မ်းမြောက်ဖွယ်ရာ နေ့တစ်နေ့ဖြစ်ကြောင်းနဲ့ အကောင်းဆုံး စွမ်းဆောင်နိုင်မှုဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

အမေရိကန်နိုင်ငံသား Kenneth Bae နှင့် Matthew Miller တို့နှစ်ဦးကို  တင်ဆောင်လာတဲ့ လေယာဉ်ဟာ ယနေ့ နိုဝင်ဘာလ(၉)ရက်နေ့မှာ ၀ါရှင်တန်ပြည်နယ်၊ Tacoma မြို့အနီးရှိ စစ်ဘက်ဆိုင်ရာ လေယာဉ်ကွင်းသို့ ရောက်ရှိမှာဖြစ်ကြောင်း သိရပါတယ်။

ပြန်လည်လွတ်မြောက်လာတဲ့ အမေရိကန်နိုင်ငံသားများအနက် Kenneth Bae ဟာ (၂)နှစ်နီးပါး ဖမ်းဆီးခံထားရတာဖြစ်ပြီး  Matthew Miller ကတော့ (၇)လခန့် ဖမ်းဆီးခံထားရတာ ဖြစ်ကြောင်းသိရပါတယ်။

အခုလို နိုင်ငံသားလဲလှယ်မှုဟာ အမေရိကန်နှင့် မြောက်ကိုရီးယားနိုင်ငံတို့၏ သံတမန်ရေးရာ နည်းလမ်းသစ်များ ဖြစ်နိုင်ကြောင်း ကမ္ဘာ့သတင်းမီဒီယာများက သုံးသပ်ဖေါ်ပြထားပါတယ်။

ဘာသာပြန် ။  ။ မင်းသုတ
ref;bbc
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~




Viewing all articles
Browse latest Browse all 18345

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>