ထိုင်းနိုင်ငံ တော်ဝင်မိသားစုမှ မိုင်းဖုန်းဆရာတော်အား မြဘုရားပုံတူဆင်းတုတော် နှစ်ဆူနှင့် ရွှေဘုရားတစ်ဆူ လှူဒါန်းထားရှိရာ မိုင်းဖုန်းဆရာတော်မှ တာချီလိတ်တပ်နယ်မှ တပ်မတော်သားများ ဖူးမျှော် ကြည်ညိုနိုင်ရန်အတွက် ရွှေဘုရားတစ်ဆူ နှင့် တာချီလိတ်မြို့အတွင်းရှိ ဒေသခံ တိုင်းရင်းသားများ နှင့် အများပြည်သူများ စသည့် ခုနစ်ရက်သားသမီးများ ဖူးမျှော် ကြည်ညိုနိုင်ရန်အတွက် မြဘုရားဆင်းတုတော်တစ်ဆူကို ယနေ့ ၂၀၁၄ခုနှစ် နိုဝင်ဘာလ(၈)ရက် နေ့လယ်ပိုင်းက ဆရာတော်မှ တဆင့်ပြန်လည် ပေးအပ်လှူဒါန်းလာသည်။
ထိုသို့ တဆင့်ပြန်လည် ပေးအပ်လှူဒါန်းလာမှုကို တာချီလိတ်စစ်ဗျူဟာ (အခြေချ) စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ဇော်နိုင်ဦးက တပ်မတော်သားများ ဖူးမျှော်ကြည်ညိုနိုင်ရန် အတွက် စစ်ဗျူဟာဓမ္မာရုံသို့ ပင့်ဆောင်ပြီး တာချီလိတ်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်းမှ တာချီလိတ်မြို့နယ်ဓမ္မာရုံသို့ ပင့်ဆောင်လာခဲ့သည်။
မကြာမီကာလ အတွင်း၌ မိုင်းဖုန်းဆရာတော်မှ ပေးအပ်လှူဒါန်းလာသော မြဘုရားပုံတူဆင်းတုတော်အား ဗုဒ္ဓါဘိသေက အနေကဇာတင် မင်္ဂလာ နှင့် တာချီလိတ်မြို့အတွင်း အန္တရာယ်ကင်း ပဋ္ဌာန်းရွတ်ဖတ် ပူဇော်ပွဲတို့ကို တာချီလိတ်မြို့နယ်ဓမ္မာရုံတွင် ကျင်းပပြုလုပ်သွားမှာ ဖြစ်ကြောင်း သိရှိရသည်။

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
Facebook: www.fb.com/TachileikNews
Youtube: www.youtube.com/ TachileikNews
Email: tachileik@tachileik.net