Quantcast
Channel: TNA ❃ Tachileik News Agency ❃ www.tachileik.net
Viewing all articles
Browse latest Browse all 18345

မြန်မာနိုင်ငံရှိ နယ်စပ်ထွက်ပေါက် ၀င်ပေါက်များတွင် ကညနမှ ကား/ဆိုင်ကယ် မရွေး ကျပ် ၁၀၀၀ အဖြစ် တိုးမြှင့်ကောက်ခံရာတွင် တာချီလိတ်လည်း အပါအ၀င်

$
0
0
မြန်မာနိုင်ငံနှင့် နယ်နိမိတ်ချင်း ထိစပ်နေလျက်ရှိသည့် တစ်ဖက်နိုင်ငံများမှ မြန်မာနိုင်ငံအတွင်းသို့ တရားဝင် ခွင့်ပြုချက်ဖြင့် ခေတ္တ၀င်ရောက် သွားလာနေသော ယာဉ်များ နှင့် တစ်ဖက်နိုင်ငံသို့ ခေတ္တထွက်ခွာသည့် မြန်မာနိုင်ငံ မှတ်ပုံတင်ယာဉ်များအား လည်းကောင်း နိုင်ငံခြားငွေနှင့် မြန်မာကျပ်ငွေ ကောက်ခံခြင်းကို မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာအရ နယ်စပ်ထွက်ပေါက်များတွင် မည်သည့်ယာဉ်များကိုမဆို ကညန မှ ၂၀၁၄ခုနှစ် နိုဝင်ဘာလ(၁)ရက်နေ့မှစ၍ (၁)ရက်လျှင် (၁၀၀၀)ကျပ်ဖြင့် ကောက်ခံနေပြီဖြစ်ကြောင်း သိရသည်။
( အမှတ်တံတား(၁) တာချီလိတ်တံတားတွင် အသိပေးထားပုံ )

မြန်မာတစ်နိုင်ငံလုံးရှိ နယ်စပ်ထွက်ပေါက်၊ ၀င်ပေါက်များတွင် ယခုလို မော်တော်ကား၊ မော်တော်ဆိုင်ကယ် ခွဲခြားထားခြင်း မရှိဘဲ ကျပ်(၁၀၀၀)သတ်မှတ်၍ ကောက်ခံရာတွင် တာချီလိတ်မြို့လည်း အပါအ၀င်ဖြစ်ကြောင်း သိရသည်။

တာချီလိတ်မြို့ ထိုင်း - မြန်မာ အမှတ်(၁)ချစ်ကြည်ရေးတံတားတွင် ယခင်က မြန်မာ ဘက်မှ ကား/ဆိုင်ကယ်များအား (၂၀၀)ကျပ် နှင့် (၄၀၀)ကျပ် သတ်မှတ်ကောက်ခံခဲ့ပြီး ထိုင်းဘက်မှ ၀င်ရောက်လာသော ထိုင်းနံပါတ်ပါ ယာဉ်များအား မြန်မာကျပ်ငွေနှင့် ညီမျှသည့် ဘတ်(၂၀) နှင့် (၄၀) ကောက်ခံခဲ့ပြီး မှ ယခု ညွှန်ကြားချက်အရ အားလုံးတပြေးညီ ကျပ်(၁၀၀၀)ကောက်ခံလိုက်တာဖြစ်ကြောင်း သိရသည်။

"ဆိုင်ကယ်ကို ကျပ်တစ်ထောင် သတ်မှတ်လိုက်တာတော့ များတယ်၊ ကျပ်ငါးရာဆိုရင် တော်သေးတယ်၊ ကျွန်မက တစ်ပတ်မှာ (၄)ရက်လောက် သွားနေရတာ၊ တော်တော်များများအတွက်လည်း ကြာလာရင် အဆင်ပြေမှာ မဟုတ်ဘူး"ဟု ၀မ်ကောင်းဈေးမှ အထည်ရောင်းသူ တစ်ဦးကလည်း တာချီလိတ်အွန်လိုင်းသို့ ပြောလာသည်။

"ယခုလို ကောက်ခံမှုသည် တစ်နိုင်ငံလုံး အတိုင်းအတာအရ နယ်စပ်ထွက်ပေါက် ၀င်ပေါက်များမှာ တပြေးညီ သတ်မှတ်ပြီး ကောက်ခံလိုက်တာဖြစ်ပြီး တာချီလိတ်လည်း အပါအ၀င်ဖြစ်ကြောင်း"တာချီလိတ်ခရိုင် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနရုံးမှ တာဝန်ရှိသူ၏ ပြောပြချက်အရ သိရသည်။

သတင်း ။  ။ ကိုဇောင်း
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

Viewing all articles
Browse latest Browse all 18345

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>