Quantcast
Channel: TNA ❃ Tachileik News Agency ❃ www.tachileik.net
Viewing all articles
Browse latest Browse all 18345

တာချီလိတ်ရွှေတိဂုံစေတီတော် ထီးတော်တင်လှူခြင်း အထိမ်းအမှတ် (၁၆) ကြိမ်မြောက် ဘုရားအနေကဇာတင်ခြင်းနှင့် စုပေါင်း ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ကျင်းပ

$
0
0
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့ရှိ ရွှေတိဂုံစေတီတော်အား ထီးတော်တင်လှူခြင်း အထိမ်းအမှတ် အဖြစ် (၁၆) ကြိမ်မြောက် ဘုရားအနေကဇာတင်ခြင်းနှင့် စုပေါင်း ဆွမ်းလောင်းလှူပွဲကို ယနေ့ ၂၀၁၄ခုနှစ် နိုဝင်ဘာလ (၅) ရက် နံနက် (၇း၃၀)နာရီ အချိန်ထိ သံဃာတော် နှင့် သီလရှင် စုစုပေါင်း အပါး(၃၅၀) ကျော်တို့အား တာချီလိတ်မြို့နယ်လုံးရှိ သဒ္ဓါထက်သန် စေတနာရှင် အလှူရှင်များက စည်ကား သိုက်မြိုက်စွာ ဆွမ်းဆန်စိမ်း လောင်းလှူခဲ့ကြသည်။




နံနက် အရုဏ်မိုးသောက်အချိန်တွင် နိုင်ငံတော် သြ၀ါဒါစရိယ အဘိဓဇ အဂ္ဂမဟာသဒ္ဓမ္မဇောတိက အဂ္ဂမဟာပဏ္ဍိတ Honorary Ph.D. နဂါးနှစ်ကောင်ဆရာတော် ဘုရားကြီး "ဘဒ္ဒန္တဓမ္မသီရိ"အမှူးပြု၍ ဆရာတော်ကြီးများမှ တာချီလိတ်ရွှေတိဂုံစေတီတော်အား အနေကဇာတင်ခြင်းများအဖြစ် ပူဇော်ခဲ့ကြပြီးနောက် တာချီလိတ်ရွှေတိဂုံဓမ္မာရုံတွင် နဂါးနှစ်ကောင်ဆရာတော်ဘုရားကြီး အမှူးပြုသည့် ဆရာတော်၊ သံဃာတော်များမှ ဆွမ်းဆန်စိမ်းလောင်းလှူခြင်းအတွက် တရားတော်ချီးမြှင့်ရာ စစ်ဗျူဟာအဖွဲ့ (အခြေချ) တာချီလိတ် စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးဇော်နိုင်ဦး ၊ တာချီလိတ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေနှင့် ဇနီး၊ တာချီလိတ်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်း နှင့် ဇနီး၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ မြို့နယ်ဂေါပကအဖွဲ့ဝင်များ စသည်တို့မှ တက်ရောက်လာပြီး လှူဘွယ်အစုစုတို့အတွက် ရေစက်သွန်းချ တရားတော်များကို နာယူခဲ့ကြသည်။




ယနေ့ (၁၆)ကြိမ်မြောက် ဘုရားအနေကဇာတင်ခြင်းနှင့် စုပေါင်း ဆွမ်းလောင်းလှူပွဲသို့ ကြွရောက်လာသော ဆရာတော်၊ သံဃာတော်၊ ကိုရင် နှင့် သီလရှင်များ စုစုပေါင်း အပါး(၃၅၀)ကျော်နှင့် ဝေရာဝစ္စများအား နှစ်ဖက်သောမိဘများအား အမှူးထား၍ ဦးတင်လှိုင် + ဒေါ်နန်းမိမိလေး ( အဆွေတော်မီနီမတ် (ရတနာစံအိမ်တော်) နှင့် အဆွေတော်မိသားစု (၂၄)နာရီ အထူးကုဆေးခန်း ) မိသားစုတို့မှ လှူဒါန်းတာဖြစ်ကြောင်း သိရသည်။



ယနေ့ ပြုလုပ်သော ဆွမ်းဆန်စိမ်းလောင်းလှူပွဲတွင် တာချီလိတ်တပ်နယ်အပါအ၀င် ခရိုင်/မြို့နယ်/ရပ်ကွက် အုပ်ချုပ်ရေးမှူးများ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ နိုင်ငံရေးပါတီများ နှင့် စေတနာရှင် တိုင်းရင်းသားများ စသည်တို့မှ လာရောက်၍ ဆွမ်းလောင်းလှူကြတာကို တွေ့ရသည်။




ယနေ့ ကြွရောက်၍ ဆွမ်းဆန်စိမ်း အလှူခံတော်မှုသည့် မြို့ပေါ်ကျောင်းများတွင် နဂါးနှစ်ကောင် ကျောင်းတိုက် အပါအ၀င် မဟာမြတ်မုနိကျောင်းတိုက်၊ ၀န်ထမ်းကုန်းကျောင်းတိုက်(၀မ်ကောင်း)၊ ငွေတောင်ဦးကမ္မဌာန်း ကျောင်းတိုက်(ပုန်းထွန်)၊ အောင်မင်္ဂလာတောရ ကျောင်းတိုက်၊ ရွှေဥတောင် ကျောင်းတိုက်၊ သီရိမင်္ဂလာဆန်ဆိုင်းကျောင်းတိုက် (ဆန်ဆိုင်း(ခ) )၊ ပုန်းထွန်ရှမ်းကျောင်းတိုက်၊ ပါလျှံဘုရားကြီးကျောင်း၊ လွမ်မွန်းကျောင်းတိုက်၊ ရွှေဥတောင်စာသင်တိုက် နှင့် သာသနာပြု သီလရှင်ကျောင်း (ပုန်းထွန်)တို့မှ သံဃာတော် နှင့် သီလရှင် စုစုပေါင်း အပါး ၃၅၀ ကျော် ကြွရောက်ကြောင်း သိရှိရသည်။

သတင်း ။  ။ ကိုဇောင်း

ပုံများကိုကြည့်ရန်
တာချီလိတ်ရွှေတိဂုံစေတီတော် ဘုရားအနေကဇာတင်ခြင်းနှင့် ရေစက်ချ
53 photos

(၁၆) ကြိမ်မြောက် ဘုရားအနေကဇာတင်ခြင်းနှင့် စုပေါင်း ဆွမ်းလောင်းလှူ
85 photos

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

Viewing all articles
Browse latest Browse all 18345

Trending Articles


ဂျူးပင် စိုက်ပျိုးနည်း


ဦးမျိုးရန်နောင်သိမ်း လွတ်မြောက်


Bern , Switzerland, ဆွန်ဇာလန် နိုင်ငံ ၊ ဘန်းမြို့ ရဲ့ သာယာ လှပပြီး ရှု မညီးတဲ့...


ရဟန်းနှင့် ဘွဲ့ဒီဂရီ


ခြေလျင်နှင့်ခြေမြန်တပ်ရင်းများကွာခြားပုံ


ရှမ်းကိုးပြည် တွင်ပါဝင်သော မိုးညှင်းပြည် နှင့် မိုးမိတ်ပြည် ကို ဘုရင့်နောင်...


မြန်မာတွေ ကြည့်ရှု အဆင်ပြေမယ့် ဇာတ်ကား ရိုက်ကူးတယ် ဆိုသူ စံရတီမိုးမြင့်


(၁၅) မိနစ် တရားထိုင်နည်း


ဒွေး တိမ်တွေ ငိုတဲ့ခဏ ၊ ဒွေး ၊ နန္ဒာလှိုင် ၊ တင့်တင့်ထွန်း ၊ အောင်လွင် ၊ ဆင်မ


သာကူ⁠ပြင် ⁠ပြုလုပ်နည်း



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>