Quantcast
Channel: TNA ❃ Tachileik News Agency ❃ www.tachileik.net
Viewing all articles
Browse latest Browse all 18345

မိုးပွင့်အဆင့်(၅)စီမံချက်အဖြစ် နိုင်ငံသားစီစစ်ရေးကတ်ပြားများထုတ်ပေးရာ မိုင်းကိုးကျေးရွာသို့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်နှင့်အဖွဲ့တို့ သွားရောက်

$
0
0
တာချီလိတ်မြို့ မိုင်းကိုးကျေးရွာအုပ်စုတွင် မှတ်ပုံတင်မပြုလုပ်ရသေးသူ (၂၀၉)ဦးအား မိုးပွင့်အဆင့်(၅)စီမံချက်အဖြစ် နိုင်ငံသားစီစစ်ရေးကတ်ပြားများပြုလုပ်ပေးပြီး ကတ်ပြားများပေးအပ်ပွဲကို အဆိုပါကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းမှာ မေလ(၃၀)ရက်နေ့ နေ့လည်(၂)နာရီက ပြုလုပ်ရာ ပြည်နယ် လ၀က ဒု-ညွှန်ကြားရေးမှူး ဦးစိုင်းဖုန်းပွင့်၊ တာချီလိတ် ခရိုင် လ၀က ဒု-ညွှန်ကြားရေးမှူး ဦးကျော်စွာလွင် နှင့် မြို့နယ် လ၀က ဦးစီးမှူး ဦးသိန်းလွင် အပါအ၀င် ပြည်ခိုင်ဖြိုးပါတီမှ တာချီလိတ်မြို့နယ် မဲဆန္ဒနယ် အမှတ်(၁)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်တင်မေထွန်း နှင့်  ခရိုင် ပြည်ခိုင်ဖြိုးပါတီမှ ဦးစိုင်းမိုင်၊ ဦးဘိုစံ၊ ဦးလွန်းသူ၊ မြို့နယ်ပါတီအတွင်းရေးမှူး ဦးစိုင်းရွှေထွန်း၊ ဦးစိုင်းလုံထီး တို့ တက်ရောက်ခဲ့ကြကြောင်း သိရသည်။




ပြည်နယ် လ၀က ဒု-ညွှန်ကြားရေးမှူး ဦးစိုင်းဖုန်းပွင့်မှ  နိုင်ငံသားစီစစ်ရေးကတ်ပြား ပေးအပ်ပွဲပြုလုပ်ရခြင်းကို ရှမ်းတိုင်းရင်းသား ဘာသာစကားဖြင့် ရှင်းလင်းပြောကြားပြီးနောက် မိုင်းကိုးကျေးရွာအုပ်ချုပ်ရေးမှူး ဦးစိုင်းကပ်ခမ်းက အခုလို မှတ်ပုံတင်မရှိသေးသူများအတွက် အဆင်ပြေချောမွေ့စွာ ဆောင်ရွက်ပေးသည့်အတွက် ကျေးလက်နေ ပြည်သူများအနေဖြင့် ပျော်ရွှင်ဝမ်းသာနေကြပြီး ကျေးဇူးအထူးတင်ရှိနေကြကြောင်း စသည်ဖြင့် ကျေးဇူးတင်စကား ပြောကြားသွားခဲ့သည်။


အထက်ပါ ကိစ္စရပ်များမတိုင်မီ နံနက်ပိုင်းက  ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်တင်မေထွန်းနှင့်အဖွဲ့ အပါအ၀င် တာချီလိတ်မြို့နယ်စည်ပင်သာယာရေးမှ အမှုဆောင်အရာရှိ ဦးကိုကို နှင့် စည်ပင်အင်ဂျင်နီယာများက မိုင်းဖုန်း(က)ကျေးရွာအုပ်စု၊ ပိန်းညောင်(၂)ရွာတွင် မြို့နယ်စည်ပင်သာယာရေးမှ အကုန်အကျခံ တည်ဆောက်ပေးထားသည့် ရေလှောင်ကန်ပျက်စီးနေခြင်းအား ကွင်းဆင်းကြည့်ရှု့ကာ ကျေးရွာအတွက် ပြန်လည်တည်ဆောက်ပေးနိုင်ရေးကိစ္စများကို သွားရောက် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။


ဆက်လက်ပြီး  ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်တင်မေထွန်းနှင့်အဖွဲ့တို့သည် ပိန်းညောင်(၂) မူလတန်းကျောင်းအတွက် ပြည်ခိုင်ဖြိုးပါတီမှ တန်ဘိုး(၁၃၀၀၀)ဘတ်ရှိသော စာသင်ခုံ အစုံ(၂၀)အား လှူဒါန်းထားမှုနှင့် ကျောင်းအခြေအနေများကို ကြည့်ရှု့ဆောင်ရွက်ခြင်းများပြုလုပ်ခဲ့ပြီး ဟိုနား(အာခါ)ရွာသို့ သွားရောက်ကာ ကျေးရွာသောက်သုံးရေ လုံလောက်စွာ ရရှိရေးလုပ်ငန်းများကိုလည်း ကွင်းဆင်းညှိနှိုင်းကာ လိုအပ်သည့် အကူအညီများပေးခဲ့ကြောင်း သိရှိရသည်။
သတင်းပေးပို့သူ။         ။ သာစည်မျိုးသန့်


Viewing all articles
Browse latest Browse all 18345

Trending Articles


ဂျူးပင် စိုက်ပျိုးနည်း


သင့် ကိုယ်လုံးတီး ပုံများ အွန်လိုင်းပေါ် မရောက်ရလေအောင်


Bern , Switzerland, ဆွန်ဇာလန် နိုင်ငံ ၊ ဘန်းမြို့ ရဲ့ သာယာ လှပပြီး ရှု မညီးတဲ့...


ရဟန်းနှင့် ဘွဲ့ဒီဂရီ


ရှမ်းကိုးပြည် တွင်ပါဝင်သော မိုးညှင်းပြည် နှင့် မိုးမိတ်ပြည် ကို ဘုရင့်နောင်...


မြန်မာတွေ ကြည့်ရှု အဆင်ပြေမယ့် ဇာတ်ကား ရိုက်ကူးတယ် ဆိုသူ စံရတီမိုးမြင့်


(၁၅) မိနစ် တရားထိုင်နည်း


ဒွေး တိမ်တွေ ငိုတဲ့ခဏ ၊ ဒွေး ၊ နန္ဒာလှိုင် ၊ တင့်တင့်ထွန်း ၊ အောင်လွင် ၊ ဆင်မ


သာကူ⁠ပြင် ⁠ပြုလုပ်နည်း


၆နှစ်ပြည့်ရွှေဝါရောင်တော်လှန်ရေးသို့သမိုင်းအား လိမ်ညှာခဲ့သော...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>