Quantcast
Channel: TNA ❃ Tachileik News Agency ❃ www.tachileik.net
Viewing all articles
Browse latest Browse all 18345

မြို့နယ်ပညာရေး နှင့် မဇ္ဈိမလူမှုကူညီရေးအသင်းတို့မှ ပညာရေးနှင့်ပတ်သက်၍ မိုင်းဖုန်းကျေးရွာသို့ သွားရောက်

$
0
0
တာချီလိတ်မြို့နယ် ပညာရေးမှူး ဦးစိန်ထွန်းလှ နှင့် မဇ္ဈိမလူမှုကူညီရေးအသင်း ဥက္ကဌ ဦးတင့်ဆွေ အပါအ၀င် အမာခံအသင်းသူ အသင်းသားတို့သည် တာချီလိတ်မြို့နယ် မိုင်းဖုန်း(က)အုပ်စု ပါဆာ/ဆမ်ဖူးကျေးရွာရှိ အခြေခံပညာမူလတန်းကျောင်းတွင် ဒေသခံ ရှမ်းတိုင်းရင်းသား ကျောင်းနေအရွယ် ကလေးသူငယ်များအတွက် လိုအပ်သည့် ပညာရေးကိစ္စရပ်များကို ကူညီဆောင်ရွက်ပေးနိုင်ရန်အတွက် သွားရောက်ခဲ့ကြကြောင်း သိရသည်။

{ ကျောင်းအတွက် အလံလှူ }

အဆိုပါအဖွဲ့တို့သည် ပါဆာ/ဆမ်ဖူးကျေးရွာသို့ သွားရောက်ပြီး ကျောင်း၏အခြေအနေ နှင့် ကလေးသူငယ်များ၏ အခြေအနေများကို လေ့လာကြည့်ရှုခဲ့ကြပြီး ပညာရေးမှူး ဦးစိန်ထွန်းလှ နှင့် မဇ္ဈိမလူမှုကူညီရေးအသင်း ဥက္ကဌ ဦးတင့်ဆွေ အပါအ၀င် အမာခံအသင်းသူ အသင်းသားတို့က ကျောင်းအတွက် အလံ နှင့် ကလေးသူငယ်များအတွက် ကျောင်းသုံးဗလာစာအုပ်များကို ပေးဝေခဲ့ကြပြီး ကျောင်းတွင် လက်ရှိကျောင်းအုပ်ဆရာမကြီးနှင့်အတူ တွဲဖက်ခန့်အပ်ထားနိုင်ရန်အတွက် ဆရာမ ဒေါ်နှင်းအိဖြူကိုလည်း ကျောင်းသားမိဘများနှင့် မိတ်ဆက်ပေးခဲ့ကြသည်။

{ မြို့နယ်ပညာရေးမှူး ဦးစိန်ထွန်းလှ နှင့်  မဇ္ဈိမလူမှုကူညီရေးအသင်း ဥက္ကဌ ဦးတင့်ဆွေတို့မှ စာအုပ်လှူ}

မေလ(၂၃)ရက်နေ့က မဇ္ဈိမလူမှုကူညီရေးအသင်း ဥက္ကဌ ဦးတင့်ဆွေ နှင့် အသင်းသားတစ်ချို့သည် မိုင်းဖုန်း(က)အုပ်စုဘက်သို့ ပညာရေးနှင့်ပတ်သက်သည့် လိုအပ်ချက်များကို ကူညီထောက်ပံ့ပေးနိုင်ရန်အတွက် သွားရောက်ခဲ့ရာမှ အဆိုပါကျောင်းတွင် စာသင်ကြားပေးနိုင်ရန်အတွက် ဆရာ/မ လိုအပ်နေကြောင်းကို သိရှိရ၍ မေလ(၂၈)ရက်နေ့ နေ့လည်ပိုင်းက ပညာရေးမှူး ဦးစိန်ထွန်းလှ နှင့်တွေ့ဆုံကာ အဆိုပါကိစ္စအား ပြောဆိုဆွေးနွေးကြပြီးနောက် ယနေ့မှာ ပါဆာ/ဆမ်ဖူးကျေးရွာရှိ မူလတန်းကျောင်းသို့ သွားရောက်ခဲ့ခြင်းဖြစ်သည်။


ပါဆာ/ဆမ်ဖူးကျေးရွာရှိ ရွာသူကြီး ဦးအိုက်ကောင်၏ ပြောဆိုချက်အရ မိုင်းဖုန်း(က)အုပ်စု ပါဆာ/ဆမ်ဖူးကျေးရွာရှိ မူလတန်းကျောင်းတွင် ယခင်နှစ်က စာသင်ကြားပေးနေသော ဆရာမမှာ ကျောင်းအုပ်ဆရာမကြီး ဒေါ်သန်းသန်းဌေး တစ်ဦးတည်းသာရှိနေပြီး ကျောင်းအုပ်ဆရာမကြီးမှာ ကျန်းမာရေးအရ ဆေးဝါးကုသမှုမျိုးနှင့်ကြုံလာသည့်အခါမျိုးတွင် ကျောင်းပိတ်သွားခဲ့ပြီး ခွင့်ယူရတာမျိုးလည်းရှိခဲ့သည်။ ထိုအခါမျိုး၌ ကျောင်းသား/သူ ကလေးသူငယ်များမှာ ဆရာမ အပိုမရှိ၍ ကျောင်းပျက်ရက် တစ်ချို့နှင့် ကြုံရသည်ဟု သိရသည်။

 အဆိုပါကျောင်းတွင် ယခင်က ဆရာမ တစ်ဦးတည်းသာ ရှိနေပြီး ကျောင်းသာ/သူ အရေအတွက်မှာ (၄၀)ခန့်ရှိပြီး ပါဆာ/ဆမ်ဖူးကျေးရွာတွင် အိမ်ခြေ(၈၀)နှင့် လူဦးရေ(၃၄၀)ကျော် နေထိုင်ကြောင်း သိရသည်။

ပါဆာ/ဆမ်ဖူးကျေးရွာမှ အပြန်တွင် ၀မ်ပုံရှိ မူလွန်ကျောင်းသို့ဝင်ရောက်ကာ မြို့နယ် ပညာရေးမှူး ဦးစိန်ထွန်းလှမှ ကျောင်းအတွင်းရှိ ဆရာ/မများနှင့် မဇ္ဈိမလူမှုကူညီရေးအသင်းအား မိတ်ဆက်ပေးပြီး ကျောင်း၏ အခြေအနေအား ကြည့်ရှု့ခဲ့ကြပြီးနောက်  မဇ္ဈိမလူမှုကူညီရေးအသင်း ဥက္ကဌ ဦးတင့်ဆွေမှ ကျောင်းအတွက် (၂၀၀၀)ဘတ်ကို ကျောင်းအုပ်ဆရာမကြီး ဒေါ်ဝင်းဝင်းအေး နှင့် ဆရာ/မများထံ ပေးအပ်လှူဒါန်းခဲ့ကြသည်။ အဆိုပါကျောင်းတွင်လည်း ဆရာမ(၆)ဦး ဆရာ(၁)ဦးနှင့် ကျောင်းသား/သူ အရေအတွက်မှာ (၂၀၀)ခန့်ရှိကြောင်း သိရှိရသည်။

ပုံများကိုကြည့်ရန်
မြို့နယ်ပညာရေး နှင့် မဇ္ဈိမလူမှုကူညီရေးအသင်းတို့မှ မိုင်းဖုန်းသို့
50 photos



Viewing all articles
Browse latest Browse all 18345

Trending Articles


ဂျူးပင် စိုက်ပျိုးနည်း


သင့် ကိုယ်လုံးတီး ပုံများ အွန်လိုင်းပေါ် မရောက်ရလေအောင်


Bern , Switzerland, ဆွန်ဇာလန် နိုင်ငံ ၊ ဘန်းမြို့ ရဲ့ သာယာ လှပပြီး ရှု မညီးတဲ့...


ရဟန်းနှင့် ဘွဲ့ဒီဂရီ


ရှမ်းကိုးပြည် တွင်ပါဝင်သော မိုးညှင်းပြည် နှင့် မိုးမိတ်ပြည် ကို ဘုရင့်နောင်...


မြန်မာတွေ ကြည့်ရှု အဆင်ပြေမယ့် ဇာတ်ကား ရိုက်ကူးတယ် ဆိုသူ စံရတီမိုးမြင့်


(၁၅) မိနစ် တရားထိုင်နည်း


ဒွေး တိမ်တွေ ငိုတဲ့ခဏ ၊ ဒွေး ၊ နန္ဒာလှိုင် ၊ တင့်တင့်ထွန်း ၊ အောင်လွင် ၊ ဆင်မ


သာကူ⁠ပြင် ⁠ပြုလုပ်နည်း


၆နှစ်ပြည့်ရွှေဝါရောင်တော်လှန်ရေးသို့သမိုင်းအား လိမ်ညှာခဲ့သော...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>