Quantcast
Channel: TNA ❃ Tachileik News Agency ❃ www.tachileik.net
Viewing all articles
Browse latest Browse all 18345

Myan Shwe Pyi Tractors Ltd ၏ တာချီလိတ်ရုံးခွဲမှ ၀န်ထမ်း (၃)ဦး အမြန်အလိုရှိနေ

$
0
0


CAT  အမှတ်တံဆိပ်ထုတ်ကုန် ပစ္စည်းအတွက် မြန်မာနိုင်ငံ တစ်ဦးတည်းကိုယ်စားလှယ် ရရှိထားသော Myan Shwe Pyi Tractors Ltd မှ CAT တံဆိပ် စက်ယန္တယားအမျိုးမျိုး၊ အင်ဂျင်စက်၊  မီးစက် အမျိုးမျိုးတို့ကို ရောင်းချပေးလျက်ရှိပြီး ၎င်းတို့အတွက် အပိုပစ္စည်းနှင့် ဆားဗစ်တို့ကို လုပ်ငန်းခွင်အထိ လိုက်ပါဝန်ဆောင်မှုပေးလျက်ရှိရာ ရန်ကုန်မြို့တွင် ရုံးချုပ်အဖြစ် ဖွင့်လှစ်ထားရှိပြီး ရုံးခွဲများ အနေဖြင့် မန္တလေး၊ နေပြည်တော်၊ ဖားကန့်၊ မြစ်ကြီးနား၊ မြိတ်၊ ထားဝယ်၊ မော်လမြိုင်  နှင့် တာချီလိတ်မြို့တို့တွင် ရုံးခွဲများ ဖွင့်လှစ်၍ ရောင်းချနေလျက်ရှိရာ တာချီလိတ်မြို့နယ်တွင် ဖွင့်လှစ်ထားသည့် ရုံးအတွက် ၀န်ထမ်း(၃)ဦး အလိုရှိနေကြောင်း သိရှိရ၍ တာချီလိတ်အွန်လိုင်းမှ အလုပ်အကိုင် ကြော်ငြာအဖြစ် ဖော်ပြပေးလိုက်ပါသည်။


Myan Shwe Pyi Tractors Ltd တာချီလိတ်ရုံးခွဲတွင် ခန့်အပ်ထားရှိမည့် ၀န်းထမ်း(၃)ဦး အနေဖြင့် အရောင်းကိုယ်စားလှယ် (အမျိုးသား)တစ်ဦး၊ စက်ပြင်ကျွမ်းကျင်သူ (အမျိုးသား)တစ်ဦး နှင့် ရုံးထိုင်ဝန်ထမ်း  (အမျိုးသမီး/အမျိုးသား)တစ်ဦး လိုအပ်လျက်ရှိရာ အရောင်းကိုယ်စားလှယ်( အမျိုးသား)တစ်ဦး အနေဖြင့် အင်္ဂလိပ်ဘာသာ/စကား အင်္ဂလိပ်အခြေခံတတ်မြောက်ထားရန်လိုပြီး ကားမောင်းကျွမ်းကျင်ကာ လက်ရှိ ယာဉ်မောင်းလိုင်စင်ရှိထားကာ နယ်ဒေသမရွေး ခရီးသွားလာနိုင်သူဖြစ်ရပြီး ဘွဲ့အနေဖြင့် BE ( Mech / Electronic / Mechatronic ) ဘွဲ့ ရထားသူကို ဦးစားပေး ခန့်အပ်မည်ဖြစ်သည်။


စက်ပြင်ကျွမ်းကျင်သူ(အမျိုးသား)၀န်ထမ်းအနေဖြင့် B.Tech/A.G.T.I ( Mech / Electronic / Mechatronic ) ၊ အသက်(၂၅)နှစ်မှ (၃၅)နှစ်အတွင်း ဖြစ်ရပြီး သက်ဆိုင်ရာ လုပ်ငန်း အတွေ့အကြုံ (၂)နှစ်ရှိရမည်။ ကားမောင်းကျွမ်းကျင်ကာ လက်ရှိ ယာဉ်မောင်းလိုင်စင်ရှိထားပြီး နယ်ဒေသမရွေး ခရီးသွား၍ တာဝန်ထမ်းဆောင်နိုင်သူ ဖြစ်ရမှာဖြစ်ကြောင်း သိရသည်။

ရုံးထိုင်ဝန်ထမ်း တစ်ဦး (အမျိုးသမီး/အမျိုးသား) အနေဖြင့် တက္ကသိုလ်မှ ဘွဲ့တစ်ခုခု ရရှိထားရမည်ဖြစ်ပြီး အသက်အရွယ်အားဖြင့် (၂၃)နှစ်မှ (၃၅)နှစ်အတွင်း သတ်မှတ်ထားကာ ကား သို့မဟုတ် ဆိုင်ကယ် မောင်းတတ်ရမှာဖြစ်သလို လက်ရှိ ယာဉ်မောင်းလိုင်စင်ရှိထားပြီး အင်္ဂလိပ်ဘာသာ/စကား အခြေခံ တတ်မြောက်ထားရန် လိုကြောင်း သိရသည်။

ဝန်ထမ်းလျှောက်လွှာတင်ရန်နှင့် ပတ်သက်၍ အခြားလိုအပ်ချက်များ အနေဖြင့် ဒေသခံတိုင်းရင်းသား ဘာသာစကား ကျွမ်းကျင်သူကို ဦးစားပေးမှာဖြစ်ပြီး၊ ကွန်ပျူတာကောင်းစွာ အသုံးပြုနိုင်သူ ဖြစ်ရမည်။ ယင်းအပြင် ဥာဏ်ရည် ဥာဏ်သွေးကောင်းမွန်ပြီး စွမ်းဆောင်နိုင်စွမ်း ရှိရမည်ဖြစ်ကာ စိတ်ခံစားမှုကို ထိန်းချုပ်နိုင်ပြီး မိမိကိုယ်မိမိ ယုံကြည်မှုရှိသူဖြစ်ရာမှာ ဖြစ်ကြောင်း နှင့် လုပ်ငန်းအပေါ် သင်ယူလိုစိတ် ရှိပြီး ပေါင်းသင်း ဆက်ဆံရေး ပြေပြစ်ကောင်းမွန်ရမှာ ဖြစ်ကြောင်း သိရသည်။

320D2 Excavator ( Back Hoe )

Myan Shwe Pyi Tractors Ltd မှာ အထူးပရိုမိုးရှင်းအနေဖြင့် ရုံးချုပ် နှင့် ရုံးခွဲများ အားလုံးတွင် CAT အမှတ်တံဆိပ် 320D2 Excavator ( Back Hoe ) ၀ယ်ယူသူများကို ယခုလ အောက်တိုဘာလမှစ၍ အပိုပစ္စည်းလက်ဆောင်များ နှင့်အတူ အထူးဈေးနှုန်းဖြင့် ရောင်းချပေးနေလျက်ရှိကြောင်း သိရသည်။

ဝန်ထမ်းခန့်အပ်မှုနှင့် ပတ်သက်၍ တာချီလိတ်ဒေသခံများကို ဦးစားပေး၍ ခန့်အပ်သွားမှာ ဖြစ်ကြောင်း သိရှိရသည်။


လျှောက်လွှာအတွက် 
- ကိုယ်ရေးရာဇ၀င်အပြည့်အစုံ
- လိုင်စင် ဓါတ်ပုံ (၁)ပုံ
- ဘွဲ့လက်မှတ် မိတ္တူ နှင့် အခြား အရည်အချင်းများ အတွက် အောင်လက်မှတ် မိတ္တူ
-  မှတ်ပုံတင်မိတ္တူ
- အလုပ်သမား မှတ်ပုံတင် မိတ္တူ
- ရပ်ကွက်/ရဲစခန်း ထောက်ခံစာ

ဆက်သွယ်စုံစမ်း လျှောက်ထားရန်
အခန်း(၁) နှစ်ထပ်ဆိုင်ခန်းတွဲ၊ ချစ်ကြည်ရေး ဆီပန့်အနီး၊ ၀ိန်းကျောက်ရပ်ကွက်၊ တာချီလိတ်မြို့။
မြန်မာဖုန်း။  ။ 09-6500453 , 0931581679
ထိုင်းဖုန်း ။   ။ 0992956045

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~

Viewing all articles
Browse latest Browse all 18345

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>