Quantcast
Channel: TNA ❃ Tachileik News Agency ❃ www.tachileik.net
Viewing all articles
Browse latest Browse all 18345

တာချီလိတ်တွင် တည်ဆောက်မည့် ကျောက်မီးသွေးသုံး လျပ်စစ်ဓါတ်အားပေး စက်ရုံ စီမံကိန်းနှင့် ပတ်သက်၍ မယ်မော လျပ်စစ်ဓါတ်အားပေးစက်ရုံနှင့် ကျောက်မီးသွေးမိုင်းသို့ သွားရောက်လေ့လာ

$
0
0
ထိုင်းနိုင်ငံ (မြောက်ပိုင်း) လန်းပန်းခရိုင် မယ်မော့ခရိုင်ခွဲရှိ Coal Fired Thermal Power Plant ( Mae Moh) ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံနှင့် ကျောက်မီးသွေးမိုင်း၏ လျှပ်စစ်ဓာတ်အား ထုတ်ယူမှုတွင် သဘာဝပတ်ဝန်းကျင်နှင့် လူမှုပတ်ဝန်းကျင် သက်ရောက်မှု EIA , SIA အခြေပြု နှိုင်းယှဉ်လေ့လာရေး ခရီးအား အောက်တိုဘာလ (၆)ရက်နေ့က ကျင်းပပြုလုပ်ရာ တာချီလိတ်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်း ဦးဆောင်သည့် သစ်တော ၊ ကျန်းမာရေး၊ စိုက်ပျိုးရေး ၊ စီမံကိန်းရေးဆွဲရေးဌာနများမှ တာဝန်ရှိသူများ ၊ သတင်းမီဒီယာများ ၊ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်တင်မေထွန်း နှင့် နိုင်ငံရေးပါတီ၎ခုမှ ကိုယ်စားလှယ်များ ၊ တာချီလိတ်မြို့နယ် မိုင်းဟဲ(အောက်) ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးနှင့် ဒေသခံပြည်သူများ စုစုပေါင်း မြန်မာကိုယ်စားလှယ် (၃၇)ဦးမှ သွားရောက်လေ့လာကြသည်။




မြန်မာကိုယ်စားလှယ်အဖွဲ့အား ရှေးဦးစွာ Coal Fired Thermal Power Plant ( Mae Moh) ဒုတိယ
စက်ရုံမှူး Mr Adisak Kitiyarong မှ စက်ရုံ၏ သမိုင်းကြောင်းနှင့် လျှပ်စစ်ထုတ်လုပ်မှု အခြေအနေများအား
ရှင်းလင်းပြောကြားရာတွင် "စက်ရုံ၏ သက်တမ်းမှာ နှစ်ပေါင်း (၄၀)ရှိပြီဖြစ်ပါကြောင်း ၊ ထိုင်းနိုင်ငံ လျှပ်စစ်ဓာတ်အား သုံးစွဲမှု၏ (၈)ရာခိုင်နှုန်းအား ထုတ်လုပ်ပေးနေခြင်းဖြစ်ကာ ခရိုင် (၁၇) ခုအား ဖြန့်ချီပေးနေပါကြောင်း ၊ စက်တပ်ဆင်အား (၁၅၀)မဂ္ဂါဝပ် (၄)လုံး ၊ (၃၀၀)မဂ္ဂါဝပ် (၆)လုံးလည်ပါတ်နေပြီး (၂၄၀၀)မဂ္ဂါဝပ်ဖြစ်ပြီး ဓာတ်အားထုတ်လုပ်မှု တစ်ရက်လျှင် ပျမ်းမျှ ကီလိုဝပ်နာရီသန်း (၅၁.၅) ထုတ်လုပ်ပြီး တစ်နှစ်လျှင် ပျမ်းမျှ ကီလိုဝပ်နာရီသန်းပေါင်း (၁၅၄၅၀)သန်း ထုတ်လုပ်ပေးလျှက်ရှိပါကြောင်း ၊ စက်ရုံတည်နေရာသည် ကျောက်မီးသွေးထွက်ရှိရာမိုင်းအနီးတွင် တည်ရှိပြီး မိုင်း၏ သက်တမ်းမှာ နှစ်(၄၀)ရှိပြီဖြစ်ကာ နောက်ထပ် နှစ်၃၀ ထုတ်လုပ် နိုင်သေးပါကြောင်း ၊ လစ်ဂနိုက် ( Lignite ) High Sulphur ) အမျိုးအစား ကျောက်မီးသွေးကိုသုံးစွဲပြီး တစ်ရက်ပျမ်းမျှ ကျောက်မီးသွေး (၄၂၆၀၀)တန် အသုံးပြုကာ တစ်နှစ်လျှင် ပျမ်းမျှ (၁၂.၈)သန်းတန် သုံးစွဲပါကြောင်း ရှင်းပြသည်။



တဆက်တည်းမှာပင် ၎င်းမှ "ပြာမှုန်ဖမ်းစက် တပ်ဆင်ထားသည့် အတွက် သဘာဝပတ်ဝန်းကျင် ပျက်စီးမှုမရှိပဲ ယခုစက်ရုံပတ်ပတ်လည်တွင် မြင်တွေ့ရသည့်အတိုင်း စိမ်းစိုနေသော သစ်တောများ ၊ ကြီးမားသောဆည်ကြီးများ နှင့်အတူ ခေတ်မီဂေါက်ကွင်း နှင့် ပန်းဥယျာဉ်များကိုပါ တည်ဆောက် ထားနိုင်ပါကြောင်း ၊ ပြာထွက်ရှိမှုမှာ တစ်ရက်လျှင် ပျမ်းမျှ (၁၂၀၀၀)တန်ထွက်ပြီး တစ်နှစ်တာလုံးဆိုလျှင် တန် (၃.၆)သန်းထွက်ရှိကာ ယင်းပြာများအား ဘိလပ်မြေ ၊ မီးခံအုတ် ၊ အိမ်မိုးအုတ်ကျွတ်ပြားများ အပါအ၀င် လူသုံးကုန်ပစ္စည်းများအား ပြန်လည် ထုတ်ယူနိုင်သည့်အတွက် အချည်းနှီးမဖြစ်ပါကြောင်း ၊ လက်ရှိစက်ရုံတွင် ကာယ-ဥာဏ လုပ်သားပေါင်း တစ်သောင်းနှစ်ထောင်ကျော် ရှိသည့်အတွက် ဒေသခံပြည်သူများအား အလုပ်အကိုင် အခွင့်အလမ်းများလည်း ဖန်တီးပေးနိုင်ပါကြောင်း"ရှင်းလင်းပြောကြားသည်။



ယင်းနောက် တက်ရောက်လာကြသည့် သတင်းမီဒီယာများနှင့် နိုင်ငံရေးပါတီများက သိရှိလိုသည့်
အချက်များအား မေးမြန်းရာ ဒုတိယစက်ရုံမှူးမှ သိရှိလိုသည့် အချက်အလက်များအား ပါဝါစလိုက်ဖြင့် အသေးစိပ်ရှင်းလင်းပြသပြီးနောက် အမှတ်တရ လက်ဆောင်များပေးအပ်ကာ တာချီလိတ်မြို့နယ် အုပ်ချုပ်ရေးမှူးမှ ကျေးဇူးတင်စကားပြောကြားသည်။ ထို့နောက် စက်ရုံတာဝန်ရှိသူများက စက်ရုံနှင့် ကျောက်မီးသွေးမိုင်းများအား လိုက်လံပြသကြသည်။



အဆိုပါ Coal Fired Thermal Power Plant ( Mae Moh) ၏ နည်းပညာနှင့် တည်ဆောက်မှုပုံစံအား
စံနမူနာယူကာ ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့နယ် မိုင်းဟဲ(အောက်)ကျေးရွာအုပ်စု ကျောက်လှိုဏ်ဂူကျေးရွာအနီး (တာချီလိတ်မြို့နှင့်၁၄မိုင်ခန့်အကွာ)တွင် (၁၁.၅)မဂ္ဂါဝပ် စက်(၂)လုံးတပ်ဆင်ပြီး တစ်ရက်လျှင် ကီလိုဝပ်နာရီသန်း (.၄၆)သန်းထွက်ရှိကာ တစ်နှစ်လျှင် ကီလိုဝပ်နာရီသန်းပေါင်း (၁၄၀)ထွက်ရှိမည့် ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံအား မင်းခေတ်သစ်ကုမ္မဏီမှ တည်ဆောက်သွားမည်ဖြစ်ရာ စက်ရုံတည်ဆောက်ရာတွင် ရရှိနိုင်သည့် ကောင်းကျိုး-ဆိုးကျိုးများ ၊ ဒေသခံပြည်သူများအား အလုပ်အကိုင်အခွင့်အလမ်း ပေးအပ်နိုင်မည့် အခြေအနေများ ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ရေထု နှင့် လေထု ညစ်ညမ်းနိုင်မည့် အခြေအနေများ ၊ သဘာဝမြေသံယံဇာတပျက်စီးနိုင်မှုနှင့် လယ်ယာစိုက်ပျိုးရေး လုပ်ငန်းများအား ထိခိုက်နိုင်မှု အခြေအနေများအား လက်တွေ့ကျကျသိရှိနိုင်ရေးအတွက် ယခုကဲ့သို့ လူထု လူတန်းစားပေါင်းစုံပါဝင်သည့် ကိုယ်စားလှယ်များမှ ကွင်းဆင်းလေ့လာကြခြင်းဖြစ်ကြောင်း သိရှိရသည်။

သတင်း ။ ။ မောင်ယဉ်ကျေး
ဓါတ်ပုံ။  ။ ဇောင်းညီ
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

Viewing all articles
Browse latest Browse all 18345

Trending Articles


ဂျူးပင် စိုက်ပျိုးနည်း


သင့် ကိုယ်လုံးတီး ပုံများ အွန်လိုင်းပေါ် မရောက်ရလေအောင်


Bern , Switzerland, ဆွန်ဇာလန် နိုင်ငံ ၊ ဘန်းမြို့ ရဲ့ သာယာ လှပပြီး ရှု မညီးတဲ့...


ရဟန်းနှင့် ဘွဲ့ဒီဂရီ


ရှမ်းကိုးပြည် တွင်ပါဝင်သော မိုးညှင်းပြည် နှင့် မိုးမိတ်ပြည် ကို ဘုရင့်နောင်...


မြန်မာတွေ ကြည့်ရှု အဆင်ပြေမယ့် ဇာတ်ကား ရိုက်ကူးတယ် ဆိုသူ စံရတီမိုးမြင့်


(၁၅) မိနစ် တရားထိုင်နည်း


ဒွေး တိမ်တွေ ငိုတဲ့ခဏ ၊ ဒွေး ၊ နန္ဒာလှိုင် ၊ တင့်တင့်ထွန်း ၊ အောင်လွင် ၊ ဆင်မ


သာကူ⁠ပြင် ⁠ပြုလုပ်နည်း


၆နှစ်ပြည့်ရွှေဝါရောင်တော်လှန်ရေးသို့သမိုင်းအား လိမ်ညှာခဲ့သော...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>