Quantcast
Channel: TNA ❃ Tachileik News Agency ❃ www.tachileik.net
Viewing all articles
Browse latest Browse all 18345

နှစ်ပေါင်း(၂၆)နှစ်ကျော်ကြာ မပုပ်သိုးသော ကျိုင်းတုံမြို့ ထပ်တင်္ကာဆရာတော်ကြီး၏ ရုပ်ကလာပ်တော်

$
0
0
ရှေးက စည်ကားခဲ့ဖူးတဲ့ ထပ်တင်္ကာဆရာတော်ကြီး ဦးသာဂရ သီတင်းသုံးခဲ့တဲ့ တောင်ကို သွားရောက်ခဲ့ပါတယ်။ တောင်ပုလု ဆရာတော်ဘုရားကြီးနဲ့ ထပ်တင်္ကာ ဆရာတော်ကြီးတို့ ဓါတ်ပုံ ရိုက်ခဲ့ဖူးတဲ့ ရှေးဟောင်းစေတီလေးနားရောက်တော့ စိတ်တွေက ရှေးနောက်ကြောင်းကိုပြန်ရောက် သွားခဲ့ပါတယ်။







( နှစ်ပေါင်း(၂၆)နှစ်ကျော်ကြာ မပုပ်သိုးသော ရုပ်ကလာပ်တော်  )

အဖိုးဦးဇုံနဲ့ အဖွားဒေါ်ကြည်စိန်တို့ရဲ့ ကောင်းမှုဖြစ်တဲ့ ကျောင်းလေးနဲ့ကုဋီတွေကို ဟောင်းမြင့်စွာ တွေ့မြင်ခဲ့ရတယ်။ စိတ်မကောင်းဖြစ်မိတယ်။ ပြန်လည်ပြုပြင်နိုင်ဖို့ အားမွေးရဦးမယ်။
ထပ်တင်္ကာဆရာတော်ကြီးက ငယ်ဖြူ မဟုတ်ပါဘူး။ လူ့ဘဝတုန်း ကအမည်က ဦးဘနှစ် ပါ... ကျားထိုးတဲ့နေရာမှာ ပြိုင်ဘက်ကင်းလို့ "ကျားဘနှစ်"လို့ ခေါ်ဝေါ်ကြပါတယ်။


ကျိုင်းတုံကနေ သုံးလေးနှစ်လောက် ပျောက်ကွယ်သွားပြီးတော့ ရဟန်းဝတ်နဲ့ ပြန်ပေါ်လာပါတယ်။မိုင်းတုံ၊ မိုင်းဆတ်နယ်ဘက်မှာ တရားကျင့်နေတာလို့ ဆိုပါတယ်။ လူ့ဘဝတုန်းက သူငယ်ချင်းတွေက ကြည်ညိုကိုးကွယ်မယ့် ဒကာလေးဘာလေး ရအောင်လို့ တရားပွဲတစ်ခုရဲ့နောက်ဆုံးမှာ ထည့်ပေးဖို့စီစဉ်ခဲ့ကြပါတယ်။


 ဆရာတော်ကြီးကို "ကိုယ်တော်တရားဟောတတ်လား"လို့ ဦးမြက မေးပါတယ်။ ဟောတတ်ပါတယ်လို့ ပြောလို့ တရားပွဲအတွက် စီစဉ်ခဲ့ကြပါတယ်။ အရင်ညက ဆရာတော်များက ဒါနသီလ အကြောင်းအရာ များကိုသာ ဦးစားပေးဟောပြောခဲ့ကြပါတယ်။ ဆရာတော်ကြီးဟောတဲ့ ညမှာတော့ ခန္ဓာဥာဏ်သိ ဘာဝနာတရားများကို ဟောပြတော်မူခဲ့ပါတယ်။


 အရင်ညက ဟောကြားတဲ့ ဆရာတော်များနဲ့မတူ တမူထူးပြီး (ကိုယ်တိုင်ကျင့်ကြံတွေ့ရှိခဲ့တဲ့ တရားများကို) ဟောကြားခဲ့တာဆိုတော့ ပရိသတ်အများစုက သိပ်နားမလည်ခဲ့ကြပါဘူး။ အဲဒီအချိန်မှာ လူ့ဘဝတုန်းက သူငယ်ချင်း ဦးမြက လက်ညိုးငေါက်ငေါက်ထိုးပြီး "တရားဟောတတ်တယ်ဆိုလို့ ပလ္လင်ပေါ် တင်ပေးလိုက်တာ ဘာတွေလျှောက်ဟောနေတာတုန်း အခုဆင်း"ဆိုပြီး ဒေါသနဲ့အရှက်တရားပေါင်းစပ်ပြီး ဆရာတော်ကြီးကို မောင်းချခဲ့ပါတယ်။



နောင် တချိန်မှာတော့ သူ့ရဲ့အမှားအတွက် ဆရာတော်ကြီးကို ဦးမြက တောင်းပန်ခဲ့ပါတယ်။ ဦးမြ လှူဒါန်းခဲ့တဲ့ ကျောင်းအိုကိုလည်း ရှေးဖြစ်ဟောင်း အောက်မေ့ဖွယ်ရာ တွေ့မြင်ခဲ့ပါသေးတယ်။ တနေ့သော အခါမှာ ကျောင်းဝန်းပတ်ပတ်လည်ကို သစ်ပင်တွေရှင်းခိုင်းအပြီး တောင်ရဲ့ပတ်ပတ်လည်ကို တောမီးတွေ ဝိုင်းလာပါတယ်။ လောင်စရာမရှိတော့လို့ ကျောင်းကို မီးလောင်မယ့်ဘေးကနေ လွတ်ကင်းခဲ့ပါတယ်။



"မနက်ဖြန် လူဘယ်နှစ်ယောက်စာလောက် ထမင်းချက်ထားပါ"လို့ ဆရာတော်ကြီးက ကပ္ပိယတွေကို ခိုင်းတော့ ဧည့်ပရိတ်သတ်တွေ တက်လာတာနဲ့ တိုက်ဆိုင်ပြီး မှန်နေပြန်ပါတယ်။ နောက်တဖန် တိုက်ဆိုင်မှုကတော့ ထောင်သားတွေအပြည့် တင်ဆောင်လာတဲ့ကားကို ( မြင်တောင်မမြင်ရသေးပဲ တောင်ပေါ်ကိုမရောက်မီမှာပဲ ) "အောက်က တက်လာတဲ့ကား သွားတားခြေ ခြေလျင်ဆင်းလျှောက်ပြီး လာခဲ့ကြ"လို့ ပြေးပြီးပြောခိုင်းပေမယ့် မမှီတော့ပဲ ကားမှောက် လူသေတာတွေ စသဖြင့် တိုက်ဆိုင်မှုတွေ များလာတော့ ကြည်ညိုသူတွေ များလာပါတယ်။



ဒါတွေဟာ အခုတော့ ပုံပြင်တစ်ပုဒ်အလား။ သွေ့ခြောက်နေတဲ့ ပတ်ဝန်းကျင်က ပြောပြနေ သယောင်ယောင်ပါ။ လူစကားကို ကောင်းကောင်းနားလည်တဲ့ ဝက်ကြီး "ကြက်တော"နဲ့ ခွေး "ငညို"တို့ ရော လူ့ဘဝကို ရောက်နေကြပြီလား မသိ။ အကြောင်းတရားကြောင့် ဖြစ်ပေါ်လာခဲ့တဲ့ အကျိုးတရား များပါပေတယ်။



အခုတော့လည်း တစ်ချိန်တစ်ခါက စည်ကားခဲ့တဲ့ ထပ်တင်္ကာတောင်ပေါ်တောရကျောင်းလေးဟာ အိနြေ္ဒကြီးရင့်စွာနဲ့ တောထဲမှာ ဧကစာကျင့်သုံး နေပါတော့တယ်။ ဒီကျောင်းလေးရဲ့အကြောင်းတွေကိုရော ကပ္ပိယအခြွေအရံမရှိ ယခုတစ်ပါးတည်း သီတင်းသုံးနေတဲ့ ဆရာတော်ကရော သိနိုင်ဦးပါ့မလား တွေးမိပါတော့တယ်။
ဆောင်းပါးရှင်။   ။  မောင်လွမ်းနောင် ( မြင်းခြံ )

မှတ်ချက်။  ။ ဆရာတော် ပျံလွန်တော်မမူခင်က ပုံများအား ကျိုင်းတုံမြို့ မြားနတ်မောင် ကွမ်းယာအပိုပစ္စည်းဖြန့်ချီရေးမှ ကူညီ ပံ့ပိုးပါသည်။ မှတ်တမ်း ဗီဒီယိုအား ဦးကျော်သူ နှင့် မဇ္ဈိမလူမှုကူညီအသင်း ဦးတင့်ဆွေတို့ နှင့်အတူ လိုက်ပါသွားစဉ်က ရိုက်ကူးခဲ့သည့် မှတ်တမ်းဖြစ်ပါသည်။

ပုံများကိုကြည့်ရန်
နှစ်ပေါင်း(၂၆)နှစ်ကျော်ကြာ မပုပ်သိုးသော ကျိုင်းတုံမြို့ ထပ်တင်္ကာ..
32 photos

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~


Viewing all articles
Browse latest Browse all 18345

Trending Articles


၂၀၁၆ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ အောင်စာရင်းထုတ်ပြန်


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


အရက်ဖိုးတောင်းသည့် ခင်ပွန်းအား ဇနီးမှ ဓားဖြင့်ထိုး၍ တောင်ကြီး၌ လူသတ်မှုဖြစ်ပွား


မြန်မာတွေ ကြည့်ရှု အဆင်ပြေမယ့် ဇာတ်ကား ရိုက်ကူးတယ် ဆိုသူ စံရတီမိုးမြင့်


ဆားပုလင်းနှင်းမောင်၏ နိဂုံး


မောင်စွမ်းရည် ● ဂျပန်စကားသင် ကျောင်းသား မောင်ဘဂျမ်း


မြတ်ကေသီအောင် ပုံအား မှတ်ချက်ပေးကြသူများ


ဂျူးပင် စိုက်ပျိုးနည်း


သာကူ⁠ပြင် ⁠ပြုလုပ်နည်း



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>