Quantcast
Channel: TNA ❃ Tachileik News Agency ❃ www.tachileik.net
Viewing all articles
Browse latest Browse all 18345

ယာဉ်အရှိန်ပြင်းမှုကြောင့် လမ်းဘေးဓါတ်တိုင် ၀င်တိုက်မှု တာချီလိတ်၌ ဖြစ်ပွား

$
0
0
အောက်တိုဘာလ (၂)ရက်အကုန်(၃)ရက်သို့ အကူး ည (၁၂)နာရီခွဲအချိန်ခန့်က ယာဉ်အား မဆင်မခြင် အရှိန်ပြင်းစွာမောင်းနှင်မှုကြောင့် လမ်းဘေးဓာတ်တိုင်နှင့် ယာဉ်တိုက်မှုဖြစ်ကာ ယာဉ်မောင်းဖြစ်သူ ဒဏ်ရာပြင်းထန်စွာရရှိပြီး ယာဉ်တစ်စီးလုံး ဆိုးရွားစွာထိခိုက်ပျက်စီးခဲ့မှုတစ်ရပ် တာချီလိတ်မြို့တွင် ဖြစ်ပွားခဲ့သည်။


ဖြစ်စဉ်မှာ အောက်တိုဘာ(၃)ရက် နံနက် (၀၀း၃၀)အချိန်ခန့်က ကျိုင်းတုံမြို့ အမှတ် (၁)ရပ်ကွက် ၊ မနန်းရွှေစင်အိသည် သူငယ်ချင်းများ ဖြစ်ကြသည့် ကိုကိုလှိုင်(ပုန်းထွန်ရပ်ကွက် ) ၊ မယဉ်ယဉ်သက် (ရန်အောင်မြေရပ်ကွက်) ၊ မရွှန်းလဲ့ဝင်း (ဆန်ဆိုင်း-ခရပ်ကွက်) နေသူတို့အား တင်ဆောင်ကာ ဟွန်ဒါဖစ် အမျိုးအစား အဖြူရောင်မော်တော်ယာဉ်အား တာချီလိတ်မြို့ ၊ အမှတ်(၁)ချစ်ကြည်ရေးတံတား အ၀ိုင်းဖက်မှ မကာဟိုခမ်းရပ်ကွက်ဖက်သို့ ဗိုလ်ချုပ်လမ်းမကြီးအတိုင်း ကိုယ်တိုင် အရှိန်ပြင်းစွာ မောင်းနှင်လာစဉ် ၀မ်ကောင်းရပ်ကွက် အကောက်ခွန်ရုံးရှေ့အလွန်တွင် အရှိန်မထိန်းနိုင်တော့ဘဲ ယာဉ်မှာတပတ်လည်သွားပြီး တဖက်ယာဉ်ကြောသို့ရောက်ရှိသွားကာ လူသွား ပလက်ဖောင်းအား ကျော်သွားပြီး လမ်း၏ ၀ဲဖက်တွင်တည်ရှိသည့် သူရိယသင်္ကန်းတိုက်ရှေ့ရှိဓာတ်တိုင်အား ယာဉ်၏ ယာဖက်ခြမ်းဖြင့် ခါးလည်မှ အလျားလိုက်ဖြတ်တိုက်မိသွားသည်။



ထိုသို့ဖြစ်ပွားမှုကြောင့်  ယာဉ်မောင်းနှင်သူ မနန်းရွှေစင်အိမှာ အခင်းဖြစ်နေရာတွင်ပင် ဦးခေါင်းနောက်စေ့ ပေါက်ပြဲဒဏ်ရာ(စိုးရိမ်ရ)ဖြင့် သတိလစ်သွားပြီး ယာဉ်၏ဦးခန်းတွင် လိုက်ပါလာသည့် ကိုကိုလှိုင် ၊နောက်ခန်းတွင် လိုက်ပါလာသည့် မယဉ်ယဉ်သက် နှင့် မရွှန်းလဲ့ဝင်း တို့သုံးဦးတွင်လည်း ထိခိုက် ဒဏ်ရာများ (မစိုးရိမ်ရ) ရရှိသွားခဲ့ပြီး အရှိန်ပြင်းထန်စွာ တိုက်မိမှုကြောင့် ယာဉ်မှာလည်း ဆိုးရွားစွာ ထိခိုက်ပျက်စီးသွားခဲ့ရပြီး အတိုက်ခံရသည့် လျှပ်စစ်ဓာတ်အားပေးတိုင်လည်း ထိခိုက်ပျက်စီးခဲ့ရသည်။


အခင်းဖြစ်ပွားရာသို့ တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေနှင့် တာဝန်ရှိသူများ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ ၊ ယာဉ်ထိန်းရဲတပ်ဖွဲ့မှ တာဝန်ရှိသူများ ရောက်ရှိလာပြီး ဒဏ်ရာရရှိသူများအား ခရိုင်ပြည်သူ့ဆေးရုံကြီးသို့ ဆောလျင်စွာ တင်ပို့ကုသပေးခဲ့ပြီး ယာဉ်မောင်းဖြစ်သူ မနန်းရွှေစင်အိ၏ ဦးခေါင်းဒဏ်ရာမှာ စိုးရိမ်ရသည့် အတွက် အောက်တိုဘာလ(၃)ရက် နံနက်ပိုင်းတွင် အုပ်ထိန်းသူများ၏ ဆန္ဒအရ ထိုင်းနိုင်ငံ ချိန်းရိုင်းခရိုင်ဆေးရုံသို့ ဆက်လက်သွားရောက်ကုသလျှက်ရှိပြီး ယာဉ်အားမဆင်မခြင် ပြင်းထန်စွာမောင်းနှင်ခဲ့သူ မနန်းရွှေစင်အိအား တာချီလိတ် မြို့မရဲတပ်ဖွဲ့ စခန်းမှ ဥပဒေအရ အမှုဖွင့်လှစ် အရေးယူဆောင်ရွက်လျှက်ရှိကြောင်း သိရှိရသည်။

သတင်း။   ။ မောင်ယဉ်ကျေး

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~


Viewing all articles
Browse latest Browse all 18345

Trending Articles


ဂျူးပင် စိုက်ပျိုးနည်း


ဦးမျိုးရန်နောင်သိမ်း လွတ်မြောက်


Bern , Switzerland, ဆွန်ဇာလန် နိုင်ငံ ၊ ဘန်းမြို့ ရဲ့ သာယာ လှပပြီး ရှု မညီးတဲ့...


ရဟန်းနှင့် ဘွဲ့ဒီဂရီ


ခြေလျင်နှင့်ခြေမြန်တပ်ရင်းများကွာခြားပုံ


ရှမ်းကိုးပြည် တွင်ပါဝင်သော မိုးညှင်းပြည် နှင့် မိုးမိတ်ပြည် ကို ဘုရင့်နောင်...


မြန်မာတွေ ကြည့်ရှု အဆင်ပြေမယ့် ဇာတ်ကား ရိုက်ကူးတယ် ဆိုသူ စံရတီမိုးမြင့်


(၁၅) မိနစ် တရားထိုင်နည်း


ဒွေး တိမ်တွေ ငိုတဲ့ခဏ ၊ ဒွေး ၊ နန္ဒာလှိုင် ၊ တင့်တင့်ထွန်း ၊ အောင်လွင် ၊ ဆင်မ


သာကူ⁠ပြင် ⁠ပြုလုပ်နည်း



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>