Quantcast
Channel: TNA ❃ Tachileik News Agency ❃ www.tachileik.net
Viewing all articles
Browse latest Browse all 18345

တာချီလိတ်မြို့ "တိုင်းစီယမ်"စက်သုံးဆီရောင်းဝယ်ရေးလုပ်ငန်းမှ စရိတ်ငြိမ်း ၀န်ထမ်း(၅)ဦး အလိုရှိ

$
0
0
တာချီလိတ်မြို့၊ မိုင်းကိုးကျေးရွာအုပ်စု၊ ယန်းခမ်းကျေးရွာ ကျိုင်းတုံ - တာချီလိတ် သွားလမ်းတွင် ဖွင့်လှစ်ထားရှိသည့် "တိုင်းစီယမ်"စက်သုံးဆီရောင်းဝယ်ရေးလုပ်ငန်း၌ လစာငွေနှင့်အတူ နေထိုင်စရာနေရာနှင့် နေ့စဉ်စားသောက်စရိတ် အပြီးအစီး အမျိုးသမီး သီးသန့် ၀န်ထမ်း(၅)ဦး ခန့်ထားရန်အတွက် လျှောက်လွှာများခေါ်ယူနေလျက်ရှိသည်ကို သိရှိရသည့်အတွက် တာချီလိတ်အွန်လိုင်းမှ အလုပ်အကိုင် အခွင့်အလမ်းအနေဖြင့် ဖော်ပြပေးလိုက်ပါသည်။


"တိုင်းစီယမ်"စက်သုံးဆီရောင်းဝယ်ရေးလုပ်ငန်းတွင် အမျိုးသမီးများကိုသာ သီးသန့်ခန့်အပ်သွားမှာဖြစ်ပြီး လိုအပ်နေသည့် ၀န်ထမ်းများအနေဖြင့် စက်သုံးဆီအရောင်း (ဆီဖြည့်)၀န်ထမ်း (၃)ဦး နှင့် စာရင်းကိုင်(၂)ဦးတို့ဖြစ်ပြီး အသက်အရွယ် အပိုင်းအခြား အနေဖြင့် အသက်(၁၈)နှစ်မှ အသက်(၃၀)အတွင်းသာ ဖြစ်ရမည့်အပြင် လုပ်ငန်းခွင်အတွင်း ၀န်ထုတ်ဝန်ပိုး မဖြစ်စေရန် အိမ်ထောင်မရှိသည့် လူလွတ်များကိုသာ ခန့်အပ်သွားမှာ ဖြစ်ကြောင်း သိရသည်။

စာရင်းကိုင် (၂)ဦးအတွက် လိုအပ်သည့် အရည်အချင်းများ
၁။ ။ (၁၀)တန်းအောင်ပြီးသူ ဖြစ်ရမည်။
၂။ ။ စာရင်းကိုင် သင်တန်းဆင်းပြီးထားသူဖြစ်ပြီး Level 3 LCCI သင်တန်းဆင်းထားသူများကို ဦးစားပေးခန့်အပ်သွားမည်။
၃။ ။ ကွန်ပျူတာ အခြေခံတတ်မြောက်ရမည်ဖြစ်ပြီး Microsoft Word နှင့် Microsoft Excel ကျွမ်းကျင်သူလည်း ဖြစ်ရမည်။
၎။ ။ အနည်းဆုံး စာရင်းကိုင်လုပ်ငန်း အတွေ့အကြုံ (၁)နှစ်ရှိရမည်။
၅။ ။ ရှမ်းစကားတတ်သူကို ဦးစားပေးမည်။
၆။ ။ လူမှုရေးနှင့် အကျင့်စာရိတ္တကောင်းမွန်ရမည်။


စက်သုံးဆီအရောင်း(ဆီဖြည့်)၀န်ထမ်း (၃)ဦးအတွက် လိုအပ်သည့် အရည်အချင်းများ
၁။ ။ အနည်းဆုံး (၈)တန်းအောင်ရမည်။
၂။  ။ အချိန်ကိုလေးစားပြီး ချိုသာသိမ်မွေ့ပြီး လူမှုဆက်ဆံရေးပြေပြစ်ရမည်။
၃။  ။ အကျင့်စာရိတ္တကောင်းမွန်ပြီး  လုပ်ငန်းအပေါ် စိတ်ပါဝင်စားသူဖြစ်ရမည်။

စာရင်းကိုင်ဝန်ထမ်း နှင့် စက်သုံးဆီအရောင်း(ဆီဖြည့်)၀န်ထမ်းများ အနေဖြင့် ဆီပန့်ဖွင့်ချိန် ပိတ်ချိန်ဖြစ်သည့် နံနက်(၆)နာရီမှ ည(၇)နာရီအချိန်ထိ လုပ်ငန်းခွင် ၀င်နိုင်ရမှာဖြစ်ပြီး လုပ်ငန်းအပေါ် ကြိုးစားမှု အခြေအနေကို ကြည့်၍ လစာငွေ တိုးမြှင့်ပေးသွားမှာ ဖြစ်ကြောင်း သိရသည်။

အဆိုပါ အလုပ်အား စိတ်ပါဝင်စား၍ ဆက်သွယ်စုံစမ်းလိုပါက အောက်ပါ ဆက်သွယ်ရန် ဖုန်းနံပါတ်နှင့် လိပ်စာမှတဆင့် ယနေ့ စက်တင်ဘာလ(၂၈)ရက်နေ့မှစ၍ ၂၅.၁၀.၂၀၁၄ ရက်နေ့အထိ ဆက်သွယ်စုံစမ်းနိုင်မှာဖြစ်ကြောင်း သိရသည်။

 "တိုင်းစီယမ်"စက်သုံးဆီရောင်းဝယ်ရေးလုပ်ငန်း
ကျိုင်းတုံ - တာချီလိတ်လမ်းမကြီး၊
ယန်းခမ်းကျေးရွာ၊ မိုင်းကိုးကျေးရွာအုပ်စု၊ တာချီလိတ်မြို့။
မြန်မာဖုန်း။  ။ 0949574789 , 0932904812
ထိုင်းဖုန်း။   ။ 0861936526
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~

Viewing all articles
Browse latest Browse all 18345

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>