Quantcast
Channel: TNA ❃ Tachileik News Agency ❃ www.tachileik.net
Viewing all articles
Browse latest Browse all 18345

တာလေရေဘေးတွင် အိမ်သုံးပစ္စည်းများ မျောပါသွားမှုကို ခံလိုက်ရသည့် အိမ်ခြေ(၅)အိမ်အတွက် ထောက်ပံ့ပစ္စည်းများ ပေးအပ်

$
0
0
ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်ခရိုင်၊ တာလေမြို့နယ်ခွဲ၊ ၀မ်ဆာကျေးရွာတွင် စက်တင်ဘာလ (၂၅)ရက်သို့ အကူး (၁၂း၃၀)အချိန်က မိုးရွာသွန်းပြီး နံနက်(၂း၃၀)နာရီ အချိန်မှစ၍ ရေကြီးရေလျှံမှု ဖြစ်ပွားရာ နေအိမ် အလုံး(၄၀) နှင့် စိုက်ပျိုးလယ်(၁)ဧကကျော် ရေနစ်မြုပ်မှုဒဏ်ကို ခံလိုက်ရပြီးနောက် တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်း နှင့်အဖွဲ့မှ အဆိုပါနေ့မှာပင် သွားရောက်၍ ရေဘေးသင့်ပြည်သူများအား လတ်တလောဝမ်းရေး ဖြေရှင်းနိုင်ရန်အတွက် စားနပ်ရိက္ခာများကို ဝေငှခဲ့ကြပြီး အဆိုပါ အိမ်ခြေ(၄၀)ထဲမှ အိမ်ခြေ(၅)အိမ်မှာ လူနေအသုံးအဆောင် မီးဖိုချောင်သုံးပစ္စည်းများ အလုံးစုံ ရေထဲ ပါသွားသည့်အတွက် ယနေ့ စက်တင်ဘာလ(၂၆)ရက် နေ့လည်ပိုင်းတွင် တာချီလိတ်မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး၌ အိမ်ခြေ(၅)အိမ်အတွက် အိုးခွက်ပန်းကန်နှင့် အိမ်သုံးပစ္စည်း အစုံအလင်ပါသည့် ပစ္စည်းများအား ပေးအပ်ထောက်ပံ့မှုကို ပြုလုပ်ခဲ့ကြသည်။

( အိမ်ခြေတစ်အိမ်စာ )


ထောက်ပံ့ပစ္စည်းများနှင့် ပတ်သက်၍ တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်း၏ ဦးဆောင်မှုဖြင့် စေတနာရှင် အလှူရှင်များဖြစ်သည့် ဦးတင်လှိုင် + ဒေါ်နန်းမိမိလေး အဆွေတော် မိသားစု (၂၄)နာရီ အထူးကုဆေးခန်း နှင့် အဆွေတော်မီနီမတ်(ရတနာစံအိမ်တော်) မိသားစု၊ ဦးတင်နွယ် + နန်းခမ်းအောင် (စိုင်းလောဝ်ဟိန်း သတ္တုတူးဖော်ရေးကုမ္ပဏီ )မိသားစု၊ မဇ္ဈိမလူမှုကူညီရေးအသင်း ဥက္ကဌ ဦးတင့်ဆွေ၏ မွေးနေ့အထိမ်းအမှတ်အဖြစ် ဦးအောင်မျိုးဝင်း + ဒေါ်စိုးဥမ္မာ ( အောင်မျိုးဝင်း - ကွမ်းပစ္စည်းဆိုင်)မိသားစု မှ လှူဒါန်းသည့်အပြင်၊ ဦးမြင့်ဇော် + ဒေါ်လှလှနွယ် ( စိန်ပလောင် လက်ဖက် )မိသားစု၊ စိုင်းနွံ (လျှပ်စစ်ပစ္စည်းဆိုင်) မိသားစု၊ ဦးအောင်ဖြိုးရှိန် (သူရိယ သင်္ကန်းတိုက်)မိသားစု နှင့် ဦးကျလော မိသားစုတို့မှ မီးဖိုချောင်သုံးပစ္စည်း အစုံအလင်တို့ကို ပေးအပ်လှူဒါန်းကြပြီး ရွှေတာချီခရီးသွားလုပ်ငန်း ဥက္ကဌ ဦးစိုင်းကျော်ဇံ မှ (၁၅၀၀)ဘတ် ထို့အပြင် ထိုင်းနိုင်ငံ၊ ချင်းရိုင်းနေ  ဦးစောမြင့် မှ (၅၅၀၀)ဘတ် စသည်ဖြင့် အသီးသီး လှူဒါန်းလာကြသည်။



ရေကြီးရေလျှံမှု ဒဏ်ကြောင့် အိမ်သုံးပစ္စည်းများ ရေထဲမျှောပါသွားမှုကို ခံလိုက်ရသော အိမ်ခြေ(၅)အိမ်မှ အိမ်ထောင်စုဝင် (၅)ဦးအား တာချီလိတ်မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးတွင် ထောက်ပံ့ပေးအပ်ရာ တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်း နှင့် အလှူရှင်အချို့မှ ကိုယ်တိုင်ကိုယ်ကျ လက်ဝယ်အရောက် ပေးအပ်လှူဒါန်း ထောက်ပံ့ခဲ့ကြသည်။



ထိုသို့ လှူဒါန်းထောက်ပံ့မှုတွင် တာလော့ရပ်ကွက်အတွင်းမှ စေတနာရှင်များက လိုအပ်သည့် နေရာများတွင် ပြန်လည်၍ ပေးအပ်လှူဒါန်းနိုင်ရန်အတွက် တာလော့ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးအေးကို ထံ လှူဒါန်းလာသည့် အ၀တ်အထည်များကို တာလော့ရပ်ကွက်အုပ်ချုပ်ရေးမှူးက တာလေရေဘေးသင့် ပြည်သူများအတွက် ခေတ္တတာလေမြို့နယ်ခွဲအုပ်ချုပ်ရေးမှူး ဦးဇော်လွင်ထွန်းထံ ပေးအပ်လှူဒါန်းသည်။



တဆက်တည်းမှာပင် တာချီလိတ်မြို့ မေဖလားဝါးကွင်းတွင် ဖွင့်လှစ်ထားရှိသည့် သစ္စာ ကဖေး မှ ကိုစံရွှေမြင့် + မမေဦးမော် မိသားစုက နေ့စား စည်ပင်အမှိုက်လှဲဝန်ထမ်းများ နှင့် တာလေရေဘေးသင့် အိမ်ခြေ(၅)စုမှ လာရောက်သူ ပြည်သူများအား နေ့လယ်စာဖြင့် ကုသိုလ်ယူ ဧည့်ခံကျွေးမွေးကြောင်း သိရသည်။



တာလေမြို့နယ်ခွဲတွင် ရေကြီးရေလျှံမှုကြောင့် စက်တင်ဘာလ(၂၅)ရက်နေ့က တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး နှင့် အဖွဲ့မှ ယခင်က အလှူရှင်များ လှူဒါန်းထားသည့် အထဲမှ လက်ကျန်ဖြစ်သော ထောက်ပံ့ပစ္စည်းများအား တစ်အိမ်ထောင်စုလျှင် ဆန်(၂)ပြည်၊ ဆီ(၂)ဗူး၊ ခေါက်ဆွဲခြောက် (၁၀)ထုပ်နှင့် ရေသန့် (၃)ဆွဲစီ ပေးဝေခဲ့ကြရာ စုစုပေါင်း ဆန်(၄)အိတ်၊ ဆီ(၇)ဖာ နှင့် ရေသန့်(၄၁)ဆွဲအပြင် ခေါက်ဆွဲခြောက် ဖာကြီး (၂)ဖာ ပေးဝေခဲ့ကြောင်း သိရှိရသည်။

ပုံများကိုကြည့်ရန်
တာလေရေဘေးတွင် အိမ်သုံးပစ္စည်းများ မျောပါသွားမှုကို ခံလိုက်ရသည့် ...
28 photos

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~


Viewing all articles
Browse latest Browse all 18345

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>