ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်ခရိုင်၊ တာလေမြို့နယ်ခွဲ၊ ၀မ်ဆာကျေးရွာတွင် စက်တင်ဘာလ (၂၅)ရက်သို့ အကူး (၁၂း၃၀)အချိန်က မိုးရွာသွန်းပြီး နံနက်(၂း၃၀)နာရီအချိန်မှစ၍ ရေကြီးရေလျှံမှု ဖြစ်ပွားရာ နေအိမ် အလုံး(၄၀) နှင့် စိုက်ပျိုးလယ်(၁)ဧကကျော် ရေနစ်မြုပ်မှုဒဏ်ကို ခံလိုက်ရကြောင်း သိရသည်။
ဝမ်ဆာကျေးရွာတွင် အိမ်ခြေစုစုပေါင်း (၁၃၀)အိမ်ရှိရာ ရေကြီးရေလျှံ ဖြစ်ပေါ်မှုဒဏ်ကြောင့် အိမ်ခြေ(၄၀) နှင့် လယ်(၁)ဧကကျော် နစ်မြုပ်ရာ တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်း နှင့် ခေတ္တတာလေမြို့နယ်ခွဲ အုပ်ချုပ်ရေးမှူး ဦးဇော်လွင်ထွန်း နှင့် အဖွဲ့မှ သွားရောက်၍ ရေဘေးသင့် ရွာသူရွာသားများအား စားနပ်ရိက္ခာများဖြစ်သည့် ဆန်၊ ဆီ၊ ရေသန့် နှင့် ခေါက်ဆွဲခြောက်များအား ပေးဝေခဲ့ကြသည်။
ထိုသို့ ပေးဝေရာတွင် တစ်အိမ်ထောင်စုလျှင် ဆန်(၂)ပြည်၊ ဆီ(၂)ဗူး၊ ခေါက်ဆွဲခြောက် (၁၀)ထုပ်နှင့် ရေသန့် (၃)ဆွဲစီ ပေးဝေခဲ့ကြရာ စုစုပေါင်း ဆန်(၄)အိတ်၊ ဆီ(၇)ဖာ နှင့် ရေသန့်(၄၁)ဆွဲအပြင် ခေါက်ဆွဲခြောက် ဖာကြီး (၂)ဖာ ပေးဝေခဲ့ကြောင်း သိရသည်။
တာချီလိတ်ခရိုင်တွင် စက်တင်ဘာလ အတွင်း (၆)ရက်နေ့က တာချီလိတ်မြို့ပေါ်၌ ဆိုးရွားစွာ ရေကြီးရေလျှံ ဖြစ်ပေါ်ခဲ့ပြီး၊ ဒုတိယအနေဖြင့် စက်တင်ဘာလ (၁၈)ရက်နေ့က တာချီလိတ်မြို့ပေါ်၌ပင် ထပ်မံ၍ ရေကြီးရေလျှံ ဖြစ်ပေါ် ခဲ့ပြီးနောက်မှာ ယနေ့ စက်တင်ဘာလ (၂၅)ရက် နံနက်ပိုင်းတွင် တာလေမြို့နယ်ခွဲ၌ ရေကြီး ရေလျှံမှု ဖြစ်ပေါ်ခဲ့ရာ စက်တင်ဘာလ အတွင်း တာချီလိတ်ခရိုင်၌ ရေကြီးရေလျှံမှု သုံးကြိမ် ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
ပုံများကိုကြည့်ရန်

29 photos
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
Facebook: www.fb.com/TachileikNews
Youtube: www.youtube.com/ TachileikNews
Email: tachileik@tachileik.net
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~