Quantcast
Channel: TNA ❃ Tachileik News Agency ❃ www.tachileik.net
Viewing all articles
Browse latest Browse all 18345

တာချီလိတ်ရေကြီးရေလျှံမှု အကြွင်းအကျန်များ စုပေါင်းရှင်းလင်း

$
0
0
စက်တင်ဘာလ(၁၈)ရက်နေ့က မိုးရွာသွန်းမှုနှင့်အတူ တောင်ကျရေများကြောင့် မယ်ဆိုင်ချောင်းမှတဆင့် ရေကြီးရေလျှံမှုများ အဆိုးဆုံးဖြစ်ပေါ်ခဲ့သည့် ပုန်းထွန်ရပ်ကွက် နှင့် တာလော့ရပ်ကွက် အပြင် ၀မ်ကောင်းရပ်ကွက် (ဆက်သွယ်ရေးဝန်း)တို့တွင် ရွှံ့နွံနှင့် နုန်းများ တင်ကျန်မှုများကြောင့် ရေများ ကျဆင်းသွားသော်လည်း ယနေ့ စက်တင်ဘာလ(၂၀)ရက်နေ့ထိ တာလော့ရပ်ကွက်နှင့်  ၀မ်ကောင်းရပ်ကွက်(ဆက်သွယ်ရေးဝန်း)တို့တွင် သန့်ရှင်းရေးလုပ်ငန်းများကို ပူးပေါင်း၍ ဆောင်ရွက်နေကြတာကို တွေ့ရှိရသည်။



ထိုသို့ ဆောင်ရွက်ရာတွင် တာလော့ရပ်ကွက် အနိမ့်ပိုင်းနေရာများတွင် စည်ပင်သာယာရေးနှင့် ရှမ်း(ရှေ့) သတ္တုလုပ်ငန်းရှင်များအသင်း ဥက္ကဌ ဦးမြင့်ဦး(မုတ်ဆိပ်)အပါအ၀င် တာလော့ရပ်ကွက် အုပ်ချုပ်ရေးမှူး နှင့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဈေးသူ၊ ဈေးသားများမှ စုပေါင်း၍ ရှင်းလင်းနေကြသည်ကို တွေ့ရှိရသည်။


ဆက်လက်၍ တာလော့ကျောင်းနှင့် အနိမ့်ပိုင်းနေရာများတွင် တာချီလိတ် တပ်နယ်မှ အရာရှိ အရာခံ၊ စစ်သည်များမှလည်း ရွှံနွံများ ရှင်းလင်းဖယ်ရှားခြင်း၊ ဆေးကြောသန့်စင် ပေးခြင်းများကို တက်ကြွစွာ ဆောင်ရွက်နေတာကိုလည်း တွေ့ရှိရသည်။



ထို့အတူပင် ၀မ်ကောင်းရပ်ကွက် ဆက်သွယ်ရေးရုံးအတွင်း၌ ပြည်ခိုင်ဖြိုးပါတီ နှင့်  မေတ္တာရှင်(သာရေး/နာရေး)ကူညီမှုအသင်း၊ ကက်သလစ်သာသနာ(သံတာအားနာမိခင်အဖွဲ့)၊ ၀မ်ကောင်းရပ်ကွက် အုပ်ချုပ်ရေးမှူး နှင့် အဖွဲ့ဝင်များ၊ ပြည်သူ့စစ်နှင့် (အရန်)မီးသတ်တပ်ဖွဲ့ဝင်များမှ တက်ကြွစွာ ဆေးကြောရှင်းလင်းကြသည်။



တာလော့ဈေးအတွင်း၌ ဈေးသူဈေးသားများမှ မိမိတို့၏ ဆိုင်အတွင်းသို့ ၀င်ရောက်နေသော ရွှံ့နွံများအား ရှင်းလင်း ဆေးကြောကြပြီး ရွှံ့နွံထုပ်များအား စုပုံထားက လာသယ်ယူပေးမည့် ကားများကို စောင့်မျှော်နေလျက် ရှိတာကိုလည်း တွေ့ရှိရသည်။


ယနေ့ နံနက်ပိုင်းတွင် တာချီလိတ် ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးဝင်းထွန်း ဦးဆောင်သည့်  ခရိုင်/မြို့နယ် ရဲအရာရှိများ၊ အခြားအဆင့် တပ်ဖွဲ့ဝင်များနှင့် ရဲမိသားစုဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ စုစုပေါင်း (၁၅၂)ဦးမှလည်း နှစ်(၅၀)မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသည့်အနေဖြင့် တာလော့ရပ်ကွက်အတွင်း စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ကြသည်။


"မိုးရွာတိုင်း တာလော့မှာ ရေကြီးရေလျှံတာ အဆန်းတော့ မဟုတ်တော့ပါဘူး၊ အကျမြန်တာနဲ့ အကျနှေးတာပဲရှိတာ၊ ခက်တာက ကျွန်တော်တို့က ဆိုင်ငှားတွေ ဖြစ်တော့ ဆိုင်အတွင်း ရေတက်လာရင် ရှင်းလင်းဖို့ပဲ ရတယ်၊ တကယ်တမ်းက ဆိုင်ခန်းပိုင်ရှင်တွေအားလုံးအနေနဲ့ စုပေါင်းပြီး ရေမြောင်းကို ဆယ်ကြမယ်ဆိုရင် ဒီလိုရေကြီးရေလျှံမှုအပြီး ရေကျန်တာတွေက ခဏလေးပဲ ဖြစ်နေမှာ၊ အခုက ဆိုင်ခန်းပိုင်ရှင်တွေက အချိန်တန်လစာပဲ စောင့်စားကြတယ်၊ ရေမြောင်းကို ပြင်ဖို့ ဆယ်ဖို့တော့ မစဉ်းစားကြဘူး၊ သက်ဆိုင်ရာက လာလုပ်ပေးလိ့မ်မယ်ဆိုတာပဲ စောင့်နေကြတော့ ကျွန်တော်တို့ ဈေးသည်တွေ တခါရေတက်တိုင်း ဆုံးရှုံးမှုက နှစ်စဉ်လိုလိုပါပဲဗျာ...."ဟု တာလော့ဈေးသည်တစ်ဦးမှ တာချီလိတ်အွန်လိုင်းသို့ ညည်းညူ၍ ပြောပြလာသည်။
သတင်း ။   ။ ကိုဇောင်း
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~

~~~~~~~~~ ကြော်ငြာ ~~~~~~~~~


Viewing all articles
Browse latest Browse all 18345

Trending Articles


ဂျူးပင် စိုက်ပျိုးနည်း


သင့် ကိုယ်လုံးတီး ပုံများ အွန်လိုင်းပေါ် မရောက်ရလေအောင်


Bern , Switzerland, ဆွန်ဇာလန် နိုင်ငံ ၊ ဘန်းမြို့ ရဲ့ သာယာ လှပပြီး ရှု မညီးတဲ့...


ရဟန်းနှင့် ဘွဲ့ဒီဂရီ


ရှမ်းကိုးပြည် တွင်ပါဝင်သော မိုးညှင်းပြည် နှင့် မိုးမိတ်ပြည် ကို ဘုရင့်နောင်...


မြန်မာတွေ ကြည့်ရှု အဆင်ပြေမယ့် ဇာတ်ကား ရိုက်ကူးတယ် ဆိုသူ စံရတီမိုးမြင့်


(၁၅) မိနစ် တရားထိုင်နည်း


ဒွေး တိမ်တွေ ငိုတဲ့ခဏ ၊ ဒွေး ၊ နန္ဒာလှိုင် ၊ တင့်တင့်ထွန်း ၊ အောင်လွင် ၊ ဆင်မ


သာကူ⁠ပြင် ⁠ပြုလုပ်နည်း


၆နှစ်ပြည့်ရွှေဝါရောင်တော်လှန်ရေးသို့သမိုင်းအား လိမ်ညှာခဲ့သော...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>