Quantcast
Channel: TNA ❃ Tachileik News Agency ❃ www.tachileik.net
Viewing all articles
Browse latest Browse all 18345

တာချီလိတ်၌ တစ်လအတွင်း ဒုတိယ အကြိမ်မြောက် ရေကြီးရေလျှံသည့်အတွက် ကယ်ဆယ်ရေးများ ပူးပေါင်းဆောင်ရွက်

$
0
0
၂၀၁၄ စက်တင်ဘာလ(၁၇)ရက် ညပိုင်းမှစ၍ စက်တင်ဘာလ(၁၈)ရက် နံနက်ပိုင်းအချိန်ထိ အဆက်မပြတ် မိုးများရွာသွန်းမှုကြောင့် ထိုင်း - မြန်မာ နှစ်နိုင်ငံအကြားရှိ မယ်ဆိုင်ချောင်းမှ တဆင့် တောင်ကျရေများကြောင့် ရေကြီးရေလျှံမှု ဖြစ်ပေါ်ခဲ့ရာ ချောင်းရေမျက်နှာပြင် မြင့်တက်လာမှုကြောင့် ရေဘေးသင့် ပြည်သူများအား ကယ်ဆယ်ရေးအဖွဲ့များဖြင့် ကယ်ဆယ်မှုများ ပြုလုပ်နေလျက်ရှိကြသည်။



မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ထိုင်း - မြန်မာ အမှတ်(၁)ချစ်ကြည်ရေးတံတား အောက်ခံ သံဘောင် အထိ ရေများ တက်လာခဲ့ပြီး ပုန်းထွန်ရပ်ကွက်နှင့် တာလော့ရပ်ကွက်တို့တွင် ရေများနစ်မြှုပ်မှုဖြစ်ပေါ်ရာ ရေဘေးသင့် ပြည်သူများအား  စစ်ဗျူဟာအဖွဲ့(အခြေချ) တာချီလိတ် စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ဇော်နိုင်ဦး ဦးဆောင်သည့် နယ်မြေခံ တပ်မှ အရာရှိ/စစ်သည်များ၊ တာချီလိတ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေ၊ တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်း၊ မြို့နယ် စည်ပင်သာယာရေးကော်မတီ အတွင်းရေးမှူး ဦးကျော်ဇင် နှင့် စည်ပင်သာယာရေးအဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များ နှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များစသည့် ဌာနဆိုင်ရာ များပါဝင်သော ကယ်ဆယ်ရေး အဖွဲ့ဝင်များဖြင့် လူမှုကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေကြတာကို တွေ့ရှိရသည်။




ယနေ့ (၇)နာရီအချိန်ခန့်တွင် အမှတ်(၁) ချစ်ကြည်ရေးတံတား အောက်ခံ သံဘောင် အထိ ရေများတက်လာခဲ့သည့် အတွက် ရေနှင့်အတူ မျှောပါလာသော သစ်တုံးများနှင့် အမှိုက်များကြောင့် တံတား၏ ခံနိုင်ရည်ထက် လွန်ကဲပြီး ပျက်စီးသွားမည့် အရေးကို စိုးရိမ်ကြ၍ နယ်ခြားကော်မတီ ထိုင်းဘက်နှင့် ညှိနှိုင်းကာ တံတားအောက်တွင် ပိတ်ဆို့နေသော အမှိုက်သရိုက်များအား ထိုင်းဘက်မှ ဘက်ဟိုးဖြင့် ရှင်းလင်းဖယ်ရှားခြင်းများကို ဆောင်ရွက်ခဲ့ကြသည်ဖြစ်ရာ တံတားပေါ်တွင် ပူးပေါင်း၍ ရှင်းလင်းမှုများ ဆောင်ရွက်နေစဉ်အတွင်း ခရီးသွား ဧည့်သည်များအား တစ်စုံတစ်ရာ ထိခိုက်မှုမရှိစေရန်အတွက် လမ်းလျှောက်သွားသူများကိုသာ ခွင့်ပြုထားပြီး ဆိုင်ကယ်/ကားတို့ဖြင့် သွားသည့် ခရီးသည်များကိုတော့ ခေတ္တဆိုင်းငံ့ထားတာကိုလည်း တွေ့ရှိရသည်။




ယခု အခါမှာ သက်ဆိုင်ရာ ရပ်ကွက်များ အလိုက် ပူးပေါင်း၍ ကယ်ဆယ်မှုများ ဆောင်ရွက်နေကြသည် ကိုလည်း တွေ့ရှိရသည်။
သတင်း ။ ။ ကိုဇောင်း 
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~


Viewing all articles
Browse latest Browse all 18345

Trending Articles


တာချီလိတ်မြို့မှာ ကျင်းပပြီး နိုင်ငံပေါင်း ၁၉နိုင်ငံက လာရောက်မည့်...


သင့် ကိုယ်လုံးတီး ပုံများ အွန်လိုင်းပေါ် မရောက်ရလေအောင်


Bern , Switzerland, ဆွန်ဇာလန် နိုင်ငံ ၊ ဘန်းမြို့ ရဲ့ သာယာ လှပပြီး ရှု မညီးတဲ့...


ရဟန်းနှင့် ဘွဲ့ဒီဂရီ


ရှမ်းကိုးပြည် တွင်ပါဝင်သော မိုးညှင်းပြည် နှင့် မိုးမိတ်ပြည် ကို ဘုရင့်နောင်...


မြန်မာတွေ ကြည့်ရှု အဆင်ပြေမယ့် ဇာတ်ကား ရိုက်ကူးတယ် ဆိုသူ စံရတီမိုးမြင့်


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ဒွေး တိမ်တွေ ငိုတဲ့ခဏ ၊ ဒွေး ၊ နန္ဒာလှိုင် ၊ တင့်တင့်ထွန်း ၊ အောင်လွင် ၊ ဆင်မ


မတ်ပဲမျိုးများ၏ အရည်အချင်းလက္ခဏာများ


၆နှစ်ပြည့်ရွှေဝါရောင်တော်လှန်ရေးသို့သမိုင်းအား လိမ်ညှာခဲ့သော...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>