Quantcast
Channel: TNA ❃ Tachileik News Agency ❃ www.tachileik.net
Viewing all articles
Browse latest Browse all 18345

တာချီလိတ်တွင် မီးနီဖြတ်မောင်းမှုကြောင့် လိုင်စင်မဲ့ကားနှင့်အတူ ဖမ်းမိသည့် ထိုင်းနိုင်ငံသား နှင့် အိမ်ခန်းငှားပေးထားသူ မြန်မာနိုင်ငံသားကိုပါ လ၀ကအက်ဖြင့် အမှုဖွင့်အရေးယူ

$
0
0

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် လိုင်စင်မဲ့ကားနှင့်အတူ ဖမ်းဆီးရမိသည့် ထိုင်းနိုင်ငံသားမှာ တာချီလိတ်မြို့သို့ လွန်ခဲ့သည့် (၈)လခန့်ကတည်းက ခိုးဝင်နေထိုင်နေသူဖြစ်ကြောင်း စစ်ဆေး တွေ့ရှိရသဖြင့် ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ (၂၃)ရက်နေ့တွင် လူဝင်မှုကြီးကြပ်ရေးဥပဒေဖြင့် ထပ်မံ အရေးယူထားကြောင်း နှင့် အိမ်ခန်းငှားပေးထားသူ မြန်မာနိုင်ငံသားကိုလည်း အရေးယူထားရှိကြောင်း သိရသည်။




Tahileik News Agency


~~~~~~~~⊰❂ Unicode Version ~~~~~~~~


ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် လိုင်စင်မဲ့ကားနှင့်အတူ ဖမ်းဆီးရမိသည့် ထိုင်းနိုင်ငံသားမှာ တာချီလိတ်မြို့သို့ လွန်ခဲ့သည့် (၈)လခန့်ကတည်းက ခိုးဝင်နေထိုင်နေသူဖြစ်ကြောင်း စစ်ဆေး တွေ့ရှိရသဖြင့် ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ (၂၃)ရက်နေ့တွင် လူဝင်မှုကြီးကြပ်ရေးဥပဒဖြေင့် ထပ်မံ အရေးယူထားကြောင်း နှင့် အိမ်ခန်းငှါးပေးထားသူ မြန်မာနိုင်ငံသားကိုလည်း အရေးယူထားရှိကြောင်း သိရသည်။

တာချီလိတ်တွင် ၂၀၁၉ခုနှစ် ဇန်နဝါရီလ(၂၁)ရက်နေ့က ဖြစ်ပွားခဲ့သည့် သေနတ်ပစ်မှုမှ ထွက်ပြေး တိမ်းရှောင်နေသူအား ဖမ်းဆီးရမိရေးအတွက် တာချီလိတ်မြို့မရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ရဲအုပ်ကိုကိုဦး နှင့် သက်ဆိုင်ရာ တပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းအဖွဲ့တို့မှ စုံစမ်းမှုများ ပြုလုပ်နေစဉ် ၂၀၁၁၉ခုနှစ် ဇန်နဝါရီလ(၂၂)ရက်နေ့ ည(၉)နာရီကျော်က တာချီလိတ်မြို့ ရန်အောင်မြေရပ်ကွက်၊ ပါလျှံမီးပွိုင့်တွင် TOYOTA Mark X အမျိုးအစားမော်တော်ယာဉ်သည် မီးနီနေစဉ် မီးပွိုင့်အား အရှိန်ပြင်းစွာ ဖြတ်မောင်းသွားသည့် အတွက် လိုက်လံပိတ်ဆို့ရာမှ ဖမ်းဆီးရာမှ ဖမ်းဆီးရမိခြင်း ဖြစ်သည်။

အသက်(၂၉)နှစ် ဝန်းကျင်ရှိ ထိုင်းနိုင်ငံသား ထိနခွန် နိလတသည် လွန်ခဲ့သည့် (၈)လက မယ်ခေါင်ရပ်ကွက် အနီး မယ်ဆိုင်ချောင်းကိုဖြတ်၍ တရားမဝင် ဝင်ရောက်လာသူဖြစ်ကြောင်း စစ်ဆေး တွေ့ရှိရသဖြင့်၎င်းအား အိမ်ခန်းငှါးပေးထားသည့် ဦးသူရအောင်နှင့်အတူ လူဝင်မှုကြီးကြပ်ရေးဥပဒေအရ အရေးယူထားကြောင်း သိရသည်။

အဆိုပါ ထိုင်းနိုင်ငံသားအား ထိနခွန် နိလတကို တာချီလိတ်မြို့မရဲစခန်းတွင် (ပ) ၃၄/၂၀၁၉၊ ပို့ကုန်/သွင်းကုန် ဥပဒေပုဒ်မ ၈ ဖြင့် အမှုဖွင့်အရေးယူထားရာမှ ဇန်နဝါရီလ (၂၃)ရက်နေ့တွင် (ပ) ၄၆/၂၀၁၉၊ ၁၉၄၇ ခုနှစ်၊ လဝကအက်ဥပဒေပုဒ်မ ၁၃(၁)/၁၃(၅)ဖြင့် အမှုရေးဖွင့်ထားကာ သူရအောင်ကို လဝကဥပဒေပုဒ်မ ၁၃(၅)အရ အမှုဖွင့်ထားခြင်းဖြစ်ကြောင်း သိရသည်။

Tahileik News Agency
 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~


Viewing all articles
Browse latest Browse all 18345

Trending Articles


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


တားမြစ်ထားတဲ့ သီချင်းလေးတွေ...


ယာတောက သာဗြော - အဝေးက ပေးစာတစောင် (ပုဂံငလျင်)


ဆေးစွမ်းထက်သော မြက်မုန်ညှင်းပင်


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဒုတိယအကြိမ်မြောက် တာချီလိတ်မြို့နယ်လုံးဆိုင်ရာ ဆင့်ပွားဓမ္မစကူးလ်...


ဘုရင့်နောင်ကျော်ထင်နော်ရထာ နတ်ရွာစံခြင်း


ဆင်ဖြူ ရှင်၏ ယိုးဒယားအောင်ပွဲ


မြန်မာတွေ ကြည့်ရှု အဆင်ပြေမယ့် ဇာတ်ကား ရိုက်ကူးတယ် ဆိုသူ စံရတီမိုးမြင့်


၂၀၁၅ ရွေးကောက်ပွဲ ကိုယ်စားလှယ်နေရာ ထွန်းအိန္ဒြာဗိုလ်ကို ကမ်းလှမ်းကြောင်း NLD...


မြန်အောင်မြို့နယ် အင်ပင်- ကနောင်လမ်း ရေတိုက်စား ပျက်စီး


စိုးလွင် (၂၁၁) (၀မ်ခ) ● သူပုန်တို့ရဲ့ဌာနချုပ် မာနယ်ပလောကို ကာကွယ်စို့


ဆရာလွတ် အင်္ဂလိပ်စာရေးနည်း နှင့် Essay, Letter စာအုပ်


သီတဂူဆရာတော်ကြီး၏ မွေးနေ့ ပို့စ် ဖိတ်ခေါ်


"မြန်မာ့သမိုင်းတကွေ့မှ ပထမဆုံးလေကြောင်းတိုက်ပွဲ အပိုင်း(၂)"


မကွေးတိုင်းအတွင်း တက္ကသိုလ်ဝင်စာမေးပွဲဖြေခွင့်တင်သူ ယခုနှစ်တွင် (၆,၀၀၀)ကျော်...


ရှမ်းကိုးပြည် တွင်ပါဝင်သော မိုးညှင်းပြည် နှင့် မိုးမိတ်ပြည် ကို ဘုရင့်နောင်...


သာယာဝတီမင်း၏ နောက်ကွယ်မှ ရာဇ၀င်သမိုင်းဆိုးများ


တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် ဇ နီး...


တပ်မတော်(ရေ)၏ Combined Fleet Exercise (Sea-Shield 2014)



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>