Quantcast
Channel: TNA ❃ Tachileik News Agency ❃ www.tachileik.net
Viewing all articles
Browse latest Browse all 18345

(၆၆)ကြိမ်မြောက် အဘိဓမ္မာအခါတော်နေ့ ရွတ်ဖတ်ပူဇော်နိုင်ရန် အကြိုလေ့ကျင့်သင်တန်းကို တာချီလိတ်၌ ဖွင့်လှစ်မည်ဖြစ်ရာ မည်သူမဆို တက်ရောက်သင်ယူနိုင်

$
0
0
တာချီလိတ်မြို့တွင် အဘိဓမ္မာနှင့် ပတ်သက်၍ ဖွဲ့စည်းထားသည့် အဘိဓမ္မာပြန့်ပွားရေး အသင်းခွဲ ၆/၅၅၀ မှ ဦးဆောင်ကာ (၆၆)ကြိမ်မြောက် အခါတော်နေ့တွင် ရွတ်ဖတ်ပူဇော်နိုင်ရန်အတွက် အကြိုလေ့ကျင့်မှု သင်တန်းဖွင့်လှစ်မည်ဖြစ်ရာ တာချီလိတ်မြို့ လွယ်တော်ခမ်းစုပေါင်းဂိတ်အနီးရှိ နဂါးရုံကျောင်းတိုက် ဆရာတော် ဦးသုဇန နှင့် စစ်ကိုင်း သီတဂူတက္ကသိုလ်မှ ဆရာတော် ဦးတောဇောဘာသ တို့မှ စက်တင်ဘာလ(၁)ရက်နေ့မှ အောက်တိုဘာလ(၇)ရက်နေ့အထိ ဦးဆောင်သင်ကြားပို့ချ ပေးသွားမှာဖြစ်ကြောင်း သိရသည်။

အဆိုပါ အဘိဓမ္မာသင်တန်းအား သတ်မှတ်ရက်အဖြစ် ၁.၉.၂၀၁၄ မှ ၇.၁၀.၂၀၁၄ ရက်နေ့အထိ စနေ၊ တနင်္ဂနွေနေ့များမှ လွဲ၍ ကျန်နေ့များတွင် ည(၇)နာရီမှ ည(၈)နာရီအထိ သင်ကြားပို့ချသွားမည်ဖြစ်ရာ စိတ်ဝင်စားသူများအနေဖြင့် ဖော်ပြပါ ဆက်သွယ်ရန် လိပ်စာများမှတဆင့် စာရင်းပေးသွင်းနိုင်မှာ ဖြစ်ကြောင်း သိရသည်။

အဘိဓမ္မာသင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်နှင့် ပတ်သက်၍ "စိတ်၊ စေတသိက်၊ ရုပ်နမ်တရားတွေကို လူတွေ နားလည်ပြီး တရားအားထုတ်တဲ့အခါမှာ လွယ်ကူအောင်နဲ့ လူတိုင်းသိရှိ နားလည်စေချင်လို့ ဒီသင်တန်းကို ဖွင့်လှစ်လိုက်တာဖြစ်ပါတယ်"ဟု နဂါးရုံကျောင်းတိုက်ဆရာတော် ဦးသုဇနမှ တာချီလိတ်အွန်လိုင်းသို့ ရှင်းလင်းမိန့်ကြားတော်မူသည်။

ဆက်သွယ်ရန်
နေရာ။   ။ အဘိဓမ္မာပြန့်ပွားရေးအသင်းခွဲ ၆/၅၅၀၊ အမှတ်(၉၉)၊ ဦးအောင်ဇေယျလမ်း၊ တာလော့ရိပ်သာ။ တာလော့ရပ်ကွက်၊ တာချီလိတ်မြို့။ ( ခေါ်ခင်ခင်ဝင်းနေအိမ်)
နေ့ရက် ။   ။ ၁.၉.၂၀၁၄ မှ ၇.၁၀.၂၀၁၄နေ့ထိ၊ ညစဉ် (၇)နာရီမှ (၈)နာရီအထိ ( စနေ၊ တနင်္ဂနွေ ပိတ်သည် )
မြန်မာဖုန်း။   ။ 095241775
ထိုင်းဖုန်း။  ။ 0993700437၊ 0835733043

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

Viewing all articles
Browse latest Browse all 18345

Trending Articles


၂၀၁၆ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ အောင်စာရင်းထုတ်ပြန်


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


အရက်ဖိုးတောင်းသည့် ခင်ပွန်းအား ဇနီးမှ ဓားဖြင့်ထိုး၍ တောင်ကြီး၌ လူသတ်မှုဖြစ်ပွား


မြန်မာတွေ ကြည့်ရှု အဆင်ပြေမယ့် ဇာတ်ကား ရိုက်ကူးတယ် ဆိုသူ စံရတီမိုးမြင့်


ဆားပုလင်းနှင်းမောင်၏ နိဂုံး


မောင်စွမ်းရည် ● ဂျပန်စကားသင် ကျောင်းသား မောင်ဘဂျမ်း


ခရမ်းပြာ HD ဇာတ်ကားနှင့် နပ်စ်မ HD...


ဂျူးပင် စိုက်ပျိုးနည်း


သာကူ⁠ပြင် ⁠ပြုလုပ်နည်း