Quantcast
Channel: TNA ❃ Tachileik News Agency ❃ www.tachileik.net
Viewing all articles
Browse latest Browse all 18345

မြန်မာတစ်ပြည်လုံးတွင် MPT ဖုန်းကဒ်များ စက်တင်ဘာ (၁)ရက်မှ စ၍ လွယ်ကူစွာဝယ်နိုင်မည်

$
0
0
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသည် အများပြည်သူများအား MPT SIM ကဒ်များ ပိုမို လွယ်ကူစွာ ဝယ်ယူ ရရှိနိုင်ရေး အတွက် တန်ဖိုးနည်း SIM ကဒ်များကို နိုင်ငံတစ်ဝန်း ပြည်နယ်နှင့် တိုင်းဒေသကြီးများရှိ လက်လီအရောင်း ဆိုင်များတွင် စက်တင်ဘာလ (၁)ရက်နေ့မှ စတင်၍ ကျယ်ကျယ်ပြန့်ပြန့် ရောင်းချပေးမည်ဖြစ်ကြောင်းနှင့် SIM ကဒ်များကို လစဉ်လတိုင်း ဝယ်ယူရရှိနိုင်ရေးကိုလည်း စီစဉ်ပေးသွားမှာ ဖြစ်ကြောင်း ဆယ်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာနမှ သတင်းဖော်ပြထားချက်အရ သိရသည်။

ထိုသို့ ရောင်းချပေးမည့်မြို့များတွင် ရှမ်းပြည်နယ်အနေဖြင့် တာချီလိတ်မြို့ အပါအ၀င် တောင်ကြီး၊ လားရှိုး၊ ကျိုင်းတုံ၊ မိုင်းဖြတ်၊ မိုင်းတုံ၊ တာချီလိတ်၊ သိန္နီ၊ ကွတ်ခိုင်၊ လောက်ကိုင်၊ မဘိန်း၊ မန်တုံ၊ မိုးမိတ်၊ မိုးညှင်း၊ မူဆယ်၊ နမ့်ခမ်း၊ နောင်ချို၊ ကလော၊ ကွန်ဟိန်း၊ လဲချား၊ လင်းခေး၊ ရပ်စောက်၊ လွိုင်လင်၊ မိုင်းရှူး၊ မိုးနဲ၊ နမ့်စန်၊ ညောင်ရွှေ၊ ဖယ်ခုံ၊ ပင်းတယ၊ ပင်လောင်းနှင့် ရွာငံမြို့တို့ အပါအ၀င်ဖြစ်ကြောင်း သိရသည်။



From: mcit.gov.mm


~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~



~~~~~~~~~ ကြော်ငြာ ~~~~~~~~~


Viewing all articles
Browse latest Browse all 18345

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>