Quantcast
Channel: TNA ❃ Tachileik News Agency ❃ www.tachileik.net
Viewing all articles
Browse latest Browse all 18345

အာခါတိုင်းရင်းသားရေးရာဝန်ကြီးမှ အာခါ၊ လားဟူ နှင့် ရှမ်းတိုင်းရင်းသား စာပေနှင့်ယဉ်ကျေးမှုအဖွဲ့များအား တွေ့ဆုံ

$
0
0
ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ အာခါတိုင်းရင်းသားရေးရာဝန်ကြီး ဦးပီတာသောင်းစိန်သည် မေလ(၁၅)ရက်နေ့ နေ့လည်(၁၃း၀၀)နာရီအချိန်တွင် တာချီလိတ်မြို့ ဇန်းမွန်အာခါဟိုတယ်၌ တာချီလိတ်မြို့နယ်ရှိ အာခါတိုင်းရင်းသား ရပ်မိ-ရပ်ဖ များနှင့် တွေ့ဆုံကာ ဆဌမအကြိမ် လွှတ်တော်အတွေ့အကြုံ ရှင်းလင်းပွဲနှင့် အာခါစာပေ ကျောင်းဝင်းအတွင်း ကျောင်းချိန်ပြင်ပ သင်ကြားနိုင်ရေး(ပထမ) အကြိမ်ညှိနှိုင်း အစည်းအဝေးကို ပြုလုပ်ခဲ့ကြသည်။

အစည်းအဝေး တက်ရောက်လာသူများက မေးမြန်းလိုသည်များကို တစ်ဦးချင်း မေးမြန်းခဲ့ကြပြီး မေးမြန်းမှုများအပေါ် ၀ိုင်းဝန်းဆွေးနွေးခဲ့ကြကာ အာခါတိုင်းရင်းသားရေးရာဝန်ကြီးမှ မေးမြန်းချက်များ နှင့် ဆွေးနွေးချက်များအပေါ် အသေးစိပ် ပြန်လည်ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါညှိနှိုင်းအစည်းအဝေးသို့အာခါတိုင်းရင်းသားရေးရာဝန်ကြီး ဦးပီတာသောင်းစိန် ၊ တာချီလိတ်မြို့ လားဟူတိုင်းရင်းသား စာပေနှင့်ယဉ်ကျေးမှု ဥက္ကဌ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝီလ်ဆင်မိုး၊     ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်တင်မေထွန်း၊ တာချီလိတ်မြို့ အာခါစာပေနှင့်ယဉ်ကျေးမှု ဥက္ကဌ ဦးလော်တာ၊ အတွင်းရေးမှူး ဦးအားလယ်နှင့် ကော်မတီအဖွဲ့ဝင်များ၊ ရှမ်းတိုင်းရင်းသားရေးရာ စာပေနှင့် ယဉ်ကျေးမှုအဖွဲ့မှ ဦးစိုင်းဆွမ်းဝန်း(ခ)ဦးစိုင်းမိုင်၊ လားဟူစာပေနှင့်ယဉ်ကျေးမှု အတွင်းရေးမှူး ဦးရောဘတ်၊ တွဲဖက်အတွင်းရေးမှူး ဦးကျဒေါလော်၊ ပြည်ခိုင်ဖြိုးပါတီမှ ခရိုင်ကော်မတီဝင် ဦးလွန်းသူမှ အခမ်းအနားမှူး၊ လေ့လာသူအဖြစ်ခရိုင်ကော်မတီဝင် ဦးဘိုစံ၊ အခါဈေးပိုင်ရှင် မြို့နယ်ပြည်ခိုင်ဖြိုးပါတီ နာယက ဦးအာဇေး နှင့် အင်အား (၂၄)ဦးတက်ရောက်ခဲ့တာကို တွေ့ရှိရသည်။



အစည်းအဝေးတွင် ဦးလော်တာ၊ ဦးအာမဲ၊ ဦးချစ်ဂျွေ့၊ ဦးချစ်ထူ၊ ဦးအားလယ်၊ ဦးထွန်းအောင်၊ ဦးယာမဲ၊ဦးအာဇေး နှင့် ဒေါ်ခင်ထွေး တို့က သိချင်သည်များကို မေးမြန်းခြင်း၊ မေးမြန်းခြင်းအပေါ် သက်ဆိုင်ရာ အဖွဲ့များက ၀ိုင်းဝန်းဆွေးနွေးခြင်း၊ အာခါတိုင်းရင်းသားရေးရာဝန်ကြီးမှ မေးမြန်းချက်များအပေါ် အသေးစိပ်ရှင်းလင်းခြင်း နှင့် နိဂုံးချုပ်စကားပြောကြားကာ နေ့လည်(၁၅း၄၅)နာရီအချိန်တွင် အောင်မြင်စွာ အစည်းအဝေးရုတ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။
သတင်းပေးပို့သူ။       ။ သာစည်မျိုးသန့်


Viewing all articles
Browse latest Browse all 18345

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>