Quantcast
Channel: TNA ❃ Tachileik News Agency ❃ www.tachileik.net
Viewing all articles
Browse latest Browse all 18345

တပ်မတော် နှင့် ဌာနဆိုင်ရာတို့ တတိယအကြိမ် ဒေသဖွံ့ဖြိုးရေးအဖြစ် မိုင်းဖုန်း(ခ)တွင် ဆောင်ရွက်ရာ မှတ်ပုံတင် ၂၇၅ ခု ပြုလုပ်ပေး

$
0
0
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ နယ်စပ်ဒေသမြို့ဖြစ်သည့် တာချီလိတ်မြို့၊ ရွှေတြိဂံဒေသဖြစ်သော မိုင်းဖုန်း(ခ) ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာ( ၆ )ရွာသို့ စစ်ဗျူဟာအဖွဲ့(အခြေချ)တာချီလိတ် စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးဇော်နိုင်ဦး၊ ခရိုင်လ၀ကမှူး ဒုတိယညွန်ကြားရေးမှူး ဦးကျော်စွာလွင်၊ ခရိုင်ဆရာဝန်ကြီး၊ တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်း နှင့် ခရိုင်အဆင့်၊ မြို့နယ်အဆင့်ရှိ သက်ဆိုင်ရာ ဌာနဆိုင်ရာ(၂၀)ဦးပါဝင်သည့် စုပေါင်းအဖွဲ့မှ ဒေသခံ တိုင်းရင်းသား၊ ရွာသူ၊ ရွာသားများ၏ ကျန်းမာရေး၊ မွေးမြူရေး၊ စိုက်ပျိုးရေး နှင့် မှတ်ပုံတင်/အိမ်ထောင်စုစာရင်း ပြုလုပ်ပေးခြင်း စသည့် ဒေသဖွံ့ဖြိုးရေးလူမှုအကျိုးပြု လုပ်ငန်းများကို ၂၀၁၄ခုနှစ် သြဂုတ်လ(၁၂)ရက်မှ (၁၃)ရက်နေ့အထိ စစ်ကြောင်းကြီး (၅)ကြောင်း အသွင်ဖြင့် စုပေါင်း ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။


 ထိုသို့ ဆောင်ရွက်ရာတွင် စစ်ဗျူဟာအဖွဲ့(အခြေချ)တာချီလိတ် စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးဇော်နိုင်ဦး ဦးဆောင်သည့် တပ်မတော် နယ်လှည့် ဆေးကုသရေးအဖွဲ့မှ ဒေသခံ တိုင်းရင်းသား နှင့် သက်ကြီးရွယ်အိုများ၊ ကလေးသူငယ်များကို ကျန်းမာရေးစစ်ဆေးမှုအဖြစ် အမျိုးသား(၅၀)ဦး၊ အမျိုးသမီး (၁၅၇)ဦး အပါအ၀င် ကလေးသူငယ် (၁၁)ဦး စုစုပေါင်း (၂၁၈)ဦးတို့ကို ဆေးကုသပေးခြင်း နှင့် ဆေးဝါးများထောက်ပံ့ခြင်းများကို ဆောင်ရွက်ခဲ့ကြသည်။



လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဌာနမှ မိုးပွင့်အဆင့်(၆) စီမံချက်လုပ်ငန်း ကွင်းဆင်း ဆောင်ရွက်ခြင်းအဖြစ် ခရိုင်လ၀ကမှူး ဒုတိယညွန်ကြားရေးမှူး ဦးကျော်စွာလွင် နှင့် မြို့နယ်လ၀က ဦးစီးမှူး ဦးသိန်းလွင်တို့ ပါဝင်သည့်အဖွဲ့မှ အဆိုပါ ကျေးရွာ(၆)ရွာမှ ဒေသခံ တိုင်းရင်းသား ရွာသူ၊ ရွာသားများထဲမှ (၁၀)နှစ်ပြည့် မှတ်ပုံတင်ပြုလုပ်ပေးခြင်းအဖြစ် ကျား(၇၆)ဦး နှင့် မ(၁၀၈)ဦး၊ အသက်(၁၈)နှစ်ပြည့်အဖြစ် ကျား(၃၅)ဦး နှင့် မ(၄၆)ဦး စုစုပေါင်း မှတ်ပုံတင် (၂၇၅)ခု နှင့် အိမ်ထောင်စု အသစ်ပြုလုပ်ခြင်းအဖြစ် အိမ်ထောင်စု(၁၇၇)စု နှင့် အိမ်ထောင်စုလဲလှယ်ခြင်းအဖြစ် မိတ္တူ(၅၀)ခု အပါအ၀င် မွေးတိုးစာရင်းအဖြစ် (၂၉၀)ဦးအတွက် (၂)ရက်ပေါင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။



ဆက်လက်၍ မွေးမြူရေးလုပ်ငန်းများနှင့် ပတ်သက်၍ ခရိုင်တိမွေးကု မှ ကျေးရွာအတွင်း လှည့်လှည်ကြည့်ရှုပြီး တိရိစ္ဆာန်များအား ဆေးကုသခြင်းဆိုင်ရာများကိုလည်းကောင်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးနှင့် မူးယစ်ဆေးဝါးသုံးစွဲမှု လျော့နည်းရေး ပညာပေးဟောပြောခဲ့ကြပြီး လူကုန်တား တပ်ဖွဲ့မှလည်း လူကုန်ကူးမှုတားဆီးကာကွယ်ရေး အကြောင်းအရာများကို အသိပညာပေး အဖြစ် ဟောပြောခဲ့ကြသည်။


"အခုလို ရွာအထိ မှတ်ပုံတင်တွေ လာလုပ်ပေးတာ ဘာအခက်အခဲမှ မရှိဘူး၊ ဒီလိုစီမံချက်မဟုတ်ပဲ ပုံမှန်အားဖြင့် ရုံးမှာသွားလုပ်မယ်ဆိုရင် လိုအပ်တဲ့ စာရွက်စာတမ်း အထောက်အထားတွေများတယ်၊ အခုက အထောက်အထား သိပ်မလိုတော့ အားလုံးအတွက် အဆင်ပြေစေတဲ့အတွက် အခုလို လာပြီး ဆောင်ရွက်ပေးကြတဲ့ ပူးပေါင်းအဖွဲ့ကို တိုင်းရင်းသားများ ကိုယ်စား ကျေးဇူးတင်တယ်"ဟု မိုင်းဖုန်း(ခ)ကျေးရွာမှ ရပ်ရွာအကျိုး ကူညီဆောင်ရွက်ပေးသူ ဦးစိုင်းလာ မှ တာချီလိတ်အွန်လိုင်းသို့ ပြောလာသည်။



တာချီလိတ်မြို့နယ် အနီးရှိ ကျေးရွာများသို့ စစ်ကြောင်းကြီး(၅)ကြောင်း အသွင်ဖြင့် တပ်မတော်နှင့် ဌာနဆိုင်ရာတို့ ပူးပေါင်း၍ ဆောင်ရွက်သည့် လုပ်ငန်းစဉ်သည့် ယခုအကြိမ်အပါဆိုလျှင် တတိယအကြိမ်ဖြစ်ပြီး ဒေသခံ တိုင်းရင်းသား၊ပြည်သူလူထုများ၏ လိုအပ်ချက်များကို အမှန်တကယ် ဖြည့်စွမ်းပေးနိုင်မှုများကြောင့် ဒေသခံ ပြည်သူလူထုများမှာ ၀မ်းသာပီတိဖြစ်ပေါ်လျှက်ရှိရာ စစ်ဗျူဟာမှူး ဦးဆောင်မှုဖြင့် မိုင်းဖုန်း(က) ကျေးရွာနှင့် ကျန်ကျေးရွာများသို့လည်း ဒေသဖွံဖြိုးရေးလုပ်ငန်းများ ဆက်လက် ဆောင်ရွက် ပေးသွားရန် စီမံထားရှိကြောင်း သိရှိရသည်။
သတင်း။  ။ ကိုဇောင်း
ပုံများကိုကြည့်ရန်
34 photos
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~


Viewing all articles
Browse latest Browse all 18345

Trending Articles


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


နာမည်ကျော်နေတဲ့ (Eaint Treasure)အိမ့်ရတနာရဲ့ HD Video


တာချီလိတ်မြို့ ဆန်ဆိုင်း(က)ရပ်ကွက်၌ ဘိန်းဖြူ ၃၅ဂရမ် ဖမ်းဆည်းရမိ


ယူကေစစ်သံမှူးအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နာယကဦးတင်ဦးနှင့်တွေ့ဆုံ၊


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


အသက်နှစ်ဆယ်ပြည့်တော့မယ့် ဝါဆိုမိုးဦး ကတော့ မင်္ဂံလာဆောင်တာကို အားကြမိတယ် ဆိုပဲ


မောင်စွမ်းရည် ● ဂျပန်စကားသင် ကျောင်းသား မောင်ဘဂျမ်း


သူ့ ကိုမချစ်ဘူး......


ဗိုက်ပေါက်ရဲ.အနာကို ဘယ်သူဆေးကုပေးမှာလဲ ( ဇော်သက်ထွေး )


မြန်မာနှစ်သစ်-အပြောင်း- သက္ကရာဇ်အကြောင်းသိကောင်းစရာ



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>