Quantcast
Channel: TNA ❃ Tachileik News Agency ❃ www.tachileik.net
Viewing all articles
Browse latest Browse all 18345

ပူနားကို ၀န်းကျင်၌ မူးယစ်ဆေးဝါး ထုတ်လုပ်သည့် ဆက်စပ်ပစ္စည်း အဆက်မပြတ် ရှာဖွေတွေ့ရှိ

$
0
0
ပြီးခဲ့သည့် ၂၀၁၄ခုနှစ် ဇူလိုင်လ(၂၈)ရက်နေ့က ကျပ်သိန်းပေါင်း (၂၂၆၂၄)သိန်း တန်ဖိုးရှိသည့် ဘိန်းဖြူဘလောက်တုံး (၄၀၄)တုံး နှင့် လက်နက်ခဲယမ်းများ ဖမ်းဆီးရမိခြင်း နှင့် စပ်လျဉ်း၍ သတင်းကွင်းဆက်များအရ မိုင်းဆတ်ခရိုင်၊ မိုင်းတွမ်းအုပ်စု၊ ပူနားကိုကျေးရွာအနီးဝန်းကျင်၌ မူးယစ်ဆေးဝါးနှင့် မူးယစ်ဆေးဝါးထုတ်လုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများကို ဆက်တိုက်ရှာဖွေသိမ်းဆည်းရမှုများရှိရာ သြဂုတ်လ(၈)ရက်နေ့ နံနက်(၇)နာရီအချိန်က စိတ်ကြွဆေးပြားထုတ်လုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများကို ထပ်မံ ရှာဖွေသိမ်းဆည်းရမိကြောင်း သတင်းရရှိသည်။



မိုင်းဆတ်ခရိုင်၊ မိုင်းတွမ်းအုပ်စု၊ ပူနားကိုကျေးရွာမှ သယ်ဆောင်လာသော ဘိန်းဖြူဘလောက်တုံးများနှင့် လက်နက်ခဲယမ်းများကို ဇူလိုင်လ(၂၈)ရက်နေ့က ဖမ်းဆီးရရှိမှုဖြစ်စဉ်နှင့် ပတ်သက်၍ သတင်း ကွင်းဆက်များအရ အမှတ်(၅၈၀)ခြေမြန်တပ်ရင်းနှင့် မူးယစ်တပ်ဖွဲ့စု(၂၉)မှ ပူးပေါင်းအဖွဲ့တို့သည် မိုင်းဆတ်မြို့နယ်၊ နားယောင်း-မယ်ကြုတ်လမ်းနှင့် မယ်ကြုတ်-လွယ်မဆုတ် တောင်ကြောအား နယ်မြေရှင်းလင်းစဉ် မူးယစ်ဆေးဝါး ထုတ်လုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများကို ပိုင်ရှင်မဲ့အဖြစ် ရှာဖွေသိမ်းဆည်းရမိကြောင်း သိရသည်။




ထိုသို့ ရှာဖွေသိမ်းဆည်းရမိရာတွင် မြေမြှုပ် သိုဝှက်ထားသော အီသိုင်းအီသာဓါတုဆေးရည်(၂၂)ပုံး၊ အလေးချိန်(၃၀၀.၀၃) လီတာ၊ အက်ဆစ်တစ်အမ်ဟိုက်ဒရိုက် ဓါတုဆေးရည် (၂၂)ပုံး၊ အလေးချိန် (၃၀၀.၀၃)လီတာ၊ သိုင်းအိုနိုင်း ကလိုရိုက်ဓါတုဆေးရည် (၅)ပုံး၊ အလေးချိန်(၉၀.၉၂)လီတာ၊ ဟိုက်ဒရိုကလိုရစ် အက်စ်ဆစ် ဓါတုဆေးရည် (၃)ပုံး၊ အလေးချိန် (၅၄.၅၅) လီတာ၊ မီးဖိုသုံးဂက်စ်အိုးအခွံ ၅၄ လုံး၊ ဒန်ဇလုံ ၇ လုံးနှင့် ဒန်အိုးကြီး ၁ လုံး၊ စတီးဘလောက်တုံး ၂ ခု၊ ဘိန်းဖြူဘလောက်တုံးရိုက်သည့် သံပုံစံခွက် ၁ ခု၊ စတီးပေါင်းအိုး ၃ လုံး၊ ကော်မှုန့် ၅၀ ဂရမ်၊ အရိုးမီးသွေး(၁၅)ကီလို နှင့် စိတ်ကြွဆေးပြားထည့်သည့် အပြာရောင် ပလပ်စတစ် အိတ်ငယ် ၁၀၀ လုံးပါ အထုပ် ၄၅၀ ထုပ် တို့အား ပိုင်ရှင်မဲ့ ရှာဖွေတွေ့ရှိရသဖြင့် မိုင်းတွမ်းနယ်မြေ ရဲစခန်းမှ မယ(ပ)၇/၂၀၁၄၊ မူး/စိတ်ပုဒ်မ ၁၆(ခ)အရ အရေးယူ ဆောင်ရွက်ထားရှိကြောင်း သတင်းရရှိသည်။

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~

~~~~~~~~~ ကြော်ငြာ ~~~~~~~~~


Viewing all articles
Browse latest Browse all 18345

Trending Articles


ဂျူးပင် စိုက်ပျိုးနည်း


သင့် ကိုယ်လုံးတီး ပုံများ အွန်လိုင်းပေါ် မရောက်ရလေအောင်


Bern , Switzerland, ဆွန်ဇာလန် နိုင်ငံ ၊ ဘန်းမြို့ ရဲ့ သာယာ လှပပြီး ရှု မညီးတဲ့...


ရဟန်းနှင့် ဘွဲ့ဒီဂရီ


ရှမ်းကိုးပြည် တွင်ပါဝင်သော မိုးညှင်းပြည် နှင့် မိုးမိတ်ပြည် ကို ဘုရင့်နောင်...


မြန်မာတွေ ကြည့်ရှု အဆင်ပြေမယ့် ဇာတ်ကား ရိုက်ကူးတယ် ဆိုသူ စံရတီမိုးမြင့်


(၁၅) မိနစ် တရားထိုင်နည်း


ဒွေး တိမ်တွေ ငိုတဲ့ခဏ ၊ ဒွေး ၊ နန္ဒာလှိုင် ၊ တင့်တင့်ထွန်း ၊ အောင်လွင် ၊ ဆင်မ


သာကူ⁠ပြင် ⁠ပြုလုပ်နည်း


၆နှစ်ပြည့်ရွှေဝါရောင်တော်လှန်ရေးသို့သမိုင်းအား လိမ်ညှာခဲ့သော...