Quantcast
Channel: TNA ❃ Tachileik News Agency ❃ www.tachileik.net
Viewing all articles
Browse latest Browse all 18345

မိုင်းဖြတ်မြို့၌ လွှတ်တော်ကိုယ်စားလှယ်များရုံးဖွင့်လှစ်

$
0
0

ယနေ့နံနက် (၇း၃၀)နာရီက  မိုင်းဖြတ်ခရိုင် ပြည်ခိုင်ဖြိုးပါတီ လွှတ်တော်ကိုယ်စားလှယ်ရုံးဖွင့်ပွဲကို မိုင်းဖြတ်မြို့ရှိ မိုင်းဖြတ်ခရိုင်ပါတီရုံးမှာ ပြုလုပ်ကျင်းပခဲ့ကြောင်း သတင်းရရှိသည်။
ဖွင့်ပွဲသို့ ပြည်ခိုင်ဖြိုးပါတီ ပြည်နယ်ကော်မတီဝင် ဦးထွန်းရွှေ၊ ဦးကျစိုးဘို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းကျောက်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များဖြစ်ကြသော ဦးစိုင်းညွန့်ဝင်း၊ ဦးမောရှည် မိုင်းဖြတ်ခရိုင်နှင့် မြို့နယ်အုပ်ချုပ်ရေးမှူးများနှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ နိုင်ငံရေးပါတီများမှ ဥက္ကဌနှင့်အတွင်းရေးမှူးများ၊ မိုင်းဖြတ်ခရိုင်ပါတီအတွင်းရေးမှူး ဦးအားကို နှင့် ခရိုင်ကော်မတီဝင်များ၊ တာချီလိတ်မြို့နယ်တာဝန်ခံ မိုင်းဖြတ်ခရိုင် ကော်မတီဝင်များဖြစ်သည့် ဦးစိုင်းမိုင်၊ ဦးဘိုစံ၊ ဦးလွန်းသူ၊ မိုင်းဖြတ်မြို့နယ်အတွင်းရေးမှူး ဦးစိုင်းဝမ်းလှိုင်းတစ်ပ်နှင့် မြို့နယ်ကော်မတီများ၊ တာချီလိတ်မြို့နယ် အတွင်းရေးမှူး ဦးစိုင်းရွှေထွန်း ၊ မိုင်းဖြတ်မြို့နယ် ရပ်ကွက်/ကျေးရွာအုပ်စု စည်းရုံးရေးမှူးနှင့်အဖွဲ့ဝင်များ၊ ဖိတ်ကြားထားသည့် ဧည့်သည်များ အင်အား(၁၅၀)ကျော်တက်ရောက်လာခဲ့ကြသည်။

အဆိုပါ ရုံးဆိုင်းဘုတ်အား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းကျောက် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းညွန့်ဝင်းနှင့် ဦးမောရှည်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းကျောက် မှ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတွင်းမှာရှိတဲ့ မြို့နယ်အသီးသီးမှာ ဒီမိုကရေစီအနှစ်သာရကို ပီပြင်စွာဖော်ဆောင်နိုင်ရေးအတွက် ပြည်သူနဲ့ အစိုးရ
အဖွဲ့အစည်းကြား အလွယ်တကူပေါင်းကူး ဆက်သွယ်နိုင်ရန်နှင့် ပေါင်းစပ်ညှိနှိုင်း လုပ်ဆောင်နိုင်ရန်ရည်ရွယ်ချက်ဖြင့် ဖွင့်လှစ်ခြင်းဖြစ်ကြောင်း ဒီမိုကရေစီဆိုတာ ပြည်သူ့အာဏာလို့ဘဲ အလွယ်တကူမှတ်ယူပြီး ဒီမိုကရေစီနိုင်ငံတိုင်းမှာ ပြည်သူတွေက အုပ်ချုပ်သူဖြစ်သလို အုပ်ချုပ်ခံတွေလည်း ဖြစ်ပါကြောင်း၊ ပြည်သူတွေကိုယ်တိုင် ဥပဒေပြုတွေဖြစ်သလို ဥပဒေကိုလက်ခံလိုက်နာကြရတဲ့သူတွေဖြစ်ကြောင်း၊ ပြည်သူတွေထဲကနေ ဆင်းသက်လာတဲ့ အာဏာနဲ့အုပ်ချုပ်ခြင်းဖြစ်ကြောင်း၊ ရပိုင်ခွင့်နဲ့တာဝန်ဆိုတာလည်း ဒွန်တွဲရှိနေကြောင်း ၊ ဒီမိုကရေစီဆိုတာ ပန်းတိုင်မဟုတ် ကျင့်သုံးလုပ်ဆောင်ရမဲ့စနစ်တစ်ခုသာဖြစ်ပြီး နိုင်ငံတစ်နိုင်ငံ ဒီမိုကရေစီစနစ် ပီပြင်မှု ရှိ/မရှိ၊ အောင်မြင်မှု ရှိ/မရှိ ဆိုတာ အဲ့ဒီနိုင်ငံသားတွေရဲ့ လူ့အခွင့်အရေးတွေနဲ့ ချိန်ထိုးကြည့်နိုင်ကြောင်း၊ စစ်မှန်တဲ့ဒီမိုကရေစီ အနှစ်သာရ ပြည့်ဝသော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကြီးကို တည်ဆောက်နိုင်ရေးအတွက် တိုင်းရင်းသား ပြည်သူတိုင်းမှာ တာဝန်ရှိသလိုဝိုင်းဝန်းကြိုးပမ်းသွားရန် လိုအပ်ကြောင်းကို အကျယ်တ၀င့်ရှင်း
လင်းပြောကြားသွားကြောင်း သိရှိရသည်။
သတင်းပေးပို့သူ။       ။ သာစည်မျိုးသန့်





Viewing all articles
Browse latest Browse all 18345

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>