Quantcast
Channel: TNA ❃ Tachileik News Agency ❃ www.tachileik.net
Viewing all articles
Browse latest Browse all 18345

တာချီလိတ် စည်ပင်မှ နေ့ပိုင်း အမှိုက်လှဲသည့်အတွက် ဖုန်များကြောင့် စားသောက်ဆိုင်နှင့် လမ်းသွားလမ်းလာများ အနှောင့်အယှက်ဖြစ်နေ

$
0
0
တာချီလိတ်မြို့က စည်ပင်ဝန်ထမ်းတွေရဲ့ သန့်ရှင်းရေးကိစ္စနဲ့ပတ်သက်ပြီး အသိပေးစေလိုပါတယ်။ ကျွန်တော် တောင်ကြီးကပါ။ တာချီလိတ်ရောက်တာ သိပ်မကြာသေးပေမယ့် မြင်နေရတာတွေကတော့ ခဏခဏပါပဲ။ လမ်းမှာ အမှိုက်လှဲနေတဲ့ စည်ပင်ဝန်ထမ်းတွေက ပြည်သူတွေကို အလေးမထားတဲ့ အပြုအမှုတွေကို စိတ်မကောင်းစွာတွေ့မြင်နေရပါတယ်။

( နေ့ပိုင်း အမှိုက်လှဲနေပုံ )

မနေနိုင်တဲ့အဆုံး (ဘာမှတော့လုပ်ပိုင်ခွင့်မရှိပါဘူး) သိစေချင်ပြင်စေချင်လို့ပါ။ ကျွန်တော်တို့ တောင်ကြီးမှာဆိုရင် အမှိုက်လှဲတဲ့ ဝန်ထမ်းတွေကို တွေ့ချင်ပါတယ်ဆိုရင်တောင် မနက် စောစော(၄) နာရီ (၅)နာရီလောက် ထကြည့်ရမယ်ဗျ။ ဆိုလိုတာကတော့ဗျာ လူသွားလူလာနည်းတဲ့ အချိန်လေးတွေမှာ တစ်မြို့လုံးက အမှိုက်တွေကို လှဲကြတယ်ဗျ။ ဒီမှာကတော့ ကျွန်တော် အလုပ်သွားတဲ့ အချိန်တိုင်းလိုလိုမှာ တွေ့တယ်ဗျ။ ပုံမှန်အားဖြင့်တော့ နံနက်(၈း၃၀)နာရီလောက်ကြီး အမှိုက်လှဲနေတယ်ဗျာ။

တစ်လမ်းလုံးမြင်မကောင်းအောင် ဖုန်တွေကြီးပဲဗျာ။ ဆိုင်ရှေ့မှာ လှဲတယ်ဆိုရင်လည်း ဆိုင်ဖွင့်ထားလား ဆိုင်အနေအထား ဘယ်လိုရှိလည်းမကြည့်ဘူး လှဲစရာရှိလှဲတော့တာပဲ အဲ့တော့ ဆိုင်ထဲကိုလည်း ဖုန်တွေမြင်မကောင်းဘူး ဝင်နေတာ။ ကျွန်တော်ဆိုလည်း ဒီနေ့ရုံးအသွားလမ်းထိပ်ရောက်တော့ ဝန်ထမ်းတစ်ဦးတွေ့တယ်ဗျ။ လမ်းထိပ်တည့်တည့်မှာ အမှိုက်လှဲနေတာ မဖယ်ပေးဘူးဗျာ ကုန်တက်လေးနဲနဲရှိတော့ ဆိုင်ကယ်ကိုမနည်းထိန်းပြီး သူ့ကိုရှောင်သွားရတယ်။

လူလာနေတာသိသိကြီးနဲ့တည့်တည့်ကြီးလှဲထည့်နေတယ်။ ဒါဟာမဖြစ်သင့်တဲ့ကိစ္စပါ။ လူကြီးတွေပဲ ခိုင်းထားတာလား ဒါမှမဟုတ် မခိုင်းပဲနဲ့ အဲ့အချိန်မှာလုပ်နေတာတွေ တစ်လမ်းလုံးဖုန်ထနေတာတွေကို လူကြီးတွေကပဲမတွေ့လို့မပြောတာလား။ တမင်လုပ်ခိုင်းထားတာလားဆိုတာ စဉ်းစားမရဘူးဗျာ။

သူ့အချိန်နဲ့သူ သန့်ရှင်းရေးလေးလုပ်ပေးရင် တော့ အကောင်းဆုံးပေါ့ဗျာ .... လမ်းတွေနဲ့ မြို့လည်းသန့်ရှင်းသလို ပြည်သူလူထုအတွက်လည်း စိတ်အနှောင့်အယှက်မဖြစ်တော့ဘူးပေါ့ဗျာ ..... အားလုံးအမြင်ကောင်းလေးတွေနဲ့ သန့်ရှင်းပြီး တာဝန်သိတတ်တဲ့ ဝန်ထမ်းလေးတွေဖြစ်နိုင်ကြပါစေဗျာ။

ပေးပို့သူ။   ။ ဝေယံတိုင်း (တောင်ကြီး)

တာချီလိတ်အွန်လိုင်းအနေဖြင့် အများနှင့်သက်ဆိုင်သည့် ပေးပို့ချက်များကို ကြိုဆိုသည့်အပြင် ထင်သာမြင်သာ ပြုပြင်စရာအဖြစ် ဖော်ပြပေးမှာဖြစ်သော်လည်း၊ ပုဂ္ဂိုလ်ရေးဆန်သည့် ပေးပို့လာမှုများကို ဖော်ပြပေးမည် မဟုတ်ပါ။
ပေးပို့ရန်။  ။ tachileik@tachileik.net
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~


~~~~~~~~~ ကြော်ငြာ ~~~~~~~~~


Viewing all articles
Browse latest Browse all 18345

Trending Articles


တာချီလိတ်မြို့မှာ ကျင်းပပြီး နိုင်ငံပေါင်း ၁၉နိုင်ငံက လာရောက်မည့်...


သင့် ကိုယ်လုံးတီး ပုံများ အွန်လိုင်းပေါ် မရောက်ရလေအောင်


Bern , Switzerland, ဆွန်ဇာလန် နိုင်ငံ ၊ ဘန်းမြို့ ရဲ့ သာယာ လှပပြီး ရှု မညီးတဲ့...


ရဟန်းနှင့် ဘွဲ့ဒီဂရီ


ရှမ်းကိုးပြည် တွင်ပါဝင်သော မိုးညှင်းပြည် နှင့် မိုးမိတ်ပြည် ကို ဘုရင့်နောင်...


မြန်မာတွေ ကြည့်ရှု အဆင်ပြေမယ့် ဇာတ်ကား ရိုက်ကူးတယ် ဆိုသူ စံရတီမိုးမြင့်


(၁၅) မိနစ် တရားထိုင်နည်း


ဒွေး တိမ်တွေ ငိုတဲ့ခဏ ၊ ဒွေး ၊ နန္ဒာလှိုင် ၊ တင့်တင့်ထွန်း ၊ အောင်လွင် ၊ ဆင်မ


မတ်ပဲမျိုးများ၏ အရည်အချင်းလက္ခဏာများ


၆နှစ်ပြည့်ရွှေဝါရောင်တော်လှန်ရေးသို့သမိုင်းအား လိမ်ညှာခဲ့သော...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>