Quantcast
Channel: TNA ❃ Tachileik News Agency ❃ www.tachileik.net
Viewing all articles
Browse latest Browse all 18345

ကျပ် ၃၂ သိန်းကျော် တန်ဖိုးရှိ စိတ်ကြွဆေးမှုန့်များအား တာလေမြို့နယ်ခွဲ ကားလမ်းပေါ်တွင် ဖမ်းဆီးရရှိ

$
0
0
ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသ၊ တာချီလိတ်ခရိုင်၊ တာလေမြို့နယ်ခွဲ၊ တောင်သုံးလုံး(လယ်)ကျေးရွာ ကျိုင်းတုံ - တာချီလိတ် ကားလမ်းမပေါ်တွင် ပိတ်ဆို့ စစ်ဆေးရှာဖွေမှုကြောင့် ဇူလိုင်လ(၁၅)ရက်နေ့ ညနေ(၃)နာရီအချိန်ခန့်က တရားခံနှင့်အတူ ကျပ်သိန်းပေါင်း (၃၂.၅)သိန်းခန့် တန်ဖိုးရှိသည့် စိတ်ကြွဆေးမှုန့်များကို ရှာဖွေဖမ်းဆီးရမိကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ စစ်ဗျူဟာ(အခြေချ)တာချီလိတ်မှ ဗိုလ်ကြီးနေလင်းအောင် နှင့်အဖွဲ့၊ မူးယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ်မှ ရဲအုပ်မြင့်နိုင်ဦး နှင့်အဖွဲ့၊ ခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအုပ်သောင်းရွှေနှင့်အဖွဲ့ စသည့် ပူးပေါင်းအဖွဲ့တို့မှ တာလေမြို့နယ်ခွဲ၊ တောင်သုံးလုံး(လယ်)ကျေးရွာ၊ ကျိုင်းတုံ - တာချီလိတ် ကားလမ်းမပေါ်တွင် မူးယစ်ဆေးဝါး သယ်ဆောင်လာမည့် သတင်းကို ရရှိထားသည့်အတွက် ပိတ်ဆို့စစ်ဆေးရှာဖွေမှု့များ ပြုလုပ်နေရာ တာချီလိတ်ဘက်မှ ကျိုင်းတုံဘက်သို့ ဦးတည်လာသည့် မော်တော်ယာဉ်အား ရပ်တန့် စစ်ဆေးရှာဖွေရာ ကားရှေ့ခန်းအတွင်းရှိ ဂီယာအုံဘေး ကာဘာအောက်အတွင်းမှ စိတ်ကြွဆေးပြား ထုတ်လုပ်ရန် အသင့်ရောစပ်ထားသည့် ကျပ်သိန်းပေါင်း (၃၂.၅)သိန်းခန့် တန်ဖိုးရှိသော လိမ္မော်ရောင် စိတ်ကြွဆေးမှုန့် (၁၃၀)ဂရမ်ကို ရှာဖွေတွေ့ရှိရကြောင်း သိရသည်။

ထိုသို့ ရှာဖွေတွေ့ရှိရပြီးနောက် သယ်ဆောင်လာသူ စိုင်းလှ စစ်ဆေးမေးမြန်းရာ ၎င်း၏ ထွက်ဆိုချက်အရ ၎င်းနေထိုင်သော  နေအိမ်သို့ အဆိုပါ ပူးပေါင်းအဖွဲ့မှ သွားရောက် ရှာဖွေရာ စိုင်းလှ အိပ်သည့် အိပ်ခန်းအတွင်းမှ Wy စာတမ်းပါ လိမ္မော်ရောင် စိတ်ကြွဆေးပြား (၂၅)ပြားကိုလည်း ထပ်မံတွေ့ရှိ သိမ်းဆည်းရမိကြောင်း သိရသည်။

ဆက်လက်၍ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိသူအား တာလေမြို့နယ်ခွဲရဲစခန်းမှ မယ(ပ)၁/၂၀၁၄၊ မူး/စိတ်ပုဒ်မ ၁၅/၁၉(က)အရ အမှုဖွင့်အရေးယူ ဆောင်ရွက်ထားရှိကြောင်း သတင်းရရှိသည်။

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~

Viewing all articles
Browse latest Browse all 18345

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>